Connect with us

Hi, what are you looking for?

News

“တောင်တန်း မြေပြန့် အတူချီတက် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်”ဆိုသည့် ကလေးမြို့သပိတ်

ဓာတ်ပုံ - ကလေးမြို့ ပင်မသပိတ် အင်အားစု

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ယနေ့ (မတ်လ ၂၄) နေ့လည်ပိုင်း၌ ကျောင်းသား၊ ပြည်သူများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် “တောင်တန်း မြေပြန့် အတူချီတက် ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်” ဆိုသည့် ခေါင်းစည်းစာတန်းနှင့်အတူ “ပြည်သူတွေ အားတင်း ထားပါ နိုင်ရာဝန်ထမ်း ကူပါ ပွင့်ပွင့်လင်းလင်း မကူရဲရင် တိတ်တိတ် ကူပါ” ၊ “ငါတို့ နိုင်မှာ တနိုင်လုံး အားတင်းထား”စသည့် စာသားများကို ကိုင်ဆောင်၍ ဆန္ဒပြ သပိတ်မှောက်ခဲ့သည်။

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် အကြမ်းဖက် စစ်အာဏာရှင်ကို နေ့စဥ်မပြတ် ဆန့်ကျင်ဆန္ဒပြလျက် ရှိပြီး ယနေ့ ရက်ပေါင်း (၄၁၀)မြောက်အဖြစ် ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်၊ ရွှေဘိုနဲ့ အရာတော်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "စစ်အာဏာရှင်အလိုမရှိကြောင်းနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီသာအလိုရှိကြောင်း" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၃၁) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူ​တွေအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ တော်လှန်ရုပ်ရှင်ပြသတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၈)မှာ ပြုလုပ်ခဲ့ပါတယ်။