Connect with us

Hi, what are you looking for?

News

EU က စစ်ကောင်စီအဖွဲ့ဝင် အရပ်သား၁၀ ဦးနှင့် စစ်တပ်ပိုင်လုပ်ငန်းနှစ်ခုကို ဒဏ်ခတ်အ​ရေးယူ

ဥ​ရောပသမဂ္ဂ( EU)က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုမှာပါဝင်ပတ်သပ်​နေတဲ့ အာဏာသိမ်းစစ်​ကောင်စီမှ လူပုဂ္ဂိုလ် ၁၀ ဦးနဲ့ စစ်တပ်ပိုင်စီးပွား​ရေးလုပ်ငန်း ကြီးနှစ်ခုကို ဧပြီ ၁၉ ရက်​နေ့မှာ ဒဏ်ခတ်ပိတ်ဆို့အ​ရေးယူလိုက်ပါတယ်။

ဥ​ရောပသမဂ္ဂ( EU)က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုမှာပါဝင်ပတ်သပ်​နေတဲ့ အာဏာသိမ်းစစ်​ကောင်စီမှ လူပုဂ္ဂိုလ် ၁၀ ဦးနဲ့ စစ်တပ်ပိုင်စီးပွား​ရေးလုပ်ငန်း ကြီးနှစ်ခုကို ဧပြီ ၁၉ ရက်​နေ့မှာ ဒဏ်ခတ်ပိတ်ဆို့အ​ရေးယူလိုက်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့ ခံရသူ​တွေက ဦးသိန်းညွှန့် ၊ဦးခင်​မောင်​ဆွေ ၊ ပဒိုမန်းငြိမ်းမောင်၊ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံဆိုင်၊ စောဒယ်နီယယ်၊ ဒေါက်တာဗညားအောင်မိုး နဲ့ စစ်​ကောင်စီ ပြန်ကြား​ရေးဝန်ကြီး ဦးချစ်နိုင်( ချစ်နိုင် – စိတ်ပညာ) တို့ဖြစ်ပါတယ်။

စီးပွား​ရေးလုပ်ငန်းနှစ်ခုက​တော့ အာဏာသိမ်းစစ်တပ်ပိုင် မြန်မာစီးပွား​ရေးဦးပိုင်နဲ့ မြန်မာ့စီးပွား​ရေး​ကော်ပို​ရေးရှင်း (MEC) တို့ဖြစ်ပါတယ်။

EU ကဒဏ်ခတ်အရေးတာလူပုဂ္ဂိုလ် ၃၅ ဦးနဲ့ စီးပွါးရေးလုပ်ငန်းကြီးက ၂ ခုရှိသွားပါပြီ။

Public Service Announcement

Public Service Announcement

ဒါ​ပေမယ် အီးယူအ​နေနဲ့ အာဏာသိမ်းစစ်တပ်ကို ဒဏ်ခတ်အ​ရေးယူတာမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ဝင်​ငွေရလမ်း​တွေကိုပိုအထိ့နာ​စေမယ့် သဘာဝဓါတ်​ငွေ့တူး​ဖော်​ရောင်းဝယ်မှုနဲ့ပတ်သပ်တဲ့လုပ်ငန်း​တွေမှာ ရင်းနှီးမြှုပ်နှံ​ရောင်းဝယ်​ဖောက်ကားမှု မလုပ်​တော့ဘဲ ဒဏ်ခတ်အ​ရေးယူဖို့ တိုက်တွန်းမှု​တွေရှိ​နေပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။