Connect with us

Hi, what are you looking for?

News

မြင်းခြံမြို့တွင် မြန်မာဘီယာများကို ဖြန့်ဖြူးရောင်းချနေသည့် ဂိုဒေါင်တစ်လုံး အား တလုပ် PDF ဖောက်ခွဲသတိပေး

မန္တလေးတိုင်း မြင်းခြံမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး ထောက်တိုင်ဖြစ်သော မြန်မာဘီယာများကို သိုလှောင်ဖြန့်ဖြူးရောင်းချနေသည့် ဂိုဒေါင်တစ်လုံးအား ဗုံးဖြင့်ဖောက်ခွဲ သတိပေးခဲ့ကြောင်း တလုပ် PDFက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ စီးပွားရေးထော​က်တိုင်ဖြစ်သော မြန်မာဘီယာအား ဖြန့်ဖြူး ရောင်းချ ခြင်းမပြုရန် သတိပေးတားမြစ်ထားကြောင်း၊ အဆိုပါတားမြစ်ချက် အား လေးစားလိုက်နာမှု မရှိဘဲ မြန်မာဘီယာအမြောက်အများသိုလှောင်ထား ရှိရာ မြင်းခြံမြို့ အမှတ်(၈)ရပ်ကွက်ရှိ မွှေးမွှေးဂိုဒေါင်အား ဗုံးတစ်လုံးဖြင့် ဖောက်ခွဲ၍ နောက်ဆုံးအကြိမ်သတိပေးခဲ့ကြောင်း၊ ၎င်းဆိုင်နှင့်တကွ မြန်မာဘီယာအား ဆက်လက်ဖြန့်ဖြူးရောင်းချနေသောဆိုင်များအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တလုပ်PDFက သတိပေးသည်။

Public Service Announcement

“မနေ့က မတ်လ ၂၃ ရက် ည၈ နာရီလောက်ကပါ။ မွှေးမွှေးက ဂိုဒေါင်တွေ အများကြီးရှိပါတယ်။သို့ပေမဲ့ လူထိခိုက်မှု့မရှိစေဖို့ ရည်ရွယ်ပြီး ဂိုဒေါင်အား ဖောက်ခွဲခြင်းဖြစ်ပါတယ်”ဟု တလုပ် PDF တာဝန်ရှိသူက ပြောသည်။

ပြည်သူများအနေဖြင့်လည်း စကစနှင့်ပတ်သက်သော ကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲခြင်း မပြုရန် မေတ္တာရပ်ခံကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- တလုပ် (PDF-Taloke)က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ