Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် မြေစာပုံပြိုကျပြန်၊ ထိခိုက်သေဆုံးသူများနိုင်ကြောင်း ဒေသခံအချို့ပြော

ဖားကန့်မြို့နယ်ထဲကကုဋေမှော်မြေစာပုံဟာ ဒီနေ့ ည ၉ နာရီခွဲဝန်းကျင်မှာ ပြိုကျလို့ ရေမ‌ဆေးကျောက်ရှာသူတွေ ထိခိုက်သေဆုံးမှုများပြားတယ်လို့ သတင်းရရှိပါတယ်။

၂၀၂၃ သြဂုတ်လ ၁၃ ရက်က ဖားကန့်မြို့နယ် မနမှော်​မြေစာပုံ ပြိုကျစဥ်။ဓါတ်ပုံ- TH

​ဖေ​ဖော်ဝါရီ-၁၆၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဖားကန့်မြို့နယ်ထဲကကုဋေမှော်မြေစာပုံဟာ ဒီနေ့ ည ၉ နာရီခွဲဝန်းကျင်မှာ ပြိုကျလို့ ရေမ‌ဆေးကျောက်ရှာသူတွေ ထိခိုက်သေဆုံးမှုများပြားတယ်လို့ သတင်းရရှိပါတယ်။

“ထွက်ပြေးနိုင်သူတွေ လွတ်တယ်။ ပါသွားတာ များတယ်။ ရေကန်ထဲပြိုကျတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြေစာပုံပြိုကျတဲ့အထဲပါသွားသူ ၂၀ဦးကနေ ၅၀ကြားရှိနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။အသေးစိတ်ကို အတည်ပြုမေးမြန်းနေဆဲဖြစ်ပါတာ်။

Public Service Announcement

Public Service Announcement

ဖားကန့်မှာ ​ကျောက်စိမ်းတူ​ဖော်မှုများတာ၊ စွန့်ပစ်​မြေစာပုံစနစ်တကျမပစ်တာ ၊ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်း​ရေးမလုပ်တာစတာ​တွေ​ကြောင့်​မြေစာပုံပြိုကျတာ ၊လူ​သေဆုံး​ပျောက်ဆုံးမှု​တွေမကြာခဏ ဖြစ်ပွား​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖားကန့်မှာ စစ်ကောင်စီနဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။