Hi, what are you looking for?
မြန်မာဖက်ခြမ်း နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဖက်က စိုးရိမ်မှုတွေကို တရားဝင် အသိပေး အကြောင်းကြားထားကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က UN ရုံးရှေ့မှာ မြန်မာလုပ်သားအရေးဆန္ဒပြပွဲကိုလာရောက်နှောက်ယှက်ပြီး အကြမ်းဖက်ထိုးကြိတ်ခဲ့တဲ့ ထိုင်းအမျိုးသားရေးသမားဆိုသူတွေကို ထိုင်းရဲတပ်ဖွဲ့ထံ သွားရောက်အမှုဖွင့်တိုင်ကြားရာ ရဲတပ်ဖွဲ့ကအမှုကို လက်ခံလိုက်တယ်လို့ ကျူးလွန်ခံရသူ Bright Future က ဆူရတ်ဂ်ျဂီရီက လူထုနွေဦးကို ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ လေးကေ့ကော် အပါအဝင် နေရာလေးနေရာ၌ တိုက်ပွဲများဖြစ်ခဲ့သည်ဟု KNU သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။ ကရင်သတင်းဌာန KICက KNU တပ်မဟာ(၆)နယ်မြေ မြ၀တီတောင်ဘက် ဒေါနတောင် အရှေ့ခြမ်းလေးကေ့ကော် – သေ့ဘောဘိုး-ဝေါလေဒေသသို့ စစ်ကောင်စီတပ်များ အင်အားတိုးချဲ့ဝင်ရောက်လာ၍ မတ်လ ၂၄ရက်...
မန္တလေးတိုင်း မြင်းခြံမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး ထောက်တိုင်ဖြစ်သော မြန်မာဘီယာများကို သိုလှောင်ဖြန့်ဖြူးရောင်းချနေသည့် ဂိုဒေါင်တစ်လုံးအား ဗုံးဖြင့်ဖောက်ခွဲ သတိပေးခဲ့ကြောင်း တလုပ် PDFက ထုတ်ပြန်သည်။ စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သော မြန်မာဘီယာအား ဖြန့်ဖြူး ရောင်းချ ခြင်းမပြုရန် သတိပေးတားမြစ်ထားကြောင်း၊ အဆိုပါတားမြစ်ချက် အား လေးစားလိုက်နာမှု မရှိဘဲ...
❖ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းမီးရှို့ဖျက်ဆီးခဲ့သောပြည်သူများ၏နေအိမ်ပေါင်း ခန့်မှန်းခြေ – ၇၇၂၉ အိမ် ❖ မီးရှို့ဖျက်ဆီးခဲ့သော မြို့ ၊ကျေးရွာ တေရာပေါင်း – ၂၁၂ နေရာ ❖ အများဆုံးမီးရှို့ဖျက်ဆီးခံရသောဒေသ စစ်ကိုင်းတိုင်း – ၄၈၆၄ အိမ် ❖ တစ်ပါတ်အတွင်း(မတ် ၁၆-၂၂)မီးရှို့ဖျက်ဆီးခရသောနေအိမ်ပေါင်း...