Hi, what are you looking for?
မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာကြောင့်လောင်းရှည် - ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒေသခံတွေအတွက် လေကြောင်းအန္တရာယ်စိုးရိမ်ရလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်တွေ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ပြီး စခန်းမထိုင်ဘဲပြန်ဆုတ်ခွာခဲ့တဲ့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်(SNA)တွေ ပြန်ဝင်လာပြီး အရပ်သားတွေကို အကြမ်းဖက်လုယက်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။