Connect with us

Hi, what are you looking for?

သတင်း

ကိုရီးယားရုပ်ရှင်ပွဲတော်မှာ မြန်မာပရိသတ်တွေ အတွက်အထူးပွဲ ပြသပေးမယ့် ဒေါင်းရဲ့ရုပ်ရှင်

ကိုရီးယားနိုင်ငံမှာပြုလုပ်မယ့် ရုပ်ရှင်ပွဲတော်မှာ ဒေါင်းရိုက်ကူးထားတဲ့ ဇာတ်ကားပြသမယ့်ပွဲစဉ်အတွက် လက်မှတ်အားလုံးကုန်သွားတာကြောင့် ရုပ်ရှင်ပွဲတော်ဘက်က အထူးပွဲထပ်ပြပေးဖို့ စီစဉ်‌ ပေးထားတယ်လို့ ‌ဒေါင်းကအသိပေးထားပါတယ်။

နိုဝင်ဘာ-၂၆၊၂၀၂၆။ဆဏ်း/People’s Spring

ကိုရီးယားနိုင်ငံမှာပြုလုပ်မယ့် ရုပ်ရှင်ပွဲတော်မှာ ဒေါင်းရိုက်ကူးထားတဲ့ ဇာတ်ကားပြသမယ့်ပွဲစဉ်အတွက် လက်မှတ်အားလုံးကုန်သွားတာကြောင့် ရုပ်ရှင်ပွဲတော်ဘက်က အထူးပွဲထပ်ပြပေးဖို့ စီစဉ်‌ ပေးထားတယ်လို့ ‌ဒေါင်းကအသိပေးထားပါတယ်။

ဒေါင်းကိုယ်တိုင် ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားတဲ့ The Room ရုပ်ရှင်ဇာတ်လမ်းတိုကို Seoul Independent Film Festival (SIFF 2026) မှာ နိုဝင်ဘာ ၂၈ ရက်နေ့ ပြသမှာဖြစ်ပြီး အဲဒီ့ပွဲစဉ်လက်မှတ်တွေအားလုံး ကုန်သွားတာဖြစ်ပါတယ်။

ဒါကြောင့် The Room ကိုကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ရုပ်ရှင်ပွဲတော်ဘက်ကနေ နိုဝင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီမှာ အထူးပွဲအနေနဲ့ ပြသပေးမှာဖြစ်ပြီး လက်မှတ်ဝယ်ယူစရာမလိုပဲ ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“မြန်မာအသိုင်းအဝိုင်းအတွက် အခုလို အထူးအစီအစဉ်တစ်ရပ် စီစဉ်ပေးတဲ့ Seoul Independent Film Festival ကိုလည်း အထူးကျေးဇူးတင်ပါတယ်။” လို့ ဒေါင်းက ပြောပါတယ်။

ဒီရုပ်ရှင်ပွဲတော်ကို ဒေါင်းကိုယ်တိုင်တက်ရောက်မှာဖြစ်ပြီး မြန်မာပရိသတ်တွေအတွက်ပြုလုပ်မယ့်ပွဲမှာလည်း ပရိသတ်တွေနဲ့ တွေ့ဆုံသွားမယ်လို့ အသိပေးထားပါတယ်။

“ဒီဇာတ်ကားဟာ မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးနဲ့ နိုင်ငံရေးအခြေအနေတွေရဲ့ ရိုက်ခတ်မှုကြောင့် မိမိနေရပ်ကို စွန့်ခွာပြီး တိုင်းတစ်ပါးမှာ ဘဝကို ပြန်လည်စတင်ဖို့ ကြိုးစားနေရတဲ့ လူငယ်တစ်ယောက်အကြောင်း ဖြစ်ပါတယ်။” လို့ ရုပ်ရှင်ပွဲတော်မှာ ပြသမယ့် The Room ဇာတ်ကားအကြောင်းကို ဒေါင်းကပြောထားပါတယ်။

ဒီဇာတ်ကားကို ဒေါင်းက ဒါရိုက်တာအနေနဲ့သာမဟုတ်ပဲ သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်းပါဝင်ထားပြီး Wendy နဲ့ တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားကို Our Tree Education ကကျင်းပမယ့် “Movie Night For Education” မှာလည်း ပြသပေးဖို့ အစီအစဉ်ရှိပါတယ်။

အဲဒီ့ပွဲကိုတော့ ဒီဇင်ဘာ ၅ ရက် ချင်းမိုင်မြို့မှာပြုလုပ်မှာဖြစ်ပြီး Our Tree Education Foundation ရဲ့ ပေ့ခ်ျကနေ လက်မှတ်တွေရောင်းချပေးနေပါတယ်။

“ရုပ်ရှင်ကြည့်ရင်း အမှတ်တရတွေ ဖန်တီးကြမယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံက လူငယ်တွေရဲ့ ပညာရေးအခွင့်အလမ်းတွေအတွက်လည်း အတူတူပါဝင်ကြမယ်။ ” လို့Our Tree Education Foundation က ဖိတ်ခေါ်ထားပါတယ်။

လက်မှတ်တစ်စောင်ကို ဘတ် ၃၀၀ သတ်မှတ်ထားပြီး အရေအတွက် ကန့်သတ်ထားတယ်လို့ အသိပေးထားပါတယ်။

Our Tree Education Foundation မှာ ဒေါင်းကိုယ်တိုင်လည်း တည်ထောင်သူတစ်ဦးအဖြစ်ပါဝင်တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ