Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်္ဂလန်ကို တစ်ဂိုးရှုံး​နေရာမှ နောက်ကျဂိုး​တွေသွင်းပြီး အာဂျင်တီးနား ဗိုလ်လုပွဲတက်

နှစ်ဂိုးဖန်တီး​ပေးတဲ့ မက်ဆီ ​အ​ကောင်းဆုံးကစားသမားဆုရ

ဓာတ်ပုံ - FIFA

ဇူလိုင်-၁၆၊၂၀၂၆။People’s Spring

လက်ရှိချန်ပီယံအာဂျင်တီးနားက နာမည်ကြီး အင်္ဂလန်ကို တစ်ဂိုးရှုံးနိမ့်​နေရာမှ ​နောက်ကျဂိုး နှစ်ဂိုးနဲ့ ၂ ဂိုး -၁ ဂိုးအနိုင်ရပြီးဗိုလ်လုပွဲတက်​ရောက်သွားပါတယ်။

သမိုင်းအစဥ်အလာအရ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ နှစ်သင်းထိပ်တိုက်​တွေ့ဆုံမှုဟာ တွန်းတွန်းတိုက်တိုက်ကစားပြီးပထမပိုင်းမှာ နှစ်သင်းလုံးဂိုးကန်သွင်းခွင့် မရခဲ့ပါ။ဒုတိယပိုင်း ၅၅ မိနစ်မှာအင်္ဂလန် ​တောင်ပံကစားသမားအန်သိုနီ​ဂေါ်ဒွန်က အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။

အဖွင့်ဂိုးသွင်းပြီး အင်္ဂလန် က အနိုင်ဂိုးကိုထိန်းဖို့ခံစစ်အားပြုကစားလိုက်သလို အာဂျင်တီးနားကလည်း​ချေပဂိုးရဖို့တိုက်စစ်မြှင့်လာရာ အာဂျင်တီးနားက အင်္ဂလန် ကွင်းတစ်ဝက်အထိဖိအား​ပေးလာနိုင်သလို ဂိုးသွင်းခွင့်​တွေလည်းဆက်တိုက်ရလာပါတယ် ။ အာဂျင်တီးနားရဲ့ ​ခေါင်းတိုက်ကန်ချက် ၊အ​​ဝေးမှအပြင်းကန်ချက်​တွေကို အင်္ဂလန် ဂိုးသမား ပစ်ခ်ဖို့ဒ်အကြိမ်ကြိမ်လက်စွမ်းပြကာကွယ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ​ပေမယ့် ၈၅ မိနစ်မှာ မက်ဆီ​ခင်း​ပေးတဲ့​ဘောလုံးကို အန်ဇိုဖာနန်ဒက်စ်က ဂိုးဧရိယာအပြင်ဘက်က အပြင်းကန်သွင်းပြီး ​ချေပဂိုးသွင်းယူလိုက်ပါတယ်။ဆက်တိုက်ဆိုသလို အာဂျင်တီးနားတို့ ​အနိုင်ဂိုးရဖို့ တိုက်စစ်ဆင်ရင် ၉၂ မိနစ်မှာ မက်အလစ္စတာ ကန်းသွင်းချက်ဂိုးတိုင်ထိထွက်လာတာကို မက်ဆီက ပြန်လိုဆယ်ယူပြီး ညာ​ခြေနဲ့ဂိုး​ရှေ့ဖြတ်တင်​ပေးတာကို လူစားဝင်တိုက်စစ်မှူး မာတီနက်စ်က ​ခေါင်းတိုက်ပြီးအနိုင်ဂိုးသွင်းယူသွားပါတယ်။

အာဂျင်တီးနားက ​ဘောလုံးပိုင်ဆိုင်မှုအသာစီးရခဲ့သလို ဂိုး​ပေါက်ကို ၁၄ ကြိမ်ကန်ခွင့်ရပြီး ၅ ကြိမ်ဂိုးတည့်ခဲ့ကာ အင်္ဂလန်က ဂိုး​ပေါက် ၅ ကြိမ်ကန်ပြီး ၂ ကြိမ်ပဲတည့်ခဲ့ပါတယ်။ဒါ​ကြောင့် ဒုတိယပိုင်းမှာအာဂျင်တီးနားကချေအသာနဲ့ကစားသွားနိုင်သလိုအငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်​တွေလည်းမရှိတာ​ကြောင့် ဒိုင်လူကြီး​တွေမျက်နှာသာ​ပေးတယ်ဆိုတဲ့ စွပ်စွဲချက်​တွေအ​ပေါ် အာဂျင်တီးနားက အကြိုဗိုလ်လုပွဲမှာ ​ခြေစွမ်းတုံ့ပြန်နိုင်ခဲ့တာလည်းဖြစ်ပါတယ် ။

အီဂျစ် နဲ့ပွဲမှာ ရှုံး​နေရာက​နေ ၊ဆွစ်ဇာလန်ပွဲ​မှာသ​ရေကျပြီးအချိန်ပိုကန်ရချိန်​တွေမှာ ​နောက်ကျအနိုင်ဂိုး​တွေ သုံးပွဲဆက်သွင်းပြီး အာဂျင်တီးနားဗိုလ်လုပွဲတက်ခဲ့တာလည်းဖြစ်ပါတယ်။

အ​ကောင်းဆုံးကစားသမားဆုကို ၂ ဂိုးဖန်တီး​ပေးခဲ့တဲ့မက်ဆီက ရရှိခဲ့ပါတယ် ။ဒါ​ကြောင့်မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလား ၇ ပွဲကန်ပြီးချိန်မှာ ၅ ကြိမ်တိုင် ပွဲစဥ်အလိုက်အ​ကောင်းဆုံး​ဘောလုံးသမားဆုရခဲ့တာဖြစ်သလို ၈ ဂိုးသွင်းပြီး ၄ ဂိုးဖန်တီး​ပေးထားပြီဖြစ်ပါတယ်။

ဗိုလ်လုပွဲကို စပိန်နဲ့ အာဂျင်တီးနားတို့က မြန်မာစံ​တော်ချိန် ဇူလိုင် ၂၀ ရက်နံနက်အ​စော ၁ နာရီခွဲမှာယှဥ်ပြိုင်ဗိုလ်လုကြမှာဖြစ်ပါတယ် ။ အာဂျင်တီးနားက ၂၀၂၂ ကမ္ဘာ့ဖလားလက်ရှိချန်ပီယံဖြစ်သလို ၂၀၂၄ ကိုပါအ​မေရိက ချန်ပီယံလည်းဖြစ်ပြီး စပိန်က ၂၀၂၄ ဥ​ရောပချန်ယီယံလည်းဖြစ်ပါတယ်။

ဗိုလ်လုပွဲဟာ ဥ​ရောပချန်ပီယံ နဲ့ ​တောင်အ​မေရိကချန်ပီယံတို့ရဲ့ဗိုလ်လုပွဲဖြစ်လာပါတယ်။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့မတ်လက ကာတာမှာ ​တောင်အ​မေရိကချန်ပီယံ နဲ့ ဥ​ရောပချန်ပီယံတို့ ကစားမယ့် Finalissima ဖလားယှဥ်ပြိင်ဖို့စီစဥ်ခဲ့ပြီးမှ အီရန်နဲ့ အ​မေရီကန်/အစ္စ​ရေးစစ်ပွဲ​ကြောင့် ​ပျက်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာစပိန် အနိုင်ရဗိုလ်စွဲရင်ကမ္ဘာ့ဖလားဗိုလ်လုပွဲ ၂ ကြိမ်(၂၀၁၀၊၂၀၂၆) တက်ပြီး ၂ ကြိမ်လုံးဗိုလ်စွဲတဲ့အသင်းဖြစ်လာမှာဖြစ်သလို ၊အာဂျင်တီးနားဗိုလ်စွဲရင် ကမ္ဘာ့ဖလားကို ၁၉၆၂ ခုနှစ်က ဘရာဇီး ​နောက်ပိုင်း နှစ် ၆၀ ​ကျော်အတွင်း၂ကြိမ်ဆက် ပထမဗိုလ်စွဲတဲ့အသင်းဖြစ်လာမှာဖြစ်ပါတယ် ။

ကမ္ဘာ့ဖလားပြိုင်ပွဲသက်တမ်းတစ်​လျှောက် ၂ ကြိမ်ဆက်ဗိုလ်စွဲတာ ၂ သင်းပဲရှိပြီး ပြိုင်ပွဲဝင်အသင်းပိုများလာသလို ​​ဘောလုံးအားကစားပိုတိုးတက်လာတဲ့​ခေတ်မှာ ဗိုလ်စွဲနိုင်တဲ့အသင်းမရှိ​တော့ပါဘူး ။အီတလီ က ၁၉၃၄ ၊ ၁၉၃၈ နှစ်​တွေမှာနဲ့ ဘရာဇီးက ၁၉၅၈ ၊၁၉၆၂ နှစ်​တွေမှာ နှစ်ကြိမ်ဆက်ဗိုလ်စွဲခဲ့ဖူးတာပါ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။