Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနဲ့ဝက်လက်ဒေသမှ သပိတ်အင်အားစုတွေက စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ဝက်လက်ဒေသက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့တာတွေ ဒီကနေ့ (ဧပြီ ၃)မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွှေဘိုလူထုသပိတ်၊ ဝက်လက်သပိတ်

ဧပြီ−၃၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ဝက်လက်ဒေသက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့တာတွေ ဒီကနေ့ (ဧပြီ ၃)မှာ ပြုလုပ်ခဲ့ပါတယ်။

ဝက်လက်ဒေသမှာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ လှေပို့ဆိပ်ကျေးရွာနဲ့ ရေဂမိုးကျေးရွာက ပြည်သူတွေကို ဆန်တွေ သွားရောက်ထောက်ပံ့ခဲ့ပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်ရသော အချိန်ကြာမြင့်လာတာကြောင့် နေထိုင်စရာအခက်အခဲ၊ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝက်လက်သပိတ်အင်အားစုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်မှာလည်း စားဝတ်နေရေး ခက်ခဲနေတဲ့ စစ်ရှောင်ပြည်သူ ကလေးမိခင်တွေကို အလှူရှင်တွေကိုယ်စား ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ကျပ်တစ်သိန်းစီ ကူညီထောက်ပံ့ခဲ့ပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အရေးပေါ်လိုအပ်နေသော ယင်လုံအိမ်သာတွေကို အလှူရှင်ကိုယ်စား ရွှေဘိုမြို့နယ်သပိတ်အင်အားစုမှ သွားရောက်ကူညီလှူဒါန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။