Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနဲ့ ယင်းမာပင်ဒေသမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ယင်းမာပင်ဒေသမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ ရွှေဘိုသပိတ်အင်အားစု

ဖေဖော်ဝါရီ ၁၆၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ယင်းမာပင်ဒေသမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်စစ်ကြောင်းတို့ဟာ “စုစည်းပါဝင် တော်လှန်ရေးအရှိန်တင်” စာသားကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချက်ချင်းလွှတ်ဖို့လည်း ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း ရွှေဥက္ကံ လူထုသပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းနဲ့ စစ်မှန်တဲဖက်ဒရယ်ဒီမို့ကရေစီသာ အလိုရှိကြောင်း လူထုသပိတ်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှာလည်း သပိတ်ဦးဆောင်သူတွေက ဒေသခံပြည်သူတွေကို တော်လှန်ရုပ်ရှင်ပြသရင်း ဗိုလ်ချုပ်မိန့်ခွန်းဖြစ်တဲ့ “စည်းကမ်းမရှိတဲ့ စစ်တပ် မရှိတာက တိုင်းပြည်အတွက် ပိုကောင်းကြောင်း” ဟောပြောခြင်းနဲ့ ပြည်သူလူထုအား ခွန်အားပေးစကားပြောကြားခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။

ပြည်သူလူထုနဲ့အတူ တော်လှန်သီချင်းတွေ သီဆိုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့လည်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။