Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာစစ်တပ် လုပ်ရပ်ကို ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက်ဖို့ ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း

မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့များက ကလေးများနဲ့ လူငယ်များအပါအဝင် အရပ်သားများကို ဒါဇင်နှင့်ချီ၍ သတ်ဖြတ်ခဲ့ခြင်းကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့များက ကလေးများနဲ့ လူငယ်များအပါအဝင် အရပ်သားများကို ဒါဇင်နှင့်ချီ၍ သတ်ဖြတ်ခဲ့ခြင်းကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှုများ ယခင်လမှ စတင်ခဲ့သည့်နောက်ပိုင်း နေ့စဉ်လူသေဆုံးမှုများ ရှိခဲ့ပြီး ယနေ့မှာ သေဆုံးသူအရေအတွက် အများဆုံး ဖြစ်ခဲ့သည်။ ထိုသို့ စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုများ ဆက်တိုက်ပြုလုပ်နေမှုမှာ လုံးဝလက်သင့်ခံနိုင်စရာ မရှိသည့်အတွက် နိုင်ငံတကာက တစ်စုတစည်းတည်း ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက် ကြရန် တောင်းဆိုလိုက်ပါတဘ်လို့လည်း ပါရှိပါတယ်။ ဤအကျပ်အတည်းအခြေအနေအား အဆောတလျင်အဖြေရှာကြရန် အလွန်ပင် အရေးကြီးနေပြီလို့ ကုလအတွင်းရေးမှူးချုပ်က ထပ်မံအသိပေးထားပါတယ်။

ဒါ့အပြင် အထွေထွေအတွင်းရေးမှူးချုပ်က စစ်တပ်အား အကြမ်းဖက်မှုများနဲ့ ဖိနှိပ်မှုများ မပြုလုပ်ရန် အရေးတကြီး တောင်းဆိုထားပြီးဖြစ်ကာ ယခုနောက်ထပ်တစ်ကြိမ် ထပ်မံတောင်းဆိုလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ ဆိုးရွားသောလူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ခံစေရန် လုပ်ဆောင်ရမယ်လို့လည်းဆိုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်မြေပြင် လိင်အကြမ်းဖက်မှု နာမည်ပျက် စာရင်းမှာ အစ္စရေးနဲ့ ရုရှား တပ်ဖွဲ့တွေကိုပါ ကုလသမဂ္ဂ (UN)က ထည့်သွင်းလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာစစ်တပ်ဟာ အကြောက်တရား၊ ရန်လို အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေ ထူပြောနေတဲ့ အခြေအနေတစ်ခုမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂ(UN)က ဒီဇင်ဘာ ၂၃ရက် မနေ့က သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

နယ်စပ်မှာ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်မယ့် စင်္ကြံတစ်ခု သတ်မှတ်ပေးရေး ကုလသမဂ္ဂ (UN)ရဲ့ တောင်းဆိုမှုကို ဘင်္ဂလားဒေ့ရှ်က လက်ခံခဲ့ကြောင်းသိရပါတယ်။