သတင်း မတ္တရာနယ်မှာ ကျေးရွာအတွင်းပြန်ဝင်သူတွေကို စစ်တပ်က ရွာလုံးကျွတ်ပြောင်းရွေ့ခိုင်း မန္တလေး၊မတ္တရာမြို့နယ်မှာ စစ်တပ်ကပြန်သိမ်းတဲ့ ကျေးရွာတွေကို ပြန်ဝင်တဲ့ ပြည်သူတွေကို ၆ရက်အတွင်းရွာလုံးကျွတ်ပြောင်းရွေ့ဖို့ စစ်တပ်က အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 28, 2025
သတင်း တပ်ကုန်းမှာ ရွေးကောက်ပွဲလုံခြုံရေး စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တိုက်ခိုက်ခံရ နေပြည်တော် တပ်ကုန်းမြို့နယ်မှာ ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောက်ကျားတိုက်ခိုက်ခဲ့တာ သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း(၈၀၃) တာဝန်ရှိသူက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 28, 2025
သတင်း စစ်တပ်ရွေးကောက်ပွဲနာရီပိုင်းအလိုမှာ မြို့အချို့မှာဗုံးပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေ စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာ ထားဝယ်၊ ပြည်၊ မြဝတီ စတဲ့မြို့တွေမှာ မဲရုံတွေအနီး နဲ့ ကြံ့ဖွံ့ပါတီရုံးအနီးတွေမှာ ပေါက်ကွဲမှုတွေဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ludunwayooဒီဇင်ဘာ 28, 2025
သတင်း စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ တနင်္သာရီနဲ့ စစ်ကိုင်းက ပြည်သူတွေ ဆန္ဒပြ တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၇) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။ ludunwayooဒီဇင်ဘာ 28, 2025
သတင်း ခင်ဦးမှာ လူစုလူဝေးရှိတဲ့ ယာဉ်ရပ်နားရာနေရာကို စစ်တပ်ဗုံးထပ်ကြဲအရပ်သား၉ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က လူစုလူဝေးရှိတဲ့ ယာဉ်ရပ်နားရာနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။ ludunwayooဒီဇင်ဘာ 28, 2025
သတင်း မြဝတီမြို့မှာ နှစ်ကြိမ်ထပ်မံပေါက်ကွဲ၊တိုက်ပွဲဖြစ်သလိုပစ်ခတ်သံတွေကြားနေရဟုဒေသခံပြော စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာမြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ညသန်းခေါင်အလွန်ဗုံးနှစ်လုံး ထပ်မံပေါက်ကွဲပြီး တိုက်ပွဲဖြစ်သလို ပသ်ခတ်သံတွေထပ်မံကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 28, 2025
သတင်း မန္တလေးမှာပေါက်ကွဲသံတွေဆက်တိုက်ကြားနေရ မန္တလေးမြို့မှာ အခုမနက်တနာရီဝန်းကျင်မှာ ပေါက်ကွဲသံ တွေ ဆက်တိုက်ကြားနေ ရတယ်လို့ မြို့ခံ တွေကပြောပါတယ်။ ludunwayooဒီဇင်ဘာ 28, 2025
သတင်း လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ပါတယ်။ ludunwayooဒီဇင်ဘာ 27, 2025
သတင်း ဟားခါးမြို့က ခလရ(၂၆၆)ကို ချင်းကာကွယ်ရေးတပ်တွေထိုးစစ်ဆင် ဟားခါးမြို့မှာ ဒီနေ့ မနက်ပိုင်းမှ အာဏာသိမ်းစစ်တပ်ရဲ့ အမှတ်(၂၆၆)ခြေလျင်တပ်ရင်းကိုချင်းတော်လှန်ရေးတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ludunwayooဒီဇင်ဘာ 27, 2025
သတင်း ရေတာရှည်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်တပ်ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေ ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။ ludunwayooဒီဇင်ဘာ 27, 2025