Connect with us

Hi, what are you looking for?

News

တပ်အပြောင်းအရွှေ့၊ ကင်းနေရာ၊ ရုံးဌာနပေါင်းစုံ၏ တည်နေရာ၊ စစ်ကောင်စီလက်ပါးစေများ၏ အမည်၊ လိပ်စာနှင့် Facebook အကောင့်များစသည့် သတင်းများပေးပို့ကြရန် မန္တလေး PDF တိုက်တွန်း

ရရှိလာသော သတင်းအချက်အလက်များကို ကိုယ်ကျိုးအတွက် အသုံးမချဘဲ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း ကတိပြုထားပြီး သတင်းအချက်အလက်များ ပေးပို့မည်ဆိုပါက telegram link ဖြစ်သည့် @Summerrevmdy သို့ ပေးပို့နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

နွေဦးတော်လှန်ရေးအမြန်အောင်မြင်နိုင်ရေးအတွက်မန္တလေးမြို့တွင်း၊ မြို့ပြင်ရှိ စစ်ကောင်စီအဖွဲ့ဝင်များ၊ စစ်ကောင်စီ ထောက်တိုင်များနှင့် ပတ်သက်သည့် သတင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များမှ အလိုရှိနေ၍ သတင်းအချက်အလက်များ ပေးပို့ကြရန် မန္တလေး PDFက ပြည်သူများအား တိုက်တွန်းလိုက်သည်။

ပေးပို့နိုင်သည့် သတင်းအမျိုးအစားများကိုလည်း ဖော်ပြခဲ့ရာ စစ်ကောင်စီ၏ တပ်အရွှေ့အပြောင်း လမ်းကြောင်းများ (ကားဘယ်နှစ်စီး၊ လူအင်အား၊ ဦးတည်ဘက်၊ထွက်ခွာရာ(သို့) မြင်တွေ့ရာနေရာ၊အချိန်) ၊ တပ်စခန်းအထိုင်ချကင်းနေရာများ(အင်အား၊ လက်နက်၊ တည် နေရာ)တို့ပါဝင်သည်။
ထို့ပြင် ပြည်ထောင်စုအဆင့်၊ တိုင်းအဆင့် ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ရုံးများ ဌာနပေါင်းစုံ(ရုံးအမည်၊ တည်နေရာလိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်(သိလျှင်) နှင့် ပြည်ထောင်စုအဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာပေါင်းစုံ ဦးစီးမှူးများ၊ ညွှန်ချူပ်များ၊ ညွှန်မှူးများ၏ အမည်၊ ရာထူး၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ FB Account Link (သိလျှင်) ပေးပို့ပေးရန် အကူအညီတောင်းခံထားသည်။

စစ်ကောင်စီ ထိပ်ပိုင်းတပ်အရာရှိများ (ဗိုလ်ကြီးအဆင့်နှင့် အထက်) (ကြည်း၊ရေ၊လေ၊ လက်ရုံးတပ်အားလုံး) ၏ အမည်၊ ရာထူး၊ ကိုယ်ပိုင်နံပါတ်၊ မိခင်တပ်ရင်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ fb account link (သိလျှင်)၊ စစ်ကောင်စီ ရဲအရာရှိများ (နယ်ထိန်းအဆင့်နှင့် အထက် အားလုံး) ၏ အမည် ရာထူး၊ ကိုယ်ပိုင်နံပါတ်၊ လက်ရှိတာဝန်ကျဌာန၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ fb account link (သိလျှင်) စသည့် သတင်းအချက်အလက်များ ပေးပို့ ကြရန်လည်း မန္တလေး PDFက ထုတ်ပြန်သည်။

Public Service Announcement

ထို့ပြင် စစ်ကောင်စီ ထောက်တိုင် စီးပွားရေးလုပ်ငန်းရှင်များ၏ အမည်၊ လုပ်ငန်းအမည်၊ ပိုင်ဆိုင်လုပ်ကိုင်နေသော လုပ်ငန်းအမျိုးအစားစာရင်း၊ ယင်းလုပ်ငန်းများ၏တည်နေရာ၊ လူပုဂ္ဂိုလ်တည်နေရာ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊ fb account link နှင့် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၏ အမည်၊ သက်ဆိုင်ရာတိုင်း၊ခရိုင်၊မြို့နယ်၊ရပ်ကျေးအဆင့်ရာထူး၊ နေရပ်လိပ်စာ၊ ရုံးတည်နေရာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ fb account link စသည့် အချက်အလက်များကိုလည်း ပေးပို့နိုင်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

နန်းတွင်းအပါအဝင် မြို့တွင်း၊ မြို့ပြင် ပတ်ပတ်လည်ရှိ တပ်တွင်းသတင်းများ၊ အပြောင်းအရွှေ့သတင်းများ၊မြို့တွင်း၊ မြို့ပြင် တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်များ၊ ဒုပါမောက္ခချုပ်များ၊ မော်ကွန်းထိန်းများ၊ ပါမောက္ခဌာနမှူးများ၏ အမည်၊ ရာထူး၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ fb account link၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် စည်ပင်သာယာရေးနှင့် အရာရှိများ၊ ဝန်ထမ်းများ၏ အမည်၊ ရာထူး၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ fb account link ၊ စစ်ကောင်စီ တပ်ဖွဲ့များ အရပ်ဝတ်နှင့် အသုံးပြုနေသော ကားများ၊ ဆိုင်ကယ်များ၏ အမျိုးအစား၊ နံပါတ်၊ အရောင် နှင့် သက်ဆိုင်ရာဌာန (ရဲ၊ တပ်၊ စရဖ၊ SB) တို့နှင့် ပတ်သက်ပြီးလည်း သတင်းအချက် အလက်များ ပေးပို့ရန် တိုက်တွန်းထားသည်။

ထို့အပြင် စစ်ကြောရေး တာဝန်ယူထားသူများ၊ SB များ၊ စရဖများ၏ အမည်၊ နေရပ်လိပ်စာ၊ လက်ရှိတာဝန်၊ စစ်ကြောရေးနေရာ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊ fb account and other social media account link မ်ား၊ မိသားစုအဆက်အနွယ်များ၊ ယင်းတို့၏ နေရပ်လိပ်စာ၊ အလုပ်အကိုင်များ fb account link များ တို့နှင့်ပတ်သက်သည့် အချက်အလက်များကို အချိန်မရွေးပေးပို့နိုင်ကြောင်းနှင့် ပေးပို့သူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို လျို့ဝှက်ထားမည်ဖြစ်ကြောင်း မန္တလေး PDFက ထုတ်ပြန်သည်။

ရရှိလာသော သတင်းအချက်အလက်များကို ကိုယ်ကျိုးအတွက် အသုံးမချဘဲ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း ကတိပြုထားပြီး သတင်းအချက်အလက်များ ပေးပို့မည်ဆိုပါက telegram link ဖြစ်သည့် @Summerrevmdy သို့ ပေးပို့နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရပ်ကွက်တွေမှာ စစ်မှုထမ်းအတွက် လူသစ်စုဆောင်းရာမှာ မိသားစုဝင်တွေကိုပါ ကိုယ်စား မဲနှိုက်ခိုင်းတာတွေ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက ပြုလုပ်စေတယ်လို့ ရပ်ကွက်နေပြည်သူအချို့ထံကသိရပါတယ်။

သတင်း

PJပတ်စပို့စ်ကိုင်ဆောင်သူများ ပြည်ပထွက်ခွင့် ပိတ်၊ ၅ရက်ကြို ခွင့်ပြုချက်တင်ရမည်ဟု ဆို

သတင်း

နေ့စဉ်နဲ့အမျှ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီက ရန်ကုန်မြို့မှာ သင်္ကြန်ပွဲတော်အတွက် စတင်ပြင်ဆင်နေပါပြီ။

Facebook