Connect with us

Hi, what are you looking for?

News

ကသာတွင် သင်္ဘောလုံခြုံရေး စစ်ကြောင်းကို မြို့လှPDFက ယနေ့ဒုတိယ အကြိမ်တိုက်ခိုက်

မြို့လှ PDFသည် မတ်လ ၂၂ရက်နှင့် ၂၃ရက်ကလည်း စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံး ထိခိုက်ရှိခဲ့သည်။

စစ်ကောင်စီတပ်မှ လေးဦးထက်မနည်း ထပ်မံသေဆုံးဟုဆို


စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း၌ ခြေလျှင်စစ်ကြောင်းထိုးလားသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို ယနေ့ နေ့လယ်ပိုင်း၌ ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်လေးဦးထက်မနည်း ထပ်မံ သေဆုံးခဲ့သည်ဟု မြို့လှပြည်သူ့ကာကွယ်ရေးတပ် (PDF)က သတင်း ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၄ရက်)နံနက်က ကသာမြို့နယ် မိုးတားလေးရွာမှထွက်လာသည့် အင်အား ၄၅ဦးပါ စစ်ကောင်စီတပ်ကို မြို့လှ PDFက မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရ သူများရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယနေ့ နေ့လယ်ပိုင်း ၁၂နာရီ ၄၀မိနစ်ခန့်တွင်လည်း အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်သည် သင်္ဘောလုံခြုံရေးရယူရန် မြေနုကျွန်းမှ အောက်ဖက် သံပုရာကုန်းရွာသို့ ခြေလျှင်စစ်ကြောင်း ထိုးလာရာ မြေနုကျွန်းနှင့် သံပုရာကုန်းရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြို့လှ PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဒေသကာကွယ်ရေးတပ်သည် အဆိုပါ စစ်ကြောင်းအား မိုင်း ၄လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ သော်လည်း ဒေသကာကွယ်ရေးတပ်များ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည် ထွက်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြို့လှ PDFသည် မတ်လ ၂၂ရက်နှင့် ၂၃ရက်ကလည်း စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံး ထိခိုက်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။