သတင်း စလင်းမှာ စစ်ရှောင်တွေနေတဲ့ ဘုရားကျောင်းဝင်း စစ်တပ် ဗုံးကြဲလို့ ကလေးငယ်အပါအဝင် ၂ဦးသေဆုံး၊ မိခင်အသက်အန္တရာယ် စိုးရိမ်ရ မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။ LuduNwayOoဇန်နဝါရီ 23, 2026
သတင်း ရွှေဈေး ကျပ်သိန်း ၁၀၀အထက် ဆက်တက်နေ ကမ္ဘာ့ရွှေ တရှိန်ထိုးတက်နေပြီး ပြည်တွင်း ရွှေစျေးလည်း တစ်ကျပ်သား ကျပ်သိန်း ၁၀၀ အထက်ဆက်တက်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ LuduNwayOoဇန်နဝါရီ 23, 2026
သတင်း ဗန်းမော်မှာ နာရေးအိမ်ကို စစ်တပ်ဗုံးကြဲပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး အများအပြားဒဏ်ရာရ ဗန်းမော်မြို့ရဲ့ဧရာဝတီမြစ်တစ်ဘက်ကမ်းမှာ ဒေသခံပြည်သူတွေက နာရေးအခမ်းအနားတစ်ခုအတွက် ဆုတောင်းပွဲလုပ်နေစဉ် အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူ ၂၀ဦးမနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ LuduNwayOoဇန်နဝါရီ 23, 2026
သတင်း စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း စစ်ကိုင်းနဲ့ ကရင်ပြည်နယ်က ပြည်သူတွေ ဆန္ဒပြ စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြတဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၂) မှာ ပြုလုပ်ခဲ့ပါတယ်။ LuduNwayOoဇန်နဝါရီ 23, 2026
သတင်း ရေစကြိုမြို့မှာစစ်တပ်ကကုန်စုံဆိုင်မှဘိလပ်မြေအိတ် ၄၀၀ ကိုယူသွားပြီး ဆိုင်ကိုချိတ်ပိတ် မကွေးတိုင်း၊ရေစကြိုမြို့ပေါ်ကကုန်စုံဆိုင်တစ်ဆိုင်ကို အာဏာသိမ်းစစ်တပ်က ဗိုလ်မှူးကဦးဆောင်ပြီးဘိလပ်မြေအိတ်၄၀၀ကိုသိမ်းကာ ဆိုင်ကိုချိတ်ပိတ်သွားကြောင်းရေစကြိုသတင်းအချက် အလက် ကော်မတီက ပြောပါတယ်။ LuduNwayOoဇန်နဝါရီ 23, 2026
သတင်း ကလေးမြို့ကလာတဲ့ အင်အား ၂၀၀ကျော်ပါ စစ်တပ်စစ်ကြောင်း ဖလမ်းမြို့နယ်ကို အားဖြည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မော်တော်ယာဉ် တန်းနဲ့ လာတဲ့ စစ်ကောင်စီတပ် တွေဟာ ကလေး-တီးတိန်လမ်းပိုင်း သိုင်းငင်းကတဆင့် ဖလမ်းမြို့နယ်ကို ဝင်ရောက်လာကြောင်း ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၂ရက်ညမှာ အတည်ပြုပါတယ်။ LuduNwayOoဇန်နဝါရီ 23, 2026
သတင်း အောင်လံမှာ အလှူမဏ္ဍပ်ကို စစ်ကောင်စီ ဗုံးကြဲ၊ လသားအရွယ်ကလေးငယ်အပါအဝင် သုံးဦးသေဆုံး မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အလှူမဏ္ဍပ် လုပ်ထားတဲ့နေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားလို့ လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ သုံးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ဒဏ်ရာရ သွားပါတယ်။ LuduNwayOoဇန်နဝါရီ 23, 2026
သတင်း မြင်းခြံနယ်မှာ စစ်ကြောင်းထိုးလို့ ကျေးရွာ ၁၁ ရွာက ပြည်သူတွေ အရေးပေါ် တိမ်းရှောင် မန္တလေးတိုင်း ၊မြင်းခြံမြို့နယ် ၊ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ကျေးရွာ ၁၁ ရွာကပြည်သူတစ်သောင်းနီးပါးအရေးပေါ်တိမ်းရှောင်နေရပါတယ်။ LuduNwayOoဇန်နဝါရီ 23, 2026
သတင်း စစ်တပ်ရွေးကောက်ပွဲက ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်၊ အာဏာတည်မြဲရေးကြိုးပမ်းမှုသာဖြစ်လို့ဆန့်ကျင်ဖို့ KNU မြို့နယ်ဥက္ကဋ္ဌတွေ တိုက်တွန်း အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိဖို့ နဲ့ စစ်အာဏာရှင်တွေ အာဏာဆက်လက်တည်မြဲရေး ကြိုးပမ်းမှု သာဖြစ်လို့ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြို့နယ် ဥက္ကဋ္ဌတွေက ပြည်သူလူထုတွေကို တိုက်တွန်းတဲ့ ပြောကြားချက်ကို KNUဗဟိုက ထုတ်ပြန်ခဲ့ပါတယ်။ LuduNwayOoဇန်နဝါရီ 23, 2026
သတင်း PDFတွေသိမ်းထားတဲ့သစ်ဖုလတောင်ကို စစ်တပ်ကစစ်ကြောင်းထိုးပြီး တိုက်ပွဲတွေပြင်းထန် ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းထားတဲ့ ကောလင်းမြို့နယ်က သစ်ဖုလတောင်ကို စစ်တပ်ကစစ်ကြောင်းသုံးကြောင်းနဲ့ ထိုးဖို့ ကြိုးစားနေပြီး တိုက် ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။ LuduNwayOoဇန်နဝါရီ 23, 2026