Connect with us

Hi, what are you looking for?

News

ကျောက်ပန်း​တောင်းမြို့​နေ ပြည်သူများ စစ်​ကောင်စီတပ်ရှိသည့်​နေရာများသို့ သွားလာခြင်းမပြုရန် ​ပေါက် PDF သတိ​ပေး

ပေါက် PDFသည် မတ်လ ၁ ရက် ညကလည်း ကျောက်ပန်းတောင်းမြို့ရှိ လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးကို သတိပေးသည့်အ​နေဖြင့် ဗုံးခွဲခဲ့သေးသည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ရှိ ပြည်သူများအ​နေဖြင့် အကြမ်းဖက်စစ်ကောင်စီတ​ပ်ရှိသည့်နေရာများသို့ သွားလာနေထိုင်ခြင်းမပြုရန် ပေါက် PDF အဖွဲ့က သတိပေးသည်။

ကျောက်ပန်းတောင်းမြို့နေ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ယာဥ်များ၊ စစ်ကောင်စီနှင့် ပတ်သက်နေသော ရုံးအဆောက်အဦးနေရာများ အနီးတွင် သွားလာနေထိုင်ခြင်းမပြုရန် အထူးအလေးအနက်ထားကာ သတိပေးလိုက်ကြောင်း ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် (၂)တပ်ရင်းက မတ်လ ၂၃ ရက်တွင် သတိပေးကြေညာသည်။

Public Service Announcement

အထက်ပါ သတိပေးချက်ကို လိုက်နာခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်နေသော နေရာများသို့ သွားလာနေထိုင်ပါက ဖြစ်ပေါ်လာသော အကျိုး ဆက်များကို တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် (၂)တပ်ရင်းက အသိပေးသည်။

ပေါက် PDFသည် မတ်လ ၁ ရက် ညကလည်း ကျောက်ပန်းတောင်းမြို့ရှိ လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးကို သတိပေးသည့်အ​နေဖြင့် ဗုံးခွဲခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ