Connect with us

Hi, what are you looking for?

News

ကရင်နီဒေသ တစ်ပတ်အတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ခုနစ်ဦးထက်မနည်းသေ

မိုးဗြဲမြို့အနီး ဝါရီဆူးဖလိုင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KNDFတို့ မတ်လ ၁၈ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်ဟု ဆိုသည်။

▪️စစ်ကောင်စီက တာဝေးပစ်အမြောက်များ၊ ဒုံးများဖြင့်တိုက်ခိုက်နေပြီး အင်အားဖြည့်တင်းနေဟု KNDF ထုတ်ပြန်

ကရင်နီဒေသတွင် မတ်လတတိယပတ်အတွင်း ဒေသခံ ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ခုနစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သတင်းထုတ်ပြန်သည်။

တစ်ပတ်အတွင်း တိုက်ပွဲသတင်းများကို KNDFက ထုတ်ပြန်ရာ ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော်၊ ရှမ်း -ကယားနယ်စပ် မိုးဗြဲဒေသတို့၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ဖရူဆိုမြို့နယ် အခြေစိုက် ခမရ(၅၃၁)တပ်ကို မတ်လ ၁၇ရက်တွင် ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ တစ်ဦးသေဆုံးခဲ့ပြီး မတ်လ ၁၈ရက်တွင် ဖရူဆိုမြို့မရဲစခန်းနှင့် ခမရ (၅၃၁)တပ်အား ပြောက်ကျားတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ​လေးဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

မိုးဗြဲမြို့အနီး ဝါရီဆူးဖလိုင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KNDFတို့ မတ်လ ၁၈ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်ဟု ဆိုသည်။

မတ်လ ၁၉ရက် နံနက်တွင်လည်း လွိုင်ကော်မြို့နယ်၊ ကယန်းသာယာလမ်းခွဲအနီးရှိ စစ်ဆေးရေးဂိတ်အနီးတွင် ကရင်နီတပ်မတော်(KA)၊ KNDFနှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် လွိုင်ကော်မြို့နယ် လွယ်တမူ ကျေးရွာအနီး အဝေးပြးလမ်းတွင်လည်း မတ်လ ၂၁ရက် ညနေပိုင်းက KA/KNDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မတ်လ ၂၂ရက် ညပိုင်းတွင် ဒီးမော့ဆို နန်းမယ်ခုံမြို့အနီး နန့်စံခန်းရွာ၌ စစ်ကောင်စီတပ်ကို KNDFက ပြောက်ကျား တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲသည် ၁နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုထိခိုက်မှုများရှိခဲ့ကြောင်း ဖော်ပြထား သည်။

စစ်ကောင်စီတပ်၏ တပ်မ(၆၆)စစ်ကြောင်းသည် ဒီးမော့ဆိုမြို့နယ် နောင်ပုလဲနှင့် ဆိုဘာသဲကျေးရွာများသို့ရောက်ရှိနေပြီး တာဝေးပစ်အမြောက်များ၊ ဒုံးများဖြင့် တိုက်ခိုက်မှုများအပြင် တပ်အင်အား ဖြည့်တင်းလျက်ရှိကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။