Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ လေးကေ့ကော်နှင့်အနီးတဝိုက်ရှိ နေရာ​လေးခုတွင် တိုက်ပွဲဖြစ်

ဓာတ်ပုံ - KIC

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ လေးကေ့ကော် အပါအဝင် နေရာလေးနေရာ၌ တိုက်ပွဲများဖြစ်ခဲ့သည်ဟု KNU သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။

ကရင်သတင်းဌာန KICက KNU တပ်မဟာ(၆)နယ်မြေ မြ၀တီတောင်ဘက် ဒေါနတောင် အရှေ့ခြမ်းလေးကေ့ကော် – သေ့ဘောဘိုး-ဝေါလေဒေသသို့ စစ်ကောင်စီတပ်များ အင်အားတိုးချဲ့ဝင်ရောက်လာ၍ မတ်လ ၂၄ရက် နံနက်ပိုင်းအထိ တိုက်ပွဲ​လေးနေရာ ဖြစ်ပွားနေဟု ဖော်ပြခဲ့သည့်အပေါ် KNU ဗဟိုမှ သတင်းရင်းမြစ်က အတည်ပြုခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ရာဒေသများမှာ လေးကေ့ကော် ရသေ့ဂူ၊ ဗျူးပွိုင့် ပြတိုက်ကုန်း၊ ဝေါလေ ကဆောဝါးလေးတောင် သုံးထပ်ကွေ့၊ပဒူအုံစသည့် နေရာလေးနေရာ၌ ယနေ့နံနက်အထိ ပစ်ခတ်မှုများ ဆက်ဖြစ်နေသည်ဟု KICက စစ်ရေးသတင်းရင်းမြစ်ကို ကိုးကားဖော်ပြထားသည်။
“လေးကေ့ကော် အခြေအနေက ဒီနံနက် တိုက်ပွဲလေးကြိမ်လောက်ဖြစ်သွားပြီ။ အထိအခိုက်တော့ မကြားသေးဘူး။ ရှိတော့ရှိမယ် ဒါပေမဲ့ အတိအကျတော့ မသိသေးဘူး။ သူတို့ဘက်က တက်လာတော့ ဒီဘက်က ပြန်တိုက်တာပေါ့။ သူတို့ ကား ၁၀စီးလောက် အင်အား ထပ်တိုးလာတယ် ဖလူးဘက်ကိုပေါ့”ဟု ၎င်း ကဆိုသည်။

Public Service Announcement

စစ်ကောင်စီတပ်များ တက်လာပါက ပြောကျားနည်းဖြင့် ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု KNU သတင်းရင်းမြစ်က ဆိုသည်။

Public Service Announcement

Public Service Announcement

“ရှောင်လိုက်၊ တက်လိုက် ဟိုဘက်က ဝိုင်းသွားပစ်လိုက် နောက်ကနေ ပစ်လိုက် လုပ်မှာပဲ”ဟု ၎င်းက ဆိုသည်။

KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်တွင်လည်း တိုက်ပွဲများ ကြိုကြားကြိုကြား ဆက်ဖြစ်နေသည်ဟု ဆိုသည်။

လေးကေ့ကော်နှင့် ကော့ကရိတ်ဒေသများကို စစ်ကောင်စီတပ်က အင်အားသုံးထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့၍ ဒေသခံများ သောင်းနှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်။ထိုအခြေအနေတွင် ဒေသတွင်းရှိ စစ်ကောင် စီတပ်များ ပြန်လည်ရုတ်သိမ်းရန် KNU တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင်က စစ်ကောင်စီကို အသိပေးအကြောင်းကြားထားသကဲ့သို့ ကော့ကရိတ်ဒေသရှိ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ အမြန်ထွက်ခွာရန်နှင့် တာဝန်မှ နှုတ်ထွက်ကြရန်လည်း ကြေညာထားသည်။
ဓာတ်ပုံ – KIC

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။