Connect with us

Hi, what are you looking for?

သတင်း

PDF​တွေသိမ်းထားတဲ့သစ်ဖုလ​တောင်ကို စစ်တပ်ကစစ်​ကြောင်းထိုးပြီး တိုက်ပွဲ​တွေပြင်းထန်

ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းထားတဲ့ ကောလင်းမြို့နယ်က သစ်ဖုလတောင်ကို စစ်တပ်ကစစ်ကြောင်းသုံးကြောင်းနဲ့ ထိုးဖို့ ကြိုးစားနေပြီး တိုက်
ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။

(​ကောလင်းမြို့နယ်မှာတိုက်ပွဲဝင်​နေတဲ့ PDF ​တွေ။ ရုပံသံ-​ဒေသခံ)

■စစ်တပ်က ဓါးစာခံ​ခေါ်သွားပြီး ဒဏ်ရာရ​နေတဲ့အမျိုးသမီးတဦးကို PDF​တွေကယ်တင်

ဇန်နဝါရီ-၂၂၊၂၀၂၆။အိမ်သွင်၊ရှိန်း/ People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းထားတဲ့ ကောလင်းမြို့နယ်က သစ်ဖုလတောင်ကို စစ်တပ်ကစစ်ကြောင်းသုံးကြောင်းနဲ့ ထိုးဖို့ ကြိုးစားနေပြီး တိုက်
ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။

သစ်ဖုလတောင်အနီးက ကျောက်တန်း၊ အင်းတက်နဲ့ ကချင်ကုန်းရွာဘက်ကနေ အာဏာသိမ်းစစ်တပ်ကစစ်​ကြောင်းတွေထိုးပြီးဝင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ​ဒေသခံ​ နဲ့ စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်တွေ ဖြန့်ထားတယ်။ ဒေသခံတွေတော်တော်များများ ပြေးနေကြရတယ်။ တိုက်ပွဲမရှိတဲ့နေရာတွေကို ဗုံးကြဲနေလို့ ပြေးကြရတာ” လို့ ကောလင်းမြို့နယ်က စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ သစ်ဖုလတောင်နဲ့ ၆ မိုင်ခန့်အကွာက ကျောက်တန်းမှာ အင်အားအများဆုံးဖြစ်ပြီး လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူနဲ့ စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာလို့ သိရပါတယ်။

ဇန်နဝါရီလ ၂၁ရက်မှာခံသာရွာအပါအဝင် ရွာအချိုုကိုလေကြောင်းကနေ ဗုံးကြဲလို့အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

ဒါအပြင်ကောလင်းမြို့နယ်အ ရှေ့ခြမ်းကတိုက်ပွဲမှာ စစ်တပ်ကဓားစာခံဖမ်းဆီးထားတဲ့ပြည်သူတဦးကို PDF ​တွေကကယ်တင်နိုင်ခဲ့ပြီး ဒဏ်ရာကို​ဆေးကုသ​ပေး​နေကြပါတယ် ။

ဇန်နဝါရီလ၂၁ရက် နေ့၊ မနက်၇နာရီ ဝန်းကျင်မှာ ကောလင်းမြို့နယ်အ ရှေ့ခြမ်းအင်းတက်ရွာ အနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တာပါ။

“တိုက်ပွဲဖြစ်ပြီး စကစက ဓားစာခံ ခေါ်လာတဲ့ ပြည်သူတဦးကို ကယ်ထုတ်လာနိုင်တယ်။တောထဲမှာ ရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတဦး သေနတ်
မှန်တယ်။ရင်ဘတ်တချက်နဲ့ လက်မောင်း၊လက် မောင်းက တော့ အရိုးကကြေ သွားတယ်”ဒေသခံတဦး ကပြောပါတယ်။

ဒဏ်ရာရပြည်သူကို ကယ်ထုတ်ကာ ဆေးကု ပေးတာ တွေပြုလုပ် နေတယ်လို့ သိရပါတယ်။တိုက်
ပွဲတွင်းမှာ စစ်ကောင်စီတပ်ထိခိုက်ကျဆုံးမှု တွေရှိခဲ့ပြီး အသေးစိတ်အချက်အလက်ကို သက်ဆိုင်ရာ တပ်ရင်း တွေက ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဒီစစ် ကြောင်းဟာ ဇန်နဝါရီလ၁၆ ရက် နေ့ကဝန်းသိုမြို့နယ်၊ညောင်ပင်သာက နေ ကောလင်းမြို့
နယ် အရှေ့ခြမ်းက ချဉ်ပစ်ခုံရွာဘက်ကို ပစ်ခတ်ဝင် ရောက်ခဲ့တဲ့ အင်အား၂၀၀ ပါ စစ် ကြောင်းဖြစ်ပါတယ်။

ဇန်နဝါရိ ၂၁ ရက်မှာအဲဒီစစ်ကြောင်းဟာ ၂၀၂၅ခုနှစ် နှစ်ကုန်ပိုင်းမှာ တော်လှန်ရေးတပ်တွေ သိမ်းယူထားတဲ့ သစ်ဖုလတောင် အနီးက ကျောက်တန်းရွာကို ဝင်ရောက်ခဲ့ပြီး ရမ်းသန်းဖြစ်ခတ်တာ တွေပြုလုပ်ခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ကောလင်းမြို့နယ်ထဲက ဝက်စားကုန်းဆိုတဲ့ နေရာပတ်ဝန်းကျင်ကို ဇန်နဝါရီ ၂၀ရက်ညနေက လေ
ကြောင်းကနေ ဗုံးကြဲတာမှာ PDF ရဲဘော်၆ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကောလင်းမြို့နယ်ထဲကို ဝင်လာတဲ့ စစ်ကြောင်းဟာအင်အား ၂၀၀ခန့်ရှိပြီးဝန်းသိုမြို့ထဲကခမရ(၁၀၁)နဲ့ ခမရ(၁၂၀)ကနေဇ‌န်နဝါရီလ၁၆ ရက်‌နေ့က ထွက်လာခဲ့တာပါ။ အဲ့ဒီနေ့က ဝန်းသိုမြို့နယ်၊ညောင်ပင်သာရွာနဲ့ ကောလင်းမြို့နယ်အရှေ့ခြမ်းက ချဉ်ပစ်ခုံရွာဘက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်ကသေဆုံးမှုတွေများပြားသလို ကာကွယ်ရေးရဲဘော်အချို့လည်းကျဆုံးခဲ့ပါတယ်။

လက်ရှိဒေသတွင်း စစ်ရေးအခြေအ‌နေတွေကြောင့် ကျေးရွာ ၇ရွာထက်မနည်း စစ်ရှောင်နေကြရပြီး ဒေသခံတွေဟာ အကူအညီတွေ လိုအပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်အရာရှိတွေ တိုက်ခိုက်ခံရတဲ့ တောင်တွင်းကြီးမြို့နယ်က ရန်ကုန်-ပြည်လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။