Connect with us

Hi, what are you looking for?

News

မုံရွာသပိတ်ခေါင်းဆောင်ဝေမိုးနိုင်ကို စစ်​ကောင်စီတပ်ဖွဲ့ဝင်များကအိမ်စီးကားဖြင့် တိုက်၍ဖမ်းဆီး

မုံရွာမြို့က သပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကို စစ်အုပ်စု၏ လက်နက်ကိုင်များက အိမ်စီးကားဖြင့်ပစ်တိုက်ကာ ယနေ့ မွန်းလွဲ နှစ် နာရီဝန်းကျင်က ဖမ်းဆီးခေါ်ဆောင်သွားသည်။

မုံရွာမြို့က သပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်ကို စစ်အုပ်စု၏ လက်နက်ကိုင်များက အိမ်စီးကားဖြင့်ပစ်တိုက်ကာ ယနေ့ မွန်းလွဲ နှစ် နာရီဝန်းကျင်က ဖမ်းဆီးခေါ်ဆောင်သွားသည်။

မုံရွာမြို့ သာစည်လမ်းမ ၊ ယင်းမာမြိုင်လမ်းထိပ်အနီးတွင် အိမ်စီးကားအနက်ရောင်တစ်စီးက သပိတ်ခေါင်းဆောင်ဝေမိုးနိုင်စီးနင်းလာသောဆိုင်ကယ်ကို မျက်နှာချင်းဆိုင်ဝင်တိုက်ခဲ့ပြီး ဝေမိုးနိုင်ကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိခဲ့သူများကပြောသည်။

ဖမ်းဆီးပြီး​နောက်ကို​ဝေမိုးနိုင် ကို မုံရွာမြို့​တော်ခန်းမသို့​ခေါ်​ဆောင်သွား​ကြောင်း မြို့ခံအချို့က​ပြောသည်။ကို​ဝေမိုးနိုင်နှင့်အတူ သပိတ်စစ်​ကြောင်းပါဝင်သူအချို့လည်းဖမ်းဆီးခံရသည် ။
သပိတ်ခေါင်းဆောင်ဝေမိုးနိုင်ကို ရဲတပ်ဖွဲ့ဝင်နှစ်ဦး​သေဆုံးမှုမှာပါဝင်ခဲ့သည်ဟုဆိုကာ လူသတ်မှုနှင့် စွပ်စွဲ အမှုဖွင့်ထားသလို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့လည်း အမှုဖွင့်ထားသည်။

​ကို​ဝေမိုးနိုင် စီးလာ​သောဆိုင်ကယ်ကို ဝင်တိုက်၍ ဖမ်းဆီးသွား​သောKluger အနက်​ရောင်ကားမှာ တရာဝင် လိုင်စင်မရှိ​သော လိုင်စင်မဲ့ကားဖြစ်ပြီး ၊ယာဥ်နံမှတ်ပြားကို အခြားကား၏ နံမှတ်ပြားတပ်ဆင်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

နေ့စဥ်လူငယ်အများအပြားကို ဖမ်းဆီးပေါ်တာဆွဲနေတဲ့ မုံရွာမြို့ပေါ်မှာ လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းကာ ပေါ်တာဆွဲသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။

Facebook