Connect with us

Hi, what are you looking for?

News

မင်းကင်းနယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်ကို ခုခံရင်း ပြည်သူ့ရဲ​ဘော်တစ်ဦး ကျဆုံးခဲ့ရ

စစ်အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ဆန့်ကျင်တော်လှန်ရင်း နောင်အနာဂတ် မျိုးဆက်သစ် လူငယ်များအတွက် မြင့်မြတ်စွာအသက်ပေး တိုက်ပွဲဝင်သွားသော ရဲဘော်နိုင်လင်းအား အလေးနီပြုပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်ရင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ လူငယ်ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်။

မတ်လ ၁၅ရက် နံနက်ပိုင်းက မင်းကင်းမြို့နယ် တောင်ပိုင်း ကူလဲရွာအနီး၌ ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲတွင် ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂) (KPDF2)၊ တပ်ရင်း (၂)၊ တပ်ခွဲ(၃)မှ တပ်စုမှူးနိုင်လင်းသည် နိုင်ငံတော်အတွက် အသက်ပေးလှူ၍ မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း၊ မြင့်မြတ်စွာကျဆုံးသွားသော ရဲဘော်နိုင်လင်းအား ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၂) အနေဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် အာဇာနည်ရဲဘော်၏ ဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ခြေမှုန်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရန်အတွက် ကျန်ရှိနေသေးသောတာဝန်များကို ကျန်ရစ်သူ ကျွန်ုပ်တို့ရဲဘော်များက ဆက်လက်ထမ်းဆောင် တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်း ဝန်ခံကတိပြုပါသည်ဟု ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)က အသိပေးသည်။

“အဲတုန်းက စစ်ကောင်စီဘက်က ငါးယောက်လောက်ကျလိုက်တယ်”ဟု ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) တာဝန်ရှိသူက ပြောသည်။

စစ်အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ဆန့်ကျင်တော်လှန်ရင်း နောင်အနာဂတ် မျိုးဆက်သစ် လူငယ်များအတွက် မြင့်မြတ်စွာအသက်ပေး တိုက်ပွဲဝင်သွားသော ရဲဘော်နိုင်လင်းအား အလေးနီပြုပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။