Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင်မှာအထပ်မြင့်ပါကင်ကနေ ကားပြုတ်ကျပြီးယာဉ်မောင်းသေဆုံး

ဖိလစ်ပိုင် နိုင်ငံမှာ လေးထပ် ကားပါကင်ကနေ ကားနဲ့အတူ ပြုတ်ကျရာက ယာဉ်မောင်း အမျိုးသား သေဆုံးသွားခဲ့ပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ လေးထပ် ကားပါကင်ကနေ ကားနဲ့အတူ ပြုတ်ကျရာက ယာဉ်မောင်း အမျိုးသား သေဆုံးသွားခဲ့ပါတယ်။

ဖိလစ်ပိုင် နိုင်ငံမှာ လေးထပ် ကားပါကင်ကနေ ကားနဲ့အတူ ပြုတ်ကျရာက ယာဉ်မောင်း အမျိုးသား သေဆုံးသွားခဲ့ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့တုန်းက မက်ကက်တီမြို့ရဲ့ Citadines Benavidez အဆောက်အအုံ အထပ်မြင့် ကားပါကင်ကနေ ကားတစ်စီး ပက်လက်ကြီး ပြုတ်ကျလာပုံကို လုံခြုံရေး ကင်မရာတွေက ရိုက်ကူးမိထားခဲ့ပါတယ်။

မြို့ခံ ရဲတပ်ဖွဲ့ အကြီးအကဲ ပက်ဒရို အလာဂါနို ဂျူနီယာက အသက် ၅၅ နှစ်အရွယ် ယာဉ်မောင်းဟာ ကြေမွသွားတဲ့ ကားထဲမှာပဲ အသက်ဆုံးရှုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

ကနဦး စုံစမ်းမှုတွေအရ မော်တော်ကားဟာ ငါးထပ် ကားပါကင်ကနေ လေးထပ်ကို အဆင်းမှာ အမှားအယွင်း တစ်ခုခု ဖြစ်ခဲ့ပြီး အတားအဆီးတိုင် တစ်ခုကို ဝင်တိုက်ခဲ့ကြောင်း၊ ဒါပေမဲ့ ရပ်တန့်မသွားဘဲ နံရံကို ဖောက်ထွက်ပြီး အောက်ဖက်က ကားလမ်းပေါ် ပြုတ်ကျသွားကြောင်း သိရှိရပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်လာတဲ့အခါ ယာဉ်မောင်းက အသက်မရှူတော့သလို သွေးခုန်နှုန်းလည်း စမ်းမရတော့ဘူးလို့ ပြောပါတယ်။ နောက်တော့ ရဲတွေက ယာဉ်မောင်း သေဆုံးသွားပြီ ဆိုတာကို အတည်ပြုခဲ့ပါတယ်။

အဆောက်အအုံ စီမံခန့်ခွဲမှုကို တာဝန်ယူထားတဲ့ Ascott Limited Philippinesက အိမ်ငှားနေထိုင်သူ တစ်ဦးရဲ့ မော်တော်ကား လမ်းပေါ်ပြုတ်ကျပြီး လူသေမှု ဖြစ်ခဲ့တဲ့ သတင်းကို သတိပြုမိကြောင်း၊ စုံစမ်းစစ်ဆေးမှုတွေမှာ အပြည့်အဝ ပူးပေါင်း ပါဝင်နေပေမယ့် လတ်တလောမှာတော့ နောက်ထပ် အချက်အလက်တွေ မထုတ်ပြန်နိုင်သေးကြောင်း ပြောပါတယ်။

ကားပြုတ်ကျပြီးတဲ့နောက် အနီးတဝိုက်မှာ သံတိုသံစတွေ၊ မှန်ကွဲစတွေပါ လွင့်စဉ် ပျံ့နှံ့ကုန်ခဲ့ပြီး နာရီပိုင်း အကြာမှာတော့ အပျက်အစီးတွေကို ရှင်းလင်းပြီးစီးခဲ့ပါတယ်။ အခုဖြစ်ရပ်ကြောင့် မြေပြင်ပေါ်မှာ ရှိနေသူတွေတော့ ဒဏ်ရာမရခဲ့ပါဘူး။

ကိုးကား: ABS-CBN

ဆက်စပ်သတင်းများ