Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့အရေးအတွက် အာဆီယံ အထူးအစည်းအဝေး ကျင်းပဖို့ ရက်နဲ့ နေရာ ရွေးချယ်ထားပြီ

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ အထူးအစည်းအဝေးကို အခုလ မကုန်ခင် ပြုလုပ်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ အထူးအစည်းအဝေးကို အခုလ မကုန်ခင် ပြုလုပ်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။

စစ်တပ် အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာတဲ့ မြန်မာ့ နိုင်ငံရေး အရှုပ်အထွေးတွေနဲ့ ပတ်သက်လို့ အာဆီယံ အသိုက်အဝန်းက ထိထိရောက်ရောက် ပါဝင် ဖြေရှင်းသင့်နေပြီလို့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ပြီးခဲ့တဲ့ လကတည်းက တိုက်တွန်းထားခဲ့ပါတယ်။

မတ်လ ၁၉ ရက်တုန်းက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံတဲ့ အစည်းအဝေးမှာတော့ မြန်မာ စစ်တပ် ခေါင်းဆောင်တွေ အနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းတာတွေ ရပ်တန့်ဖို့၊ ဆွေးနွေးညှိနှိုင်းမှု လမ်းကြောင်းတွေ ဖွင့်လှစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီလို ဆွေးနွေး အဖြေရှာမှု နည်းလမ်းကို ရုရှားနဲ့ တရုတ်တို့ကလည်း အားပေး ထောက်ခံခဲ့ကြကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီက ပြောကြားခဲ့ပါတယ်။ အဲဒီ အင်အားကြီး နှစ်နိုင်ငံဟာ ကုလသမဂ္ဂ အစည်းအဝေးတွေမှာတော့ အာဏာသိမ်း မြန်မာစစ်တပ်ဖက်က ကာကွယ် ရပ်တည်ထားကြပါတယ်။
အာဆီယံဟာ အဖွဲ့ဝင် နိုင်ငံ အချင်းချင်း ပြည်တွင်းရေး မစွက်ဖက်တဲ့ မူဝါဒကို ဆွဲကိုင်ထားပေမယ့် မြန်မာ့အရေးဟာ အရှေ့တောင်အာရှ ဒေသကြီး တစ်ခုလုံးရဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက် ထိခိုက်တဲ့ထိ ကျယ်ပြန့်လာနေပြီဆိုတဲ့ ထောက်ပြမှုတွေ ရှိနေပါတယ်။

အခုတော့ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းအဝေး ကျင်းပဖို့ အချိန်နဲ့ နေရာကို ရွေးချယ်ထားပြီးပြီလို့ ယူဆရပါတယ်။ ဒါပေမဲ့ တရားဝင် ထုတ်ပြန် အတည်ပြုတာမျိုးတော့ မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဘရူနိုင်း စော်ဘွား ဟက်ဆာနဲလ် ဘိုလ်ခီရာက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ အစည်းအဝေး ကျင်းပရေး ပြင်ဆင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြီးခဲ့တဲ့လက တိုက်တွန်း အဆိုပြုခဲ့ပါတယ်။ အခုတော့ ဧပြီ ၂၄ ရက်ကျရင် ဂျကာတာက လတ်တလော ပြင်ဆင် မွမ်းမံထားတဲ့ ညီလာခံ ခန်းမ တစ်ခုမှာ အစည်းအဝေး ကျင်းပဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။

ကိစ္စအားလုံး စီစဉ်ထားပြီး ဖြစ်ပေမယ့် အာဆီယံ ဥက္ကဋ္ဌ ဘရူနိုင်းဆီက တရားဝင် အတည်ပြုချက်ကို စောင့်ဆိုင်းနေကြကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက မှတ်ချက် ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြသူတွေ၊ အရပ်သား ပြည်သူတွေကို စစ်တပ်နဲ့ ရဲတွေက လက်နက် အားကိုးပြီး ဖိနှိပ် သတ်ဖြတ်နေတဲ့အပေါ် ထိထိရောက်ရောက် မဟန့်တားနိုင်တဲ့အတွက် အာဆီယံအပေါ် ဖိအားတွေ ရှိနေပါတယ်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု အပြီးကတည်းက မြန်မာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ၊ ဆန္ဒပြ ပြည်သူတွေ၊ အနုပညာရှင်တွေ အပါအဝင် လူပေါင်း ထောင်နဲ့ချီ ဖမ်းဆီးထားပါတယ်။

ဆက်စပ်သတင်းများ

News

မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ အာဆီယံ “နိုင်ငံခေါင်းဆောင်များ” ၏ သဘာတူညီချက် ၅ ချက် အပေါ် အရပ်ဘက်အဖွဲ့အစည်း​ပေါင်း ၄၄၀ ခန့် နဲ့ လူပုဂ္ဂိုလ် ၃၂ ဦးတို့က လက်မှတ်ထိုးပြီးဒီ​ကနေ့(ဧပြီ ၂၆) မှာသဘောထား ထုတ်ပြန်ချက် ပါတယ်။ သ​ဘောထားထုတ်ပြန်ချက်မှာ အာဆီယံဘုံသ​ဘောတူညီချက် ငါးချက်မှာ...