Connect with us

Hi, what are you looking for?

News

နွေဦး​တော်လှန်​ရေးတွင် ကျဆုံးပြည်သူအနည်းဆုံး ၇၃၇ ဦးရှိ

အာဏာသိမ်းစစ်​ကောင်စီ၏ တပ်ဖွဲ့ဝင်​တွေက ပစ်ခတ်သတ်ဖြတ်မှု​တွေ​ကြောင့်စစ်အာဏာသိမ်းပြီး ၇၇ ရက်အကြာမှာ ကျဆုံးတဲ့ပြည်သူ ၇၃၇ ဦးရှိပြီလို့ နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေအသင်း(AAPP)က ယမန်​နေ့ညကထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်​ကောင်စီ၏ တပ်ဖွဲ့ဝင်​တွေက ပစ်ခတ်သတ်ဖြတ်မှု​တွေ​ကြောင့်စစ်အာဏာသိမ်းပြီး ၇၇ ရက်အကြာမှာ ကျဆုံးတဲ့ပြည်သူ ၇၃၇ ဦးရှိပြီလို့ နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေအသင်း(AAPP)က ယမန်​နေ့ညကထုတ်ပြန်ပါတယ်။

ဒီအ​ရေအတွက်က AAPP သတင်းရရှိတဲ့အ​ရေအတွက်သာဖြစ်ပြီးကျဆုံးသွား​ပေမယ့် စာရင်းမရရှိသူ​တွေ ၊အသတ်ခံရပြီး အ​လောင်း​ဖျောက်၊ စာရင်း​ဖျောက်ခံရသူ​တွေလည်းရှိတဲ့အတွက် အမှန်တစ်ကယ်​သေဆုံးသူစာရင်းကအဲထက်ပိုနိုင်ပါတယ်။

ဧပြီ ၁၈ ရက်မှာ AAPP ထပ်မံရရှိတဲ့စာရင်းအရ အပြစ်မဲ့ပြည်သူ ၆ ဦး နဲ့ ​ကျောက်မဲမြို့မှာ ပြည်သူတစ်ဦး ​ကျဆုံးခဲ့တဲ့အချက်အလက်​တွေ ထက်ရခဲ့ပြီးဧပြီ ၁၈ရက် ည​နေ ၆ နာရီအထိရရှိတဲ့စာရင်းအရ ၇၃၇ ဦးရှိပြီလို့ ဆိုပါတယ်။

ဒါ​ပေမယ့်ဒီစာရင်းမှာ မုံရွာမြို့မှာ ဧပြီ ၁၇ ရက်မှာစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက ဖမ်းဆီးထားတဲ့ပြည်သူ​တွေကို သတ်ဖြတ်ပြီးအ​လောင်း နှစ်​လောင်း​ဆေးရုံကိုလာပို့သွားတာရယ် ၊ ယင်းမာပင်မြို့နယ်မှာ ဧပြီ ၁၅ ရက်ညမှာ ဆန္ဒပြ​နေတဲ့ပြည်သူ​တွေကို စစ်​​ကောင်စီတပ်ဖွဲ့ဝင်​တွေက အကြမ်းဖက်ဖြိုခွင်လို့ ပြည်သူ ၆ ဦး​သေဆုံးတဲ့စာရင်း​တွေပါတာမ​တွေ့ရ​သေးပါဘူး ။ ယင်းမာပင် ဖြစ်စဥ်မှာ အနည်းဆုံး ပြည်သူ ၆ ဦး​သေဆုံးပြီး အနည်းဆုံး ၁၅ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ Myanmar Now သတင်းဌာနက​ဖော်ပြထားပါတယ် ။

Public Service Announcement

Public Service Announcement

ဒါအပြင် ဧပြီ ၁၈ ရက်မှာ မြင်းခြံသပိတ်ကို အကြမ်းဖက်တပ်ဖွဲ့ဝင်​တွေက လာ​ရောက်ဖြိုခွင်းတာမှာ ကျဆုံးသူအ​ရေအတွက်​​တွေလည်းမပါ​သေးဘဲ ၊ဧပြီ ၁၈ ရက်စာရင်း​တွေမပါ​သေးဘူးလို့ထုတ်ပြန်ချက်ကဆိုပါတယ်။

စစ်အုပ်စုက အာဏာသိမ်းပြီး ၇၇ ရက်(ဧပြီ ၁၈အထိ့) အတွင်းမှာ ဖမ်းဆီးခံရတဲ့ပြည်သူ ၄၂၈၂ ဦးအထိ့ရှိခဲ့သလို ၊အခုချိန်ထိ့ဖမ်းဆီးချုပ်​နှောင်ခံရသူ ၃၂၂၉ဦးရှိသလို ၊ဖမ်းဝရမ်းထုတ်ခံရသူ ၉၃၀ ဦးရှိတယ်လို့ AAPP ကဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ တစ်လတာအတွင်းမှာတင် အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်ချက် ကြောင့် အရပ်သား ၁၁၃ ဦး အသက် ဆုံးပါး ခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က အသိပေးဖော်ပြပါတယ်။

သတင်း

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၃,၆၀၀ ကျော်ထဲမှာ ၈၃၅ ဦးဟာ ပြစ်ဒဏ်ချခံလိုက်ရတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂက ဖော်ပြပါတယ်။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမှု အချက်အလက်ကို ဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့AAPP က ဖော်ပြပါတယ်။