Connect with us

Hi, what are you looking for?

သတင်း

KIO/KIAနဲ့ နှစ်ဖက်ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံနိုင်ဖို့ကြိုးစားနေဆဲဟု TNLAပြော

မဟာမိတ်အချင်းချင်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ တအာင်းတပ်မတော်(PSLF/TNLA) နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဖေဖော်ဝါရီ ၁၆ရက်မှာ လူထုနွေဦးကို ပြောပါတယ်။

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းတို့ အတူတွေ့ရစဉ်။ ဓာတ်ပုံ − ဆိုရ်ုဒါင်း

ဖေဖော်ဝါရီ-၁၇၊၂၀၂၆။ထားမြတ်/People’s Spring

မဟာမိတ်အချင်းချင်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ တအာင်းတပ်မတော်(PSLF/TNLA) နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဖေဖော်ဝါရီ ၁၆ရက်မှာ လူထုနွေဦးကို ပြောပါတယ်။

၂၀၂၄ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၅မှာ ရှမ်းမြောက်ဒေသအတွင်း KIAနဲ့ TNLA တို့အကြား နယ်မြေဆိုင်ရာ အငြင်းပွားမှု ဖြစ်ပေါ်ခဲ့တာတွေအပေါ် နှစ်ဖက်ဗဟိုအဆင့် ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ စီစဉ်ထားပေမယ့် တနှစ်ခန့်ကြာတဲ့အထိ မတွေ့နိုင်ဘဲ ဖြစ်နေတဲ့ အခြေအနေမှာ လွေးယေဦးက အဖွဲ့ သဘောထားကို အခုလို ပြောပြတာပါ။

“လောလောဆယ်မှာတော့ KIAနဲ့ ပတ်သက်ပြီးတော့မှ ကျမတို တွေ့ဆုံဖို ဗဟိုကနေ ကြိုးပမ်းနေတာမျိုးရှိတယ်။ လောလောဆယ်ကတော့ လူကိုယ်တိုင် ဆင်းတွေ့ဆုံတာမျိုးတွေတော့ မရှိသေးပေမယ့် တဖက်နဲ့တဖက် စာအသွားအလာ အထူးသဖြင့် မဟာမိတ်ဆက်ဆံရေးဌာနကနေ ဆက်သွယ်သွားလာတာမျိုးတွေလည်းရှိပါတယ်”လို့ လွေးယေဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

KIAနဲ့ TNLA ခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံဖို ခက်နေတဲ့ အကြောင်းအရင်းကို မေးမြန်းရာ လောလောဆယ်တွေ့ဆုံဖို့ ကြိုးစား နေတဲ့ အခြေအနေမျိုးဖြစ်လို့ ပြောရန်စောသေးတယ်လို့လည်း အသိပေးပါတယ်။

KIOနဲ့ PSLF/TNLA ခေါင်းဆောင်တွေတွေ့ဆုံပွဲ ဖြစ်မြောက်ဖို့ KIOဘက်က ဗိုလ်ချုပ်အဆင့်တာဝန်ရှိသူ ဦးဆောင်ပြီး ဆွေးနွေးပွဲ ကျင်းပနိုင်ရေး ကြိုးစားနေတာလို့ KIOက ၂၀၂၅ နွေဦးကာလမှာ အသိပေးထားပါတယ်။

KIOနဲ့PSLFတို့ဟာ မဟာမတ်စာချုပ် သုံးခုချုပ်ဆိုထားပြီး အဲဒီစာချုပ်မှာ ဗဟိုကော်မတီချင်း တွေ့ဆုံမှုကို နှစ်စဉ် အနည်းဆုံး တကြိမ်ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် သတ်မှတ်ထားတဲ့အတိုင်း မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

၁၉၇၆ ကစပြီး ထာ၀ရမဟာမိတ်ပုံစံ အတူလက်တွဲခဲ့ပြီး ၂၀၁၃၊ ၂၀၂၃ တို့မှာ မဟာမိတ် စာချုပ်ကို ဆက်လက် အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက်တွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းကစပြီး ရှမ်းမြောက်မှာ နယ်မြေဆိုင်ရာနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာတွေ ရှမ်းမြောက်မှာ နှစ်ဖက်အကြား ဖြစ်ခဲ့ပြီး အမြင်သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

လူမှုကွန်ရက်မှာလည်း တအာင်းနဲ့ ကချင် လူမျိုးတွေအကြား သွေးကွဲမှု ပိုဖြစ်ပေါ်စေမယ့် ရေးသားချက်တွေလည်း တွေ့လာရပါတယ်။

ဒါနဲ့ပတ်သက်ပြီး လွေးယေဦးက “ဒီအပေါ်မှာကတော့ တချိုကတော့ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်မှာ တွေ့နေကြတာက တချိုက တအာင်းဆိုတဲ့ ပုံစံမျိုးဟန်ဆောင်ပြီးတော့မှ အကောင့်တုလိမ်လည်ပြီးတော့မှ ရန်တိုက်ပေးနေတာမျိုးတွေရှိတယ်။ သတင်းကို ချဲ့ကားနေတာမျိုးတွေရှိတယ်။ ထိုနည်းတူစွာပဲ ကချင်လူမျိုးဆိုပြီးတော့မှ အမည်နဲ့ပေါ့ ကချင် လူမျိုးဟုတ်ခြင်းမဟုတ်ခြင်း မပြောတက်ဘူး သူတိုက ဒီလိုမျိုးနာမည်နဲ့ ဒီလိုမျိုးလုပ်ဆောင်နေတာတွေ့ရပါတယ်။ ဆိုတော့က ဒါကတော့ လူမျိုးစုအကြားမှာ လူမျိုးအချင်းချင်းမသင့်မြတ်အောင် လူမျိုးအချင်းချင်း သွေးကွဲအောင် တမင်ဖန်တီးနေတယ်လို ပြောလိုရပါတယ်” လို့ လွေးယေဦးက ပြောပါတယ်။

KIO/KIA ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း ၂၀၂၅ ဧပြီ ၉ရက်မှာ KIOနဲ့ PSLF နှစ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းနေကြောင်း ၊ သက်ဆိုင်ရာ ဒေသတွင်းရှိ ပြည်သူတွေ နားလည်ကူညီပေးဖို့နဲ့ အွန်လိုင်းသုံးစွဲသူများ မီဒီယာများ အကြံပေး ထောက်ပြလိုသူများ ထံမှလည်း အပြုသဘော ဆောင်တဲ့ ကူညီပံ့ပိုးမှုတွေကို မျှော်လင့်ကြောင်း အသိပေးခဲ့ပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၅ရက်ကလည်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်ဟာ ပျော်ရွှင်ဖွယ်တအာင်းနှစ်သစ်ကူးဟုရေးသားကာ စည်းလုံးခြင်းဟာ အင်အားဖြစ်စေကြောင်း သီချင်းကို တအာင်းနှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ အခမ်းအနား ဓာတ်ပုံနဲ့အတူ ဖော်ပြခဲ့ပါသေးတယ်။

(KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းတို့ အတူတွေ့ရစဉ်။ ဓာတ်ပုံ − ဆိုရ်ုဒါင်း)

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဝန်ထမ်း စုံတွဲ ၁၆တွဲကို စုပေါင်းထိန်းမြားမင်္ဂလာပွဲ ပြုလုပ်ပေးခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်မှာ ကချင်လွတ်လပ်​ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIO/KIA) ထိန်းချုပ်ထားတဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်၊ လိုင်ဇာဂိတ် နဲ့ မိုင်ဂျာယန်ဂိတ်တွေကို KIAက တရုတ်အာဏာပိုင်​တွေနဲ့ညှိနှိုင်းပြီးအောက်တိုဘာလ ၂၅ ရက်မှာ ပြန်ဖွင့်လိုက်ပါတယ်။

သတင်း

တော်လှန်ရေးတိုက်ပွဲတွေမှာစည်းလုံးညီညွတ်လက်တွဲကြဖို့ဖိတ်ခေါ်၊ စစ်အုပ်စုရွေးကောက်ပွဲ ပြည်တွင်းစစ် အရှုပ်ဖြေရှင်းနိုင်ဖို့ ပိုဝေးစေမယ်လို့ သတိပေး

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ အပတ်စဉ် (၃) ခေါင်းဆောင်မှုသင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကို တအာင်းပြည်တစ်နေရာတွင် ကျင်းပခဲ့ကြောင်း TNLAက ထုတ်ပြန်ခဲ့ပြီး အဆိုပါသင်တန်း၌ အမျိုးသမီးသင်တန်းသူများကိုသာ သီးသန့်သင်ကြားပေးမည်ဟု အသိပေးသည်။