Connect with us

Hi, what are you looking for?

သတင်း

KIA ပူးပေါင်းတပ်ထိုးတန်ပြန်စစ်ဆင်ပြီး အထိုင်မချပဲပြန်ဆုတ်သွားပြီး​နောက် လုံးခင်းမှာ စစ်တပ်နဲ့ SNA ပြန်ဝင်လာပြီးအရပ်သားတွေကိုအကြမ်းဖက်

ဒေသခံတွေအတွက် လေကြောင်းအန္တရာယ်စိုးရိမ်ရလို့ ကချင်လွတ်လပ်ရေးတပ်မ​တော်(KIA)နဲ့ KPDF ပူးပေါင်းတပ်တွေ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ပြီး စခန်းမထိုင်ဘဲပြန်ဆုတ်ခွာခဲ့တဲ့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်(SNA)တွေ ပြန်ဝင်လာပြီး အရပ်သားတွေကို အကြမ်းဖက်လုယက်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသသို့​​ရောက်လာ​သော စစ်တပ်စစ်​​ကြောင်းကို ၂၀၂၅ သြဂုတ်လက ​တွေ့ရစဥ်။ဓါတ်ပုံ-CJ

ဖေဖော်ဝါရီ−၁၆၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဒေသခံတွေအတွက် လေကြောင်းအန္တရာယ်စိုးရိမ်ရလို့ ကချင်လွတ်လပ်ရေးတပ်မ​တော်(KIA)နဲ့ KPDF ပူးပေါင်းတပ်တွေ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ပြီး စခန်းမထိုင်ဘဲပြန်ဆုတ်ခွာခဲ့တဲ့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်(SNA)တွေ ပြန်ဝင်လာပြီး အရပ်သားတွေကို အကြမ်းဖက်လုယက်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံးခင်းရဲစခန်းအပါအဝင် လုံးခင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၄ရက် မနက်အစောပိုင်းမှာ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စခန်း​အချို့ကိုသိမ်းလို့ရ​ပေမယ့် စစ်တပ်​လေ​ကြောင်းတိုက်ခိုက်မှုနဲ့ ​ဒေသခံ​တွေ ထိခိုက်နိုင်တာ​ကြောင့် စခန်းမထိုင်ပဲ စစ်စခန်း​တွေကိုဖျက်ဆီးပြီးပြန်ဆုတ်သွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ် ။

တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေပိုင်းမှာ လုံးခင်းစခန်းနဲ့ ခွန်ဆာကုန်းကို KIA၊KPDFပူးပေါင်းတပ်က သိမ်းယူနိူင်ခဲ့ပါတယ်။ စခန်းတွေဆုံးရှုံးပြီးတဲ့နောက် စစ်ကောင်စီက ဗျူဟာကုန်းကနေလက်နက်ကြီးတွေပစ်ခဲ့သလို လေကြောင်းကလည်း ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒေသခံတွေလည်း ပိတ်မိနေတဲ့အတွက် KIAနဲ့ KPDF ပူးပေါင်းတပ်က ညပိုင်းမှာ ပြန်ဆုတ်ခွာခဲ့ပါတယ်။ဖေဖော်ဝါရီ ၁၅ရက်မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်(SNA)တွေ ပြန်ဝင်လာတာပါ။

“ခွန်ဆာကုန်းမှာ ဒေသခံတွေကို ဖမ်းပြီး ငွေညှစ်တယ်တယ်။ လမ်းသွားလမ်းလာတွေကိုပါ ဖမ်းစစ်တာ။လူတိုင်းဆီက ငွေတောင်းတယ်။ စစ်ကြောင်းသာ ရွာမှာထိုင်ရင် နေလို့ရမှာ မဟုတ်ဘူး” လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဉ် ဘေးလွတ်ရာကိုထွက်ပြေးသွားခဲ့ပြီး ပစ်ခတ်သံတွေငြိမ်သွားလို့ပြန်လာတဲ့ စစ်ဘေးရှောင်တွေဆီကနေလည်း ကျပ်သိန်း ၁၀၀ထက်မနည်း တောင်းယူသွားတယ်လို့ သိရပါတယ်။

ဖားကန့်ဒေသကို ရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းတွေမှာ ရှမ်းနီတပ်(SNA)နဲ့ ပြည်သူ့စစ်တွေပါသလို စစ်မှုထမ်းဥပဒေအကြောင်းပြပြီးတော့ဖမ်းဆီးထားတဲ့ စစ်သင်တန်းဆင်း တွေလည်းပါပါတယ်။ အဲဒီစစ်ကြောင်းတွေမှာပါသူတွေကမူးယစ်ဆေးဝါးသုံးစွဲတာတွေရှိသလို ယခင်တိုက်ပွဲကာလတုန်းကလည်း အရပ်သားတွေကိုပစ်ခတ်တာ၊ ဖမ်းဆီးတာတွေလုပ်ခဲ့ဖူးပါတယ်။

စစ်တပ်စစ်​ကြောင်းထွက်လာတာကို KIA နဲ့ KPDF ​တွေက ဖြတ်​တောက်တိုက်ခိုက်ရင်းဖားကန့်​​ဒေသမှာ ​ဖေ​ဖော်ဝါရီ ဒုတိယပါတ်မှာတိုက်ပွဲ​တွေပြင်းထန်ခဲ့တာပါ ။​တော်လှန်​ရေးတပ်​တွေက​နောက်ပိုင်းမှာ တန်ပြန်ထိုးစစ်ပါဆင်ခဲ့တာ​ကြောင့်စစ်တပ်အထိနာခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ် ။ဖေဖော်ဝါရီ ၁၄ရက်က တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ဖြစ်လို့ ငြိမ်းချမ်းသာယာအပိုင်း(၂)ထဲက အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးငယ်လေးဦးအပါအဝင် ခုနစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ လေကြောင်းနဲ့တိုက်ခိုက်မှုမှာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၆ရက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် နေ့လယ်ပိုင်းမှာ ပြင်းထန်တဲ့ပေါက်ကွဲသံထွက်ပေါ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ပျက်စီးသင်္ဘောကို ဆွဲခေါ်ပေးဖို့ လက်အောက်ငယ်သားက အသနားခံပေမဲ့ အရာရှိပါတဲ့ စစ်သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေး

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။