အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့်စစ်အာဏာသိမ်းပြီး ၇၇ ရက်အကြာမှာ ကျဆုံးတဲ့ပြည်သူ ၇၃၇ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)က ယမန်နေ့ညကထုတ်ပြန်ပါတယ်။
ဒီအရေအတွက်က AAPP သတင်းရရှိတဲ့အရေအတွက်သာဖြစ်ပြီးကျဆုံးသွားပေမယ့် စာရင်းမရရှိသူတွေ ၊အသတ်ခံရပြီး အလောင်းဖျောက်၊ စာရင်းဖျောက်ခံရသူတွေလည်းရှိတဲ့အတွက် အမှန်တစ်ကယ်သေဆုံးသူစာရင်းကအဲထက်ပိုနိုင်ပါတယ်။
ဧပြီ ၁၈ ရက်မှာ AAPP ထပ်မံရရှိတဲ့စာရင်းအရ အပြစ်မဲ့ပြည်သူ ၆ ဦး နဲ့ ကျောက်မဲမြို့မှာ ပြည်သူတစ်ဦး ကျဆုံးခဲ့တဲ့အချက်အလက်တွေ ထက်ရခဲ့ပြီးဧပြီ ၁၈ရက် ညနေ ၆ နာရီအထိရရှိတဲ့စာရင်းအရ ၇၃၇ ဦးရှိပြီလို့ ဆိုပါတယ်။

ဒါပေမယ့်ဒီစာရင်းမှာ မုံရွာမြို့မှာ ဧပြီ ၁၇ ရက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့ပြည်သူတွေကို သတ်ဖြတ်ပြီးအလောင်း နှစ်လောင်းဆေးရုံကိုလာပို့သွားတာရယ် ၊ ယင်းမာပင်မြို့နယ်မှာ ဧပြီ ၁၅ ရက်ညမှာ ဆန္ဒပြနေတဲ့ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွင်လို့ ပြည်သူ ၆ ဦးသေဆုံးတဲ့စာရင်းတွေပါတာမတွေ့ရသေးပါဘူး ။ ယင်းမာပင် ဖြစ်စဥ်မှာ အနည်းဆုံး ပြည်သူ ၆ ဦးသေဆုံးပြီး အနည်းဆုံး ၁၅ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ Myanmar Now သတင်းဌာနကဖော်ပြထားပါတယ် ။
ဒါအပြင် ဧပြီ ၁၈ ရက်မှာ မြင်းခြံသပိတ်ကို အကြမ်းဖက်တပ်ဖွဲ့ဝင်တွေက လာရောက်ဖြိုခွင်းတာမှာ ကျဆုံးသူအရေအတွက်တွေလည်းမပါသေးဘဲ ၊ဧပြီ ၁၈ ရက်စာရင်းတွေမပါသေးဘူးလို့ထုတ်ပြန်ချက်ကဆိုပါတယ်။

Public Service Announcement
စစ်အုပ်စုက အာဏာသိမ်းပြီး ၇၇ ရက်(ဧပြီ ၁၈အထိ့) အတွင်းမှာ ဖမ်းဆီးခံရတဲ့ပြည်သူ ၄၂၈၂ ဦးအထိ့ရှိခဲ့သလို ၊အခုချိန်ထိ့ဖမ်းဆီးချုပ်နှောင်ခံရသူ ၃၂၂၉ဦးရှိသလို ၊ဖမ်းဝရမ်းထုတ်ခံရသူ ၉၃၀ ဦးရှိတယ်လို့ AAPP ကဆိုပါတယ်။
