Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ လေးကေ့ကော်နှင့်အနီးတဝိုက်ရှိ နေရာ​လေးခုတွင် တိုက်ပွဲဖြစ်

ဓာတ်ပုံ - KIC

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ လေးကေ့ကော် အပါအဝင် နေရာလေးနေရာ၌ တိုက်ပွဲများဖြစ်ခဲ့သည်ဟု KNU သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။

ကရင်သတင်းဌာန KICက KNU တပ်မဟာ(၆)နယ်မြေ မြ၀တီတောင်ဘက် ဒေါနတောင် အရှေ့ခြမ်းလေးကေ့ကော် – သေ့ဘောဘိုး-ဝေါလေဒေသသို့ စစ်ကောင်စီတပ်များ အင်အားတိုးချဲ့ဝင်ရောက်လာ၍ မတ်လ ၂၄ရက် နံနက်ပိုင်းအထိ တိုက်ပွဲ​လေးနေရာ ဖြစ်ပွားနေဟု ဖော်ပြခဲ့သည့်အပေါ် KNU ဗဟိုမှ သတင်းရင်းမြစ်က အတည်ပြုခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ရာဒေသများမှာ လေးကေ့ကော် ရသေ့ဂူ၊ ဗျူးပွိုင့် ပြတိုက်ကုန်း၊ ဝေါလေ ကဆောဝါးလေးတောင် သုံးထပ်ကွေ့၊ပဒူအုံစသည့် နေရာလေးနေရာ၌ ယနေ့နံနက်အထိ ပစ်ခတ်မှုများ ဆက်ဖြစ်နေသည်ဟု KICက စစ်ရေးသတင်းရင်းမြစ်ကို ကိုးကားဖော်ပြထားသည်။
“လေးကေ့ကော် အခြေအနေက ဒီနံနက် တိုက်ပွဲလေးကြိမ်လောက်ဖြစ်သွားပြီ။ အထိအခိုက်တော့ မကြားသေးဘူး။ ရှိတော့ရှိမယ် ဒါပေမဲ့ အတိအကျတော့ မသိသေးဘူး။ သူတို့ဘက်က တက်လာတော့ ဒီဘက်က ပြန်တိုက်တာပေါ့။ သူတို့ ကား ၁၀စီးလောက် အင်အား ထပ်တိုးလာတယ် ဖလူးဘက်ကိုပေါ့”ဟု ၎င်း ကဆိုသည်။

Public Service Announcement

စစ်ကောင်စီတပ်များ တက်လာပါက ပြောကျားနည်းဖြင့် ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု KNU သတင်းရင်းမြစ်က ဆိုသည်။

Public Service Announcement

Public Service Announcement

“ရှောင်လိုက်၊ တက်လိုက် ဟိုဘက်က ဝိုင်းသွားပစ်လိုက် နောက်ကနေ ပစ်လိုက် လုပ်မှာပဲ”ဟု ၎င်းက ဆိုသည်။

KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်တွင်လည်း တိုက်ပွဲများ ကြိုကြားကြိုကြား ဆက်ဖြစ်နေသည်ဟု ဆိုသည်။

လေးကေ့ကော်နှင့် ကော့ကရိတ်ဒေသများကို စစ်ကောင်စီတပ်က အင်အားသုံးထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့၍ ဒေသခံများ သောင်းနှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်။ထိုအခြေအနေတွင် ဒေသတွင်းရှိ စစ်ကောင် စီတပ်များ ပြန်လည်ရုတ်သိမ်းရန် KNU တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင်က စစ်ကောင်စီကို အသိပေးအကြောင်းကြားထားသကဲ့သို့ ကော့ကရိတ်ဒေသရှိ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ အမြန်ထွက်ခွာရန်နှင့် တာဝန်မှ နှုတ်ထွက်ကြရန်လည်း ကြေညာထားသည်။
ဓာတ်ပုံ – KIC

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။