Connect with us

Hi, what are you looking for?

News

“တောင်တန်း မြေပြန့် အတူချီတက် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”ဆိုသည့် ကလေးမြို့သပိတ်

ဓာတ်ပုံ - ကလေးမြို့ ပင်မသပိတ် အင်အားစု

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ယနေ့ (မတ်လ ၂၄) နေ့လည်ပိုင်း၌ ကျောင်းသား၊ ပြည်သူများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် “တောင်တန်း မြေပြန့် အတူချီတက် ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်” ဆိုသည့် ခေါင်းစည်းစာတန်းနှင့်အတူ “ပြည်သူတွေ အားတင်း ထားပါ နိုင်ရာဝန်ထမ်း ကူပါ ပွင့်ပွင့်လင်းလင်း မကူရဲရင် တိတ်တိတ် ကူပါ” ၊ “ငါတို့ နိုင်မှာ တနိုင်လုံး အားတင်းထား”စသည့် စာသားများကို ကိုင်ဆောင်၍ ဆန္ဒပြ သပိတ်မှောက်ခဲ့သည်။

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် အကြမ်းဖက် စစ်အာဏာရှင်ကို နေ့စဥ်မပြတ် ဆန့်ကျင်ဆန္ဒပြလျက် ရှိပြီး ယနေ့ ရက်ပေါင်း (၄၁၀)မြောက်အဖြစ် ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကျေးရွာတစ်ရွာမှာ ​သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ ဒီကနေ့ (အောက်တိုဘာ ၁၀) ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကွန်ပြူတာဆိုင်ဖွင့်ထားတဲ့ နေအိမ် မီးလောင်ပြီး ဝန်ထမ်းမိန်းကလေး ၃ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။