Hi, what are you looking for?
မကွေးတိုင်း၊မင်းတုန်းမြို့နယ်ကနေ မင်းလှမြို့နယ် ရှမ်းတပ်စခန်းကို လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်တပ်ဘက်ကသေဆုံးထိခိုက်မှုများပြီး စစ်ကားတစ်စီး၊မီးစက်တစ်လုံးနဲ့ စစ်သုံးပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA ကထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့တွင် လာမည့် ဧပြီ ၂၄ ရက်တွင်ပြုလုပ်မည့် မြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေးကို ထိုင်းအာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုရှာ မတက်ရောက်ဘဲသူ့အစား ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်မယ့်လို့ ထိုင်းအစိုးရသတင်းရက်းမြစ်တွေကို ကိုးကားပြီး Bangkok Post သတင်းဌာနက ဒီနေ့ဖော်ပြပါတယ် ။
မြန်မာစစ်ခေါင်းဆောင်များအား ကိုယ့်ပြည်သူကို ကိုယ်ပြန် ၍ ဖိနှိပ်သတ်ဖြတ်နေမှုများကို ရပ်တန့်ရန် ဖိအားပေးနိုင်ရေးအတွက် ထိရောက်သော လုပ်ဆောင် ချက်များကို အချိန်မဆိုင်းဘဲ ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ကမ္ဘာ့နိုင်ငံများအား အင်္ဂါနေ့က တိုက်တွန်းခဲ့ပါသည်။