Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းကင်းနယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်ကို ခုခံရင်း ပြည်သူ့ရဲ​ဘော်တစ်ဦး ကျဆုံးခဲ့ရ

စစ်အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ဆန့်ကျင်တော်လှန်ရင်း နောင်အနာဂတ် မျိုးဆက်သစ် လူငယ်များအတွက် မြင့်မြတ်စွာအသက်ပေး တိုက်ပွဲဝင်သွားသော ရဲဘော်နိုင်လင်းအား အလေးနီပြုပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်ရင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ လူငယ်ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်။

မတ်လ ၁၅ရက် နံနက်ပိုင်းက မင်းကင်းမြို့နယ် တောင်ပိုင်း ကူလဲရွာအနီး၌ ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲတွင် ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂) (KPDF2)၊ တပ်ရင်း (၂)၊ တပ်ခွဲ(၃)မှ တပ်စုမှူးနိုင်လင်းသည် နိုင်ငံတော်အတွက် အသက်ပေးလှူ၍ မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း၊ မြင့်မြတ်စွာကျဆုံးသွားသော ရဲဘော်နိုင်လင်းအား ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၂) အနေဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် အာဇာနည်ရဲဘော်၏ ဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ခြေမှုန်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရန်အတွက် ကျန်ရှိနေသေးသောတာဝန်များကို ကျန်ရစ်သူ ကျွန်ုပ်တို့ရဲဘော်များက ဆက်လက်ထမ်းဆောင် တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်း ဝန်ခံကတိပြုပါသည်ဟု ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)က အသိပေးသည်။

“အဲတုန်းက စစ်ကောင်စီဘက်က ငါးယောက်လောက်ကျလိုက်တယ်”ဟု ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) တာဝန်ရှိသူက ပြောသည်။

စစ်အာဏာရှင်စနစ်ကို ရဲရဲဝံ့ဝံ့ဆန့်ကျင်တော်လှန်ရင်း နောင်အနာဂတ် မျိုးဆက်သစ် လူငယ်များအတွက် မြင့်မြတ်စွာအသက်ပေး တိုက်ပွဲဝင်သွားသော ရဲဘော်နိုင်လင်းအား အလေးနီပြုပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။