Connect with us

Hi, what are you looking for?

သတင်း

ဗန်း​မော်မှာ နာ​ရေးအိမ်ကို စစ်တပ်ဗုံးကြဲပြည်သူ ၂၀ ဦးထက်မနည်း​သေဆုံး အများအပြားဒဏ်ရာရ

ဗန်းမော်မြို့ရဲ့ဧရာဝတီမြစ်တစ်ဘက်ကမ်းမှာ ဒေသခံပြည်သူတွေက နာရေးအခမ်းအနားတစ်ခုအတွက် ဆု‌တောင်းပွဲလုပ်နေစဉ် အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူ ၂၀ဦး​မနည်း​ သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

(ဗုံးကြဲခံရပြီး​နောက် ​သေဆုံးသူတဦး၏အ​လောင်းကို လူတစ်ဦးကကြည့်ရှုစဥ်နဲ့ ဗုံးကြဲခံပြီး​နောက်မြင်ကွင်း ။ ။ဓါတ်ပုံ-​ဒေသခံ)

ဇန်နဝါရီ-၂၂၊၂၀၂၅။အိမ်သွင်/People’s Spring

ဗန်းမော်မြို့ရဲ့ဧရာဝတီမြစ်တစ်ဘက်ကမ်းမှာ ဒေသခံပြည်သူတွေက နာရေးအခမ်းအနားတစ်ခုအတွက် ဆု‌တောင်းပွဲလုပ်နေစဉ် အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူ ၂၀ဦး​မနည်း​ သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ကောင်ဂျာရွာအုပ်စု၊ ထီးလင်းကျောင်းရှေ့မှာ ဇန်နဝါရီ ၂၂ ရက်ညနေပိုင်းပြုလုပ်နေတဲ့ဆုတောင်းပွဲကို ညနေ ၄နာရီ ၃၀မိနစ်ခန့်မှာ စစ်တပ်ကဗုံးကြဲသွားတာလို့ ကချင်သတင်းရင်းမြစ်​တွေကပြောပါတယ်။

“ဗန်းမော်နယ်ကိုဒီနေ့၄ကြိမ် ဗုံးကြဲတာပါ။ထီလင်းကျောင်းရှေ့မှာက ဒေသခံတွေ ဆုတောင်းပေးလုပ်နေတာ။အဲဒီနေရာကိုကြဲသွားတာ။ ရုပ်အလောင်း တချို့တစ်စစီပဲ။ သေဆုံးတာ ၂၀ထက် မနည်းပါဘူး။ စိစစ်နေဆဲပါပဲ”လို့ ၎င်းကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင်ဒဏ်ရာရသူအရေအတွက်လည်းများပြားပြီး အရေးပေါ်ဆေးကုသမှုတွေပြုလုပ်နေတယ်လို့ဒေသခံအချို့​ပြောပါတယ်။

ဗန်းမော်မြို့ပေါ်မှာတိုက်ပွဲပြင်းထန်နေ​ပေမယ့် စစ်ကောင်စီဗုံးကြဲတဲ့ကောင်ဂျာကျေးရွာအုပ်စုမှာ တိုက်ပွဲလုံးဝရှိမနေဘူးလို့ ဆိုပါတယ်။ ​ကျေးရွာမှာ​ဒေသခံ​တွေအပြင် စစ်​ဘေး​ရှောင်ပြည်သူ​တွေလာ​ရောက်ခိုလှုံ​နေကြတာလည်းရှိတယ်လို့သိရပါတယ်။

ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ အသေးစိတ် မသိရသေးဘဲ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံလည်း ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီ ဗုံးကြဲတဲ့နေရာဟာဒေသခံတစ်ဦးကွယ်လွန်လို့ မနက်ဖြန်မှာ ပြုလုပ်မယ့်နာရေးအတွက် အိမ်နီးချင်းဒေသခံတွေက ဆုတောင်းပွဲပြုလုပ်နေတာလို့ သတင်းရရှိပါတယ်။

ဗုံးကြဲခံရပြီး ​နောက်မြင်ကွင်းကို ပြည်သူအချို့ကို ဖုန်းကင်မရာနဲ့ ဗီဒီယိုရိုက်ပြီး လူမှုကွန်ယက်မှာမျှ​ဝေထားတာမှာ ပြည်သူအများအပြား​သွေးသံရဲရဲ​သေဆုံး​နေတာကို မြင်​တွေ့ရပါတယ်။တချို့ရုပ်အ​လောင်း​တွေက ရုပ်ပျက်ဆင်းပျက်ဖြစ်​နေပါတယ်။

“ဘယ်လိုလုပ်ရမတုန်း ၊ဘယ်လိုလုပ်ရမတုန်း ဘာမှမရှိတဲ့ ပြည်သူလူထု​ရှေ့မှာ။ …..။ဘယ်လိုလြပ်ကြမတုန်း” လို့ ​ဒေသခံတဦးက အခင်းဖြစ်တဲဲ​​နေရာကို ဖုန်းကင်မရာနဲ့ ဗီဒိုယိုရိုက်ကူးရင်း​ပြောတာကိုလည်း​တွေ့ရပါတယ် ။ရုပ်သံမှတ်တမ်းကို

People’s Spring တယ်လီဂရန်

https://t.me/PeopleSpring/95915

မှာကြည့်ရှုနိုင်ပါတယ်။

နေပြည်တော်နဲ့ရန်ကုန်မြို့ကလွဲလို့ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေကိုစစ်တပ်ကဆက်တိုက်ပြုလုပ်​နေပါတယ်။စစ်တပ်က ပြည်သူ​တွေကိုပစ်မှတ်ထားပြီး အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၄ရက်အတွင်းနှစ်ကြိမ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ၂၀ရက်ညကလည်းရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာအနောက်ဘက် နေရာတချို့ကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ၂၁ဦး သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးထိခိုက်ခဲ့သူတွေဟာ မကြာခင်ပြန်လွှတ်ပေးဖို့စီစဉ်ထားတဲ့ စစ်သုံ့ပန်းတွေနဲ့ သုံ့ပန်းမိသားစုဝင်တွေဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့လည်း စစ်ကိုင်းတိုင်းကနီမြို့နယ်ကို လေကြောင်းကနေလေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားဇနီးမောင်နှံ ၂ဦး သေဆုံးခဲ့ရကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ သင်္ကြန်အတက်နေ့ ပြည်သူတွေရေကစားနေတဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းဒေသက ရွှေလုပ်ကွက်နေရာတွေကို စစ်ကောင်စီက မတ်လ ၁၀ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ သိရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ထီးလင်းမြို့နယ်အတွင်းစစ်တပ်ကဒီ​နေ့ ​မွန်းလွဲပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံနှစ်ဦသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။