Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာစစ်တပ်က စနစ်တကျ အရှိန်မြှင့် ကျူးလွန်နေသော လူသတ်ပွဲကြီး ရပ်တန့်သွားအောင် တားဆီးကြရမည်ဟု ကုလလူ့အခွင့်အ​ရေးဆိုင်ရာ မဟာမင်းကြီးက ​ပြောကြားလိုက်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်များအား ကိုယ့်ပြည်သူကို ကိုယ်ပြန် ၍ ဖိနှိပ်သတ်ဖြတ်နေမှုများကို ရပ်တန့်ရန် ဖိအားပေးနိုင်ရေးအတွက် ထိရောက်သော လုပ်ဆောင် ချက်များကို အချိန်မဆိုင်းဘဲ ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ကမ္ဘာ့နိုင်ငံများအား အင်္ဂါနေ့က တိုက်တွန်းခဲ့ပါသည်။

မြန်မာစစ်ခေါင်းဆောင်များအား ကိုယ့်ပြည်သူကို ကိုယ်ပြန် ၍ ဖိနှိပ်သတ်ဖြတ်နေမှုများကို ရပ်တန့်ရန် ဖိအားပေးနိုင်ရေးအတွက် ထိရောက်သော လုပ်ဆောင် ချက်များကို အချိန်မဆိုင်းဘဲ ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ကမ္ဘာ့နိုင်ငံများအား အင်္ဂါနေ့က တိုက်တွန်းခဲ့ပါသည်။

“မြန်မာနိုင်ငံ၏ နေရာဒေသအများအပြားတွင် စနစ်တကျ အကွက်ချတိုက်ခတ်မှုများကြောင့် သေ ကျေဒဏ်ရာရမှုအများအပြားနှင့်အတူ နောက်ထပ်ရက်သတ္တပတ်တစ်ခု ထပ်မံကုန်ဆုံးခဲ့သည်ကို တွေ့မြင်ခဲ့ရပြန်ပါကြောင်း၊ ထိုအထဲတွင် ပဲခူးမြို့၌ စစ်တပ်၏ ပစ်ခတ်နှိမ်နင်းမှုများကြောင့် လူ အများအပြား သေဆုံးခဲ့ရခြင်းလည်း ပါဝင်ပါကြောင်း၊ လက်ခံရရှိသော သတင်းများအရ သောကြာ နေ့နှင့် စနေနေ့တို့တွင် ပဲခူးမြို့၌ သေဆုံးသူ အနည်းဆုံး ၈၂ ဦး ရှိခဲ့ပါကြောင်း၊ မြန်မာစစ်တပ်သည် စစ်ပွဲများတွင်သာ အသုံးပြုပြီး ထိခိုက်မှုများပြားစေနိုင်သည့် လက်နက်များဖြင့် ပြည်သူများအပေါ် သနားညှာတာခြင်း ကင်းမဲ့စွာ အကြမ်းဖက်တိုက်ခိုက်သည့် ၎င်းတို့၏ မူဝါဒကို အရှိန်မြှင့်တင် ကျင့်သုံးသွားရန် ရည်ရွယ်ထားပုံရကြောင်း” Bachelet က ပြောပါသည်။

“၂၀၁၁ ခုနှစ်က ဆီးရီယားနိုင်ငံတွင် ဖြစ်ပွားခဲ့သည်များနှင့် ဆင်တူသည့် အခြေအနေများကို မြန်မာနိုင်ငံတွင် အထင်အရှားတွေ့မြင်နေရပါကြောင်း၊ ဆီးရီယားနိုင်ငံတွင်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအား မျှတမှုမရှိသည့် အင်အားကို မလိုအပ်ဘဲ အလွန်အကျွံအသုံးပြု၍ နှိမ်နင်းခဲ့သည် ကို မြင်တွေ့ခဲ့ရပါကြောင်း၊ နိုင်ငံအုပ်ချုပ်သူများမှ ကိုယ့်ပြည်သူကို ကိုယ်ပြန်၍ ရက်စက်စွာ အဆက် မပြတ် ဖိနှိပ်တိုက်ခိုက်မှုများကြောင့် လူအချို့မှ လက်နက်စွဲကိုင်တော်လှန်လာကြသည့်နောက်တွင် နိုင်ငံကို ချောက်ကမ်းပါးအတွင်း ထိုးကျသွားစေသည့် အကြမ်းဖက်မှုများ တစ်နိုင်ငံလုံးသို့ လျှင်မြန် စွာ ပျံ့နှံ့ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထိုအချိန်ကာလ ၂၀၁၁ ခုနှစ်ကလည်း ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးက နိုင်ငံတကာအသိုင်းအဝိုင်းမှ ညီညီညွတ်ညွတ်ဖြင့် ခိုင်မာပြတ်သားစွာ တုံ့ပြန်ဆောင်ရွက်ပေးရန် ပျက်ကွက်မည်ဆိုပါက ဆီးရီးယားနိုင်ငံအား ကြီးမားသော ဘေးဒုက္ခကျ ရောက်စေလိမ့်မည်ဟု သတိပေးခဲ့ပါကြောင်း၊ လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း သန်းပေါင်း များစွာသော အရပ်သားပြည်သူများအတွက် မည်မျှထိ ဆိုးရွားပြင်းထန်သော အကျိုးဆက်များ ဖြစ် ပေါ်ခံစားခဲ့ရသည်ကို တွေ့မြင်ခဲ့ပြီးဖြစ်ကြောင်း၊”

“မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ကြီးမားပြင်းထန်သည့် ပဋိပက္ခတစ်ခုအဖြစ်သို့ လုံးလုံး လျားလျား ဦးတည်ပြောင်းလဲသွားမည်ကို စိုးရိမ်မိပါကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် ဆီးရီးယား နှင့် အခြားနေရာများမှာကဲ့သို့ လူပေါင်းများစွာကို သေကြေပျက်စီးစေခဲ့သည့် အတိတ်က ကျူးလွန် မိခဲ့သော အမှားမျိုး ထပ်မံကျူးလွန်မိခြင်း မရှိအောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊”
ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်များအရ လွန်ခဲ့သည့် စနေ၊ တနင်္ဂနွေနေ့များတွင် တပ်မတော်သည် နိုင်ငံ၏ တောင်ပိုင်းရှိ ပဲခူးမြို့၌ ဒုံးပျံသန်းမှုစနစ်သုံးဗုံးပစ်လက်နက်များ၊ လက်ပစ် ဗုံးများ၊ စိန်ပြောင်းများနှင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။ လုံခြုံရေးတပ်ဖွဲ့များသည် ဆေးဘက် ဆိုင်ရာ ဝန်ထမ်းများကိုလည်း ထိခိုက်ဒဏ်ရာရသူများထံ သွားရောက်ကူညီနိုင်ခြင်း မရှိအောင် တားမြစ်ခြင်း၊ မိသားစုဆွေမျိုးများမှ သေဆုံးသူများ၏ အလောင်းများကို ထုတ်ယူရာတွင်လည်း အမေရိကန်ဒေါ်လာ ၉၀ ခန့်နှင့် ညီမျှသည့် ငွေကို ‘ဒဏ်ကြေး’ အဖြစ် တောင်းခံခြင်းများ ပြုလုပ်ခဲ့ သည်ဟုလည်း သိရှိရပါသည်။ ယခုအခါ လူအချို့သည် မတတ်သာသည့်အဆုံး မိမိကိုယ်မိမိ ကာကွယ်ရန်အတွက် ကိုယ်တိုင်လုပ်လက်နက်များ သို့မဟုတ် အခြေခံကျသည့် လက်နက်များကို အသုံးပြုလာကြပါသည်။
ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်များရှိ နေရာဒေသအချို့တွင်လည်း စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီး ထိုဒေသများတွင် စစ်တပ်သည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အရပ်သားပြည်သူများ သေဆုံးခြင်းနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းများ ရှိနေပါသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အနည်းဆုံး လူပေါင်း ၃,၀၈၀ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ဖမ်းဆီးမှုများကို ဆက်လက်ပြုလုပ်နေစဉ် လူပေါင်း ၂၃ ဦးအား လျှို့ဝှက်တရားစီရင်မှုများ ပြုလုပ်ပြီးသည့်နောက် သေဒဏ်ချမှတ်ခဲ့ပါသည်။ သေဒဏ်ချမှတ်ခံရသူများထဲတွင် ဆန္ဒပြသူ လေးဦးနှင့် နိုင်ငံရေးနှင့် ပြစ်မှုဆိုင်ရာ စွဲချက်များဖြင့် တရားစွဲဆိုခံခဲ့ရသူ ၁၉ ဦး ပါဝင်ပါသည်။

လူအများအပြားအား ဖမ်းဆီးနေမှုများကြောင့် ရာထောင်ချီသော လူများသည် ပုန်းခိုရှောင်တိမ်းနေ ရပါသည်။ သတင်းပေးပို့မှုများအရ သတင်းစာဆရာများ၊ အရပ်ဘက်အဖွဲ့အစည်းမှ တက်ကြွလှုပ် ရှားသူများ၊ အနုပညာရှင်များနှင့် အခြားလူသိများကျော်ကြားသူများကို လိုက်လံရှာဖွေဖမ်းဆီးနေ ပြီး ထိုသူများထဲမှ အများအပြားသည် အွန်လိုင်းပေါ်တွင် စစ်အာဏာသိမ်းမှုကို လက်မခံနိုင် ကြောင်း ရေးသားဖော်ပြရုံမျှဖြင့် ထိုသို့ ပစ်မှတ်ထားဖမ်းဆီးခံနေရခြင်း ဖြစ်ပါသည်။ ကြိုးမဲ့ broadband အင်တာနက်နှင့် မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုများကိုလည်း ဧပြီလ ၂ ရက်နေ့မှ စတင်၍ အကန့်အသတ်မရှိ ဖြတ်တောက်ထားသဖြင့် ပြည်သူအများစုသည် အရေးကြီးသည့် သတင်းရင်းမြစ်များနှင့် ဆက်သွယ်ရေးများကို လက်လှမ်းမီခြင်း မရှိတော့ပါ။

ယခုအချိန်တွင် နိုင်ငံတွင်းရှိ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံ များသည် ပြိုလဲပျက်စီးသွားမည့် အန္တရာယ်ရှိနေပြီး ထိုသို့ပြိုလဲသွားမည်ဆိုပါက မြန်မာပြည်သူ သန်းပေါင်းများစွာသည် အသက်မွေးဝမ်းကျောင်းမှုများ၊ အခြေခံဝန်ဆောင်မှုများ ရရှိတော့မည် မဟုတ်ဘဲ စားနပ်ရိက္ခာဖူလုံမှုအခြေအနေသည်လည်း ပို၍ ဆိုးရွားလာဖွယ်ရှိပါသည်။ ထောင် သောင်းချီသော ပြည်တွင်းရွှေ့ပြောင်းလုပ်သားများသည် မြို့ပြဒေသများမှ ၎င်းတို့၏ နေရပ်ဒေသ များသို့ ပြန်သွားကြပြီဖြစ်သည်။ ထိုနေရပ်ဒေသများရှိ မိသားစုများသည် ရွှေ့ပြောင်းလုပ်သားများ၏ ဝင်ငွေများကိုသာ မှီခိုအားထားနေရသူများ ဖြစ်ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကုသရေး လုပ်ငန်းများမှာလည်း ရပ်တန့်သွားခဲ့ပြီ ဖြစ်ပါသည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေသူများထံ အကူအညီများ သွားရောက်ပေး အပ်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးရန် မြန်မာစစ်တပ်နှင့် အိမ်နီးချင်းနိုင်ငံများအား ကုလသမဂ္ဂ မဟာမင်းကြီးက တိုက်တွန်းထားပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်း ရှောင်လာသူများအား ယာယီကာကွယ် စောင့်ရှောက်မှုများ ပေးရန်နှင့် ယခုတစ်ကြိမ် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူများအား principle of non-refoulement (နှိပ်စက်ညှင်းပန်းခြင်း၊ ရက်စက်ကြမ်းကြုတ်၍ လူမဆန်သော သို့မဟုတ် ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှုများ သို့မဟုတ် အပြစ်ပေးမှုများနှင့် ပြန်လည်ဖြည့်ဆည်းပြုပြင်ပေး၍ မရနိုင်သော အခြားထိခိုက် နစ်နာမှုများကို ရင်ဆိုင်ကြုံတွေ့နိုင် သည့် နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်း မပြုသင့်ဟူသည့်မူ) နှင့်အညီ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်း မပြုကြရန် သူမက တိုက်တွန်းထားပါသည်။

“ပြစ်တင်ရှုတ်ချသည့် ထုတ်ပြန်ချက်များနှင့် တာဝန်ရှိသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား ရွေးချယ် ၍ ပိတ်ဆို့တားမြစ်ချက်များကို အနည်းငယ်မျှသာ ဆောင်ရွက်ထားမှုတို့သည် လုံလောက်ခြင်းမရှိ သည်မှာ ထင်ရှားပါကြောင်း၊ ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဖြစ်နိုင်ခြေရှိသည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများ ကျူးလွန်ခြင်းမှ ရပ်တန့်စေရေးအတွက် ဩဇာ လွှမ်းမိုးနိုင်သော နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်အား စုပေါင်းညီညွတ်စွာ ဖိအားပေးခြင်းကို အရေးတကြီး လုပ်ဆောင်ရန် လိုအပ်နေပါကြောင်း” Bachelet က ဆိုပါသည်။

ကုလသမဂ္ဂမဟာမင်းကြီးက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကိုလည်း ရည်ညွှန်းကိုးကားပြောဆိုသွားပါသည်။ ထိုအစီရင်ခံစာတွင် မြန်မာစစ်တပ် နှင့်စပ်လျဉ်း၍ ထိရောက်သော ရလဒ်များ ဖြစ်ပေါ်စေနိုင်မည့် အရေးယူဆောင်ရွက်ချက်များ အတွက် အကြံပြုချက်များ ပါဝင်ပါသည်။* စစ်ခေါင်းဆောင်များထံသို့ လက်နက်နှင့် ရန်ပုံငွေများ စီးဝင်ရောက်ရှိနေမှုသည် ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ရာတွင် အထောက်အပံ့ဖြစ်စေသည့်အတွက် ဖြတ်တောက်ပစ်ရန် လိုအပ်ကြောင်း Bachelet က အလေး အနက်ထား ပြောကြားခဲ့ပါသည်။

ဆက်စပ်သတင်းများ