News အမြန်လမ်းတွင် ယာဥ်တစ်စီးတိမ်းမှောက်ပြီး မီးလောင်၍ လူနှစ်ဦးသေ အခင်းဖြစ်သည့်နေရာသည့် ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022
News ပုလဲမြို့နယ်ရဲစခန်းနှင့် ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးတပ်များ ဝင်တိုက် "အများက PDFက မီးရှို့တယ်လို့ထင်ကြတယ်။ အမှန်ကဟိုဘက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့အိမ်ကို မီးလောင်သွားတာပါ။ရဲစခန်းကိုသွားပစ်တဲ့အဖွဲ့ကတော့ လက်နက်ကြီးနဲ့သုံးချက်ပစ်ခဲ့တယ်" ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022
News စစ်ကောင်စီနှင့်ပျူများလှုပ်ရှားနေသည့် ရွာကို ကနီအခြေစိုက်တပ်ပေါင်းစုများက ဒရုန်းဖြင့် ဗုံးကြဲ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအများအပြားလှုပ်ရှားနေသည့် ရေလည်ကျွန်းကျေးရွာကို ယနေ့(ဖေဖော်ဝါရီ ၆ရက်) နံနက် ၁၀နာရီခွဲတွင် ဒရုန်းဖြင့်သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု Kani People's Defense Force - KLG PDFက သတင်းထုတ်ပြန်သည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022
News ဖားကန့်၊ မနော့မှော်နှင့် ကပ်မှော်တိုက်ပွဲစစ်ကောင်စီတပ် တပ်ရင်းမှူးအပါအဝင် ၂၀၀ ခန့်သေ "ကြာကြာမနေရဲဘူးဗျ သူတို့ရှုံးမဲမဲပြီးလေယာဉ်နဲ့လာရမ်းပစ်တာ။ကျနော်တို့လည်းကလေးတွေဆွဲပြီးပြေးရတာပဲ လေယဉ်ကလျောက်ရမ်းနေတာလေဗျာ။ ရွာထဲတောင်မနေရဲဘူးအခုပစ်သံတွေပြန်ကြားရပြန်ပြီ ။ ညက လေကြောင်းကအသစ်လာချသွားတာဖြစ်မယ် ။ဘယ် ..အရင်ရှိတာတွေကမတိုက်နိုင်တော့ဘူး "ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022
News ထီရိရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ်မှ ၇ဦးသေဟု KNDF ဖယ်ခုံဇုန်ထုတ်ပြန် စစ်ကောင်စီမှ ၇ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း၊ KNDFမှ ရဲဘော် တစ်ဦး ဒဏ်ရာရပြီး တပ်ဆုတ်ခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022
News နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်သော စီမံကိန်းများကို ရပ်ဆိုင်းထားကြောင်း MAPCO ထုတ်ပြန် စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပရင်းနှီးမြုပ်နှံမှုများဝင်ရောက်မှု မရှိသလောက်နည်းပါးဖြစ်နေပြီး ပြည်ပကုမ္ပဏီများ ပြန်လည်ထွက်ခွာနေကြသည်။ထိုအချိန်တွင် MAPCO ကနိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်သောစီမံကိန်းများ ရပ်ဆိုင်းထားသည်ဟုကြေညာခြင်းဖြစ်သည် LuduNwayOoဖေဖော်ဝါရီ 6, 2022
News စီးပွားရေးပညာရှင်ရှောင်တာနဲလ်ကို ချက်ချင်းပြန်လွှတ်ပေးရန် သြစတြေးလျ ထပ်မံတောင်းဆို မစ္စတာရှောင်တာနဲလ်ကို မြန်မာစစ်တပ်က ဖမ်းဆီးထားသည်မှာ ယနေ့ တစ်နှစ်ပြည့်မြောက်ပြီး ၎င်းကို ဖမ်းဆီးထားခြင်းက တရားမျှတမှုမရှိဘဲ ၎င်းအပေါ် စွပ်စွဲထားမှုများအပေါ် သြစတြေးလျအစိုးရက လက်မခံကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022
News စစ်ကိုင်းတွင် မြင်းမူဘက်မှလာသော စစ်ဘေးရှောင်ပြည်သူ ၂၄၀ ခန့်ရှိ၊ အကူအညီများလိုအပ်နေ စစ်ဘေးရှောင်ပြည်သူများတွင် အမျိုးသား ၁၀၀ ဦးနှင့် အမျိုးသမီး ၁၃၆ ဦးရှိပြီး စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများပေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022
News ရှေ့တန်းမှစစ်သားများ အားတက်စေရန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြနေဟု KNU တပ်မဟာ(၅) တပ်မဟာမှူး သုံးသပ် KNUတပ်မဟ(၅)၏ မူတြော်(ဖာပွန်)ခရိုင် အတွင်းသို့ ဖေဖော်ဝါရီ ၅ရက် နံနက်အစောပိုင်းက စစ်ကောင်စီတပ်က လေယာဉ် နှစ်စီးဖြင့် ဗုံးလာကြဲ၍ အသက် ၆၀ခန့်ရှိသည့် ဇနီးမောင်နှံ နှစ်ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022
News ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တိုက်ပွဲဝင်ရာတွင်KIO/KIAနှင့်အတူလက်တွဲ အစွမ်းကုန်တော်လှန်တိုက်ခိုက်မည်ဟု CNF ပြော ဖေဖော်ဝါရီ ၅ရက်တွင်ကျရောက်သည့် ကချင်တော်လှန်ရေးနေ့တွင်ကချင်တော်လှန်ရေး ခေါင်းဆောင်များ၊ တော်လှန်ရေးရဲဘော်ရဲမေများအား ဂုဏ်ယူလေးစားကြောင်းနှင့် တော်လှန်ရေးတိုက်ပွဲ၌ ကျဆုံးခဲ့သူများကိုဦးညွှတ်ဂါရ၀ ပြုကြောင်း ဖော်ပြထားသည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022