Connect with us

Hi, what are you looking for?

News

မြန်မာဘီယာသိုလှောင်တဲ့ မြင်းခြံက ဂိုဒေါင်ကို ဗုံးပစ်သတိပေး

အရပ်သားအစိုးရ ကိုဖြုတ်ချတဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ စစ်တပ်ထုတ်ကုန်တွေကို အားမပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြတာပါ။

ရွာငံမြို့နယ်အတွင်းမြန်မာဘီယာတွေကိုဖျက်ဆီးခဲ့စဉ် (ပုံဟောင်း)

စစ်တပ်ထုတ်ကုန် မြန်မာဘီယာတွေကို သိုလှောင်ထားတဲ့ မြင်းခြံမြို့က ဂိုဒေါင်မှာ ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

အဲဒီဂိုဒေါင်ဟာ မြင်းခြံမြို့ အမှတ် ၈ ရပ်ကွက်မှာ တည်ရှိတာဖြစ်ပြီး. စစ်တပ်ထုတ်ကုန်ကို မသိုလှောင် ဖို့ သတိပေးတဲ့အနေနဲ့ PDF တလုပ်က ဗုံးပစ်ခဲ့တာလို့ သိရပါတယ်။

ဂိုဒေါင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပေမယ့် ပျက်စီးထိခိုက်မှု ကိုတော့ မသိရပါဘူး ။

အရပ်သားအစိုးရ ကိုဖြုတ်ချတဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ စစ်တပ်ထုတ်ကုန်တွေကို အားမပေးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြတာပါ။

Public Service Announcement

Public Service Announcement

ဒါကြောင့် ဘီယာဈေးကွက်မှာ နံပါတ်တစ်နေရာက နေရာရထားတဲ့ မြန်မာဘီယာဟာ ရောင်းအားထိုးကျသွားခဲ့တာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။