Connect with us

Hi, what are you looking for?

News

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသသည့် အမျိုးသမီးများကို အောက်မေ့ဂုဏ်ပြုကြောင်း အမေရိကန်သံရုံးထုတ်ပြန်

မြန်မာနိုင်ငံအတွင်း အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီစနစ်အတွက် မဆုတ်မနစ်ကြိုးပမ်းအားထုတ်လျက်ရှိသော ရဲဝံ့သည့်အမျိုးသမီးများအားလုံးကို ချီးကျူးဂုဏ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

(ယ​နေ့ နံနက်က စစ်အာဏာရှင်ဆန့်ကျင်​ရေးအဖြစ် ရန်ကုန် အမျိုးသမီးသပိတ်စစ်​ကြောင်းမှ ချီတက်ဆန္ဒပြ​နေစဥ်၊ ဓာတ်ပုံ - GSCB)

ယနေ့(မတ်လ ၈ ရက်)ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မမြသွဲ့သွဲ့ခိုင်၊ မအိန်ဂျယ်ကြယ်စင်၊ မခင်မျိုးချစ် အပါအဝင် လွန်ခဲ့သည့်တစ်နှစ်အတွင်း ကြွေလွင့်ခဲ့ရသည့် အမျိုးသမီးများနှင့် မိန်းကလေးများအားလုံးကို အောက်မေ့ဂုဏ်ပြုကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သည်။

မမြသွဲ့သွဲ့ခိုင်၊ မအိန်ဂျယ်ကြယ်စင်၊ မခင်မျိုးချစ်အပါအဝင် အမျိုးသမီး ၁၂၀ ကျော်သည် အကြမ်းဖက်စစ်တပ်၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီစနစ်အတွက် မဆုတ်မနစ်ကြိုးပမ်းအားထုတ်လျက်ရှိသော ရဲဝံ့သည့်အမျိုးသမီးများအားလုံးကို ချီးကျူးဂုဏ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း (AAPP)ကောက်ခံရရှိသည့် စာရင်းအရ မတ်လ ၇ ရက်အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်တပ်ကြောင့် ၁,၆၂၀ ကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းအနက် အနည်းဆုံးအမျိုးသမီး ၁၂၂ ဦး၊ လူငယ် ၇၂၄ ဦး၊ ကလေးသူငယ် ၁၁၀ ဦးပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို