Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ပစ်ခတ်သတ်ဖြတ်ခံရတဲ့ ကလေးငယ်တွေ

“ငါ့သားသေသွားတာ… ငါ့သားသေသွားတာ…”
သားငယ်လေးအလောင်းကိုရင်ဝယ်ပိုက်ရင်း ထိတ်လန့်အော်ဟစ်ငိုကြွေးနေတဲ့ သားအဖနှစ်ဦးရဲ့ မြင်ကွင်းက ဒီကနေ့ ဆိုရှယ်မီဒီယာကတစ်ဆင့် ပြည်သူတွေဆီ ပြန့်နှံ့ခဲ့ပါတယ်။

“ငါ့သားသေသွားတာ… ငါ့သားသေသွားတာ…”

သားငယ်လေးအလောင်းကိုရင်ဝယ်ပိုက်ရင်း ထိတ်လန့်အော်ဟစ်ငိုကြွေးနေတဲ့ သားအဖနှစ်ဦးရဲ့ မြင်ကွင်းက ဒီကနေ့ ဆိုရှယ်မီဒီယာကတစ်ဆင့် ပြည်သူတွေဆီ ပြန့်နှံ့ခဲ့ပါတယ်။

ရှင်ပြုဖို့ စောင့်နေတဲ့ သားမောင်ရှင်လောင်းလေးကို ဒီကနေ့ မမျှော်လင့်ဘဲ ဆုံးရှုံးလိုက်ရပါပြီ။

အသက် ၁၃ နှစ်အရွယ် Grade-7 တက်မယ့် ကျောင်းသားလေး မောင်ထူးမြင့်ဝင်းဟာ ဒီကနေ့ မတ် ၂၇ ရက် မနက်ပိုင်းက ရွှေဘိုမြို့ကနေအိမ်မှာ မိသားစုနဲ့ အိမ်မှာ အတူ တူရှိနေချိန် နေအိမ်ထဲမှာ ကျည်ထိမှန် သေဆုံးခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

“ကျွန်မတို့မိသားစု ၅ ယောက်အိမ်ပေါ်မှာ အတူတူရှိနေချိန် ကျည်က အပေါ်ထပ်မှန်ကိုဖောက်ပြီး သားကို မှန်သွားတာ။ ကလေးက တစ်ခါထဲကို ပစ်လဲကျသွားတော့တာပဲ” လို့ သားကိုပူပူနွေးနွေးဆုံးရှုံးလိုက်ရတဲ့ မောင်ထူးမြင့်ဝင်းရဲ့ မိခင်က ပြောပါတယ်။

မောင်ထူးမြင့်ဝင်းနဲ့ အသက်လည်းအတူတူ အတန်းလည်း Grade-7 တက်မယ့် မိတ္ထီလာမြို့က သမီးငယ်လေး ပန်းအိဖြူလည်း ဒီကနေ့ နေအိမ်ခြံဝင်းအတွင်းမှာ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ရပါတယ်။

“ခံစားလိုက်တာရတာကတော့ တအားပြင်းတာပေါ့။ ဇိုးကနဲ ဇက်ကနဲ သွေးအိုင်ထဲမှာ မြင်လိုက်ရတာ ဘယ်လိုဖြစ်သွားမှန်းကို မသိဘူး”လို့ တစ်ဦးတည်းသောသမီးလေးကို ဆုံးရှုံးလိုက်ရတဲ့ ဖခင် ကိုအမီးဆပ်က ပြောပါတယ်။

နေအိမ်ခြံဝင်းထဲမှာ ကလေးက ခြေဆေးနေချိန်ဖြစ်ပြီးတော့ လဲကျသွားချိန်မှာချော်လဲသွားတယ်မှတ်လို့ သွား ဆွဲထူခဲ့တာလို့ ကိုအမီးဆပ်က ပြောပါတယ်။

“သမီးလေးကို ချော်လဲတယ်မှတ်နေတာ။ သမီးရေ ထ ထဆို လက်ဆွဲတော့မှ … ဟာ… ငါ့သမီးဘာဖြစ်တာလဲဆို ကြည့်လိုက်တာ ကျည်က ဟိုဘက်ဒီဘက်ပေါက်သွားတာ” လို့ ကိုအမီးဆပ်က ကြေကြေကွဲကွဲ ပြောပါတယ်။

ဒီကနေ့ မိတ္ထီလာမှာ ရဲနဲ့ စစ်တပ်က ပစ်ခတ်နေချိန်မှာ သူတို့အိမ်နဲ့ ပေတစ်ရာလောက်အကွာလမ်းမှာပေါ်က ပစ်နေတဲ့ကျည်က အိမ်ခြံစည်းရိုး ဝါးကပ်ကို ဖောက်ပြီး ကလေးကို လာမှန်ခဲ့တာလို့ ပြောပါတယ်။

မနေ့ မတ် ၂၆ ရက်ညက စစ်တပ်ဝါဒဖြန့်ချိရေးရုပ်သံကနေ နောက်စေ့နဲ့ ကျောကို ဖောက်မယ့် အန္တရာယ်နဲ့ ရှေ့က မရှုမလှသေရတာတွေကို သင်ခန်းစာယူပြီး အချည်းအနှီးမသေအောင် မိဘတွေတားကြဖို့ သတိပေးခဲ့ပါတယ်။ ဒီကနေ့မှာ ကလေးငယ်လေးတွေ အပါအဝင် ကျည်ထိမှန်ကျဆုံးသူအရေအတွက် မြင့်တက်ခဲ့ပြီး Myanmar Now သတင်းဌာနက ဒီညနေပိုင်းအထိ အတည်ပြုထားတဲ့ စာရင်းအရ သေဆုံးသူ ၉၀ ကျော်ပြီလို့ သိရပါတယ်။

မိတ္ထီလာက အစ္စလမ်ဘာသာဝင် မပန်းအိဖြူ၊ မောင်ရှင်လောင်းလေး မောင်ထူးမြင့်ဝင်းတို့လိုပဲ မန္တလေးမြို့မှာ ကလေးငယ်တစ်ဦး ကျည်ထိမှန်ခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူနေဆဲဖြစ်ပါတယ်။

နောက်ထပ်ကလေးငယ်တစ်ဦးကတော့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်း (၁) ရပ်ကွက် သမိုင်းစျေးဘူတာပလက်ဖောင်းမှာ ဆော့ကစားနေတဲ့ လသားအရွယ် ကလေးငယ်တစ်ဦးပါ။ ပလက်ဖောင်းပေါ် လေးဘက်တွားသွားနေတဲ့ အဲဒီကလေးငယ်ဟာ မျက်လုံးတစ်ဖက် ရော်ဘာကျည်ထိမှန်လို့ ကုသမှုခံယူထားရတယ်လို့ မိသားစုအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပုသိမ်မြို့မှာလည်း ၁၆ နှစ်အရွယ် ကလေးတစ်ဦး၊ မွန်ပြည်နယ်မှာ ၁၁ နှစ်အရွယ်ကလေးငယ်တစ်ဦးလည်းပါဝင်တယ်လို့ ဒေသတွင်း သတင်းဌာနတွေကအတည်ပြုရေးသားထားပါတယ်။

ဒီကနေ့ (မတ် ၂၇ ရက်) တစ်နေ့လုံး သေနတ်မှန်ကျဆုံးသူတွေထဲမှာ ကလေးငယ်လေးတွေ ဘယ်နှစ်ယောက် ထိမှန်သေဆုံးခဲ့တယ်ဆိုတာကိုတော့ အတိအကျ အတည်မပြုနိုင်သေးပါဘူး။

မတ်လ ၂၃ ရက်ကတော့ ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ ယူနီဆက်ဖ်ကတော့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်က စလို့ ကလေးငယ် ၂၃ ဦးသေဆုံးခဲ့ပြီး အဲဒီကလေးငယ်တွေထဲ အသက်အငယ်ဆုံးဖြစ်တဲ့ ဖခင်ပေါင်ပေါ်မှာ ပစ်သတ်ခံရတဲ့ မန္တလေးမြို့က ၇ နှစ်သမီးကလေးဖြစ်ရပ်က စက်ဆုပ်ရွံမုန်းဖွယ်ဖြစ်ရပ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမ္ဂကလည်း ဒီကနေ့ တပ်မတော်နေ့မှာ ကလေးငယ်နဲ့ လက်နက်မဲ့ပြည်သူကို သတ်ဖြတ်နေပြီး ဒီကနေ့က အကြမ်းဖက်နေ့ ဂုဏ်သရေ ညှိုးနွမ်းဖွယ်ရာနေ့တစ်နေ့ဖြစ်တယ်လို့ ဒီညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

နေအိမ်မှန်ကိုဖောက် ကျည်ထိမှန်သေဆုံးခဲ့တဲ့ ရွှေဘိုမြို့က မောင်ထူးမြင့်ဝင်းဟာ မိခင်၊ ဖခင်၊ ညီမလေး၊ အဖွားတို့နဲ့ နေအိမ်အပေါ်ထပ် မှာရှိနေချိန် ကျည်ထိမှန်ခဲ့တာဖြစ်လို့ အဖွားဖြစ်သူကိုပါ မှန်စလွင့်စင်ဒဏ်ရာရခဲ့ပါတယ်။

“ခံစားရတာကတော့ မပြောနိုင်လောက်အောင်ပါပဲ။ အပြစ်မရှိတဲ့ ကလေးလေး၊ အိမ်ထဲမှနေတဲ့ကလေးလေးကို ပစ်တယ်ဆိုတာ ဒီလူတွေ လူစိတ်မရှိလို့ပေါ့” လို့ မောင်ထူးမြင့်ဝင်း မိခင်က ဝမ်းနည်းပက်လက် ပြောပါတယ်။

၂၀၂၀ ဧပြီလထဲက ရှင်ပြုပွဲကျင်းပဖို့ ကိုဗစ်ကြောင့် ခွင့်ပြုချက်မရ စောင့်နေရတဲ့မောင်ရှင်လောင်းလေးဖြစ်ပြီး အခုတော့ တစ်ဦးတည်းသောသားလေးကို ဘယ်တော့မှ ရှင်ပြုမပေးနိုင်ကြတော့ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သားအနေဖြင့် ပြည်သူနှင့်ပူးပေါင်းကြရန်တိုက်တွန်းပြီး တိုက်ပွဲမခင်အချိန်ထိ ပြည်သူရင်ခွင်ခိုလှုံခွင့်ပြုထားဟု လည်း၎င်းကဆက်​ပြောသည်။

နိုင်ငံတကာ

မျက်မြင်တစ်ဦးရဲ့ အဆိုအရ ဓားကိုင်ထားတဲ့ အမျိုးသားဟာ ကလေးတွေအပြင် အနီးတဝိုက်မှာ ရှိနေသမျှ လူတိုင်းကို ဓားနဲ့လိုက်ထိုးဖို့ ကြိုးစားခဲ့တာလို့လည်း သိရပါတယ်။

သတင်း

ဓာတ်ပုံများတွင် တွေ့ရသော ဖြိုချခံရသည့် အုတ်နံရံသည် အသစ်ပြုလုပ်ထားခြင်းဖြစ်သောကြောင့် လွယ်လွယ်ကူကူ ဖြိုချနိုင်ခြင်းဖြစ်သည်ဟု လူမှုကွန်ရက်အသုံးပြုသူများက မှတ်ချက်များရေးသားထားသည်။