Connect with us

Hi, what are you looking for?

LuduNwayOo

News

ကသာတွင် သင်္ဘောလုံခြုံရေး စစ်ကြောင်းကို မြို့လှPDFက ယနေ့ဒုတိယ အကြိမ်တိုက်ခိုက်

မြို့လှ PDFသည် မတ်လ ၂၂ရက်နှင့် ၂၃ရက်ကလည်း စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံး ထိခိုက်ရှိခဲ့သည်။

စစ်ကောင်စီတပ်မှ လေးဦးထက်မနည်း ထပ်မံသေဆုံးဟုဆို


စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း၌ ခြေလျှင်စစ်ကြောင်းထိုးလားသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို ယနေ့ နေ့လယ်ပိုင်း၌ ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်လေးဦးထက်မနည်း ထပ်မံ သေဆုံးခဲ့သည်ဟု မြို့လှပြည်သူ့ကာကွယ်ရေးတပ် (PDF)က သတင်း ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၄ရက်)နံနက်က ကသာမြို့နယ် မိုးတားလေးရွာမှထွက်လာသည့် အင်အား ၄၅ဦးပါ စစ်ကောင်စီတပ်ကို မြို့လှ PDFက မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရ သူများရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယနေ့ နေ့လယ်ပိုင်း ၁၂နာရီ ၄၀မိနစ်ခန့်တွင်လည်း အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်သည် သင်္ဘောလုံခြုံရေးရယူရန် မြေနုကျွန်းမှ အောက်ဖက် သံပုရာကုန်းရွာသို့ ခြေလျှင်စစ်ကြောင်း ထိုးလာရာ မြေနုကျွန်းနှင့် သံပုရာကုန်းရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြို့လှ PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဒေသကာကွယ်ရေးတပ်သည် အဆိုပါ စစ်ကြောင်းအား မိုင်း ၄လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ သော်လည်း ဒေသကာကွယ်ရေးတပ်များ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည် ထွက်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြို့လှ PDFသည် မတ်လ ၂၂ရက်နှင့် ၂၃ရက်ကလည်း စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံး ထိခိုက်ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။