Connect with us

Hi, what are you looking for?

LuduNwayOo

News

ဂျပန်သတင်း​ထောက်ဖမ်းဆီးခံရ

ဂျပန်နိုင်ငံသား အလွတ်တန်းသတင်း​ထောက် မစ္စတာ ယူကီ ကီတာဇူမီ ကို ဒီနေ့ည ၇နာရီ ၄၄ မိနစ်မှာ သူ​နေထိုင်ရာ​ပုစွန်​တောင်မြို့နယ် ​ရေ​ကျော်မှာရှိတဲ့​နေအိမ်က​နေအာဏာသိမ်း စစ်​ကောင်စီတပ်ဖွဲ့ ဝင်​တွေက ဖမ်းဆီး​ခေါ်​ဆောင်သွားတယ်လို့ ရပ်ကွက်​နေပြည်သူအချို့က ​ပြောပါတယ်။

ဂျပန်နိုင်ငံသား အလွတ်တန်းသတင်း​ထောက် မစ္စတာ ယူကီ ကီတာဇူမီ ကို ဒီနေ့ည ၇နာရီ ၄၄ မိနစ်မှာ သူ​နေထိုင်ရာ​ပုစွန်​တောင်မြို့နယ် ​ရေ​ကျော်မှာရှိတဲ့​နေအိမ်က​နေအာဏာသိမ်း စစ်​ကောင်စီတပ်ဖွဲ့ ဝင်​တွေက ဖမ်းဆီး​ခေါ်​ဆောင်သွားတယ်လို့ ရပ်ကွက်​နေပြည်သူအချို့က ​ပြောပါတယ်။

အဆိုပါဂျပန် သတင်း​ထောက်ဟာ စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြပွဲ​တွေမှာ သတငလိုက်လံယူ​နေစဥ် ​ဖေ​ဖော်ဝါရီ ၂၆ ရက်ကလည်းဖမ်းဆီးခံရ​သေးပြီး နာရီပိုင်းအတွင်းပြန်လွှတ်လာခဲ့တာဖြစ်ပါတယ်။

ဒီညဖမ်းဆီးတာမှာ​တော့ စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေက အတင်းအဓမ္မဖမ်းဆီး​ခေါ်​ဆောင်သွားတာဖြစ်သလို ၊သူ​နေထိုင်တဲ့အိမ်က​နေ စာရွက်စာတမ်းတွေ စက္ကူပုံးနဲ့ ၂ပုံး​လောက်သိမ်းယူသွားတယ် လို့ မျက်မြင်​တွေ့ရှိသူ​တွေကဆိုပါတယ် ။

စစ်အုပ်စုကအာဏာသိမ်းပြီး​နောက် ပြည်တွင်းသတင်း​ထောက်​တွေ ဖမ်းဆီးခံရတာအနည်းဆုံး ၆၅ဦးရှိ​နေပြီဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အရှေ့မြောက်ဖက် ကမ်းလွန် ပင်လယ်ပြင်မှာ ရစ်ချ်တာစကေး ၆.၈ အဆင့် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာ ဘာဂျနာဟာ အာဆီယံက ဆက်စပ် အစည်းအဝေးတွေကို တက်ရောက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဧပြီ ၂၂ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်ကို ရောက်ရှိလာမယ့် ဘာဂျနာဟာ မြန်မာနိုင်ငံအရေး ဆွေးနွေးမယ့် အာဆီယံ ညီလာခံကိုတော့ တက်ရောက်မှာ...

News

အာဏာသိမ်းစစ်​ကောင်စီ၏ တပ်ဖွဲ့ဝင်​တွေက ပစ်ခတ်သတ်ဖြတ်မှု​တွေ​ကြောင့်စစ်အာဏာသိမ်းပြီး ၇၇ ရက်အကြာမှာ ကျဆုံးတဲ့ပြည်သူ ၇၃၇ ဦးရှိပြီလို့ နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေအသင်း(AAPP)က ယမန်​နေ့ညကထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့များက ကလေးများနဲ့ လူငယ်များအပါအဝင် အရပ်သားများကို ဒါဇင်နှင့်ချီ၍ သတ်ဖြတ်ခဲ့ခြင်းကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။