Connect with us

Hi, what are you looking for?

News

ပဲခူးရိုးမ​ပေါ် စစ်​ကြောင်းထိုးလာ​သော စစ်ကောင်စီတပ်ကို ​ချေမှုန်းမည်ဖြစ်၍ မတ်လ၈ရက်စ၍ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ​တောင်ငူခရိုင် PDF သတိ​ပေး

ပြည်သူများအနေဖြင့် ရိုးမအပေါ် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် နှင့်ရိုးမအပေါ် ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်၊ဖောကားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် သတ်မှတ်မည်ဟုလည်း သတိပေးသည်။

ပြည်သူများအ​နေဖြင့် ပဲခူးရိုးမပေါ်သို့ မတ်လ ၈ရက်ကစ၍ ဖြတ်သန်းသွာလာခြင်းမပြုရန် တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်၏ ဘုရင့်​နောင်တပ်ရင်း၊ တပ်ရင်းအမှတ်(၃၅၀၁)က ယ​နေ့ ထုတ်ပြန်သည်။

ပဲခူးရိုးမ ရကိုင်းချောင်းရိုးတစ်လျှောက် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မတ်လ ၄ ရက်က လက်ဦးတိုက်ခိုက်မှုရယူပြီးနောက် စစ်ကောင်စီတပ်များပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

သို့သော် အကြမ်းဖက်စစ်တပ်မှ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းကာ ရိုးမတောင်ခြေများတွင် တပ်စွဲ၍ အရပ်ဝတ်ဖြင့် ဆိုင်ကယ်၊ဖောကားများသုံးကာ PDF သတင်းများ ရယူနေသည်ကို သိရှိရသည်ဟု တောင်ငူခရိုင်ပြည်သူ့ကာကွယ် ရေးတပ်က ပြောသည်။

ထို့ကြောင့် မတ်လ ၈ ရက်မှစ၍ ပဲခူးရိုးမပေါ် အသွင်ယူလှည့်လည်၍ သတင်းလိုက်ယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မှ ချေမှုန်းမည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့် ရိုးမအပေါ် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် နှင့်ရိုးမအပေါ် ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်၊ဖောကားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ် သတ်မှတ်မည်ဟုလည်း သတိပေးသည်။

မိုင်းဆွဲ၊ပစ်ခတ်တိုက်ခိုက်ခြင်းများ ကြောင့် နောက်ဆက် တွဲ ဖြစ်ပေါ်လာမည့် နစ်နာမှုများကို တာဝန်ယူမည်မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မတ်လ ၄ ရက် နေ့လယ်၁၂ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်၏ စစ်သားအင်အား ၈၀ခန့်ကို တောင်ငူခရိုင် PDF၊ တပ်ရင်းအမှတ် (၃၅၀၁)မှ ကမ်းပါးယံပေါ်မှ အသင့်နေရာယူ၍ ရှေ့ထွက်မိုင်း ​လေးလုံးဖောက်ခွဲပြီး အပေါ်စီးမှ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည် ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာ၌ပင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook