Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေနဲ့ ဆက်တိုက်တွေ့ဆုံဆွေးနွေးနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ဟာ ဇူလိုင် ၂၁ရက်မှာ မွန်လက်နက်ကိုင်တပ်တွေအပါအဝင် မွန်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့ ဇူလိုင် ၂၆ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ စစ်မှုထမ်းအပတ်စဥ် (၂၇)အတွက် လူငယ်တွေ အမြန်ပို့ပေးဖို့နဲ့ ပျက်ကွက်ရင်အရေးယူမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ခြိမ်းခြောက်ထားကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့အပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသအများစုမှာ ဒီက​နေ့ည​နေပိုင်းကစပြီး အင်တာနက်လိုင်း​တွေ ​ပြတ်​တောက်တာ ၊နှေး​ကွေးတာ​တွေ ဖြစ်​နေတယ်လို့ ပြည်သူ​တွေက​ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် မောင်းမကန် နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်ဆင်ရေးရုပ်သံမှတ်တမ်းကို စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေကို အာဏာသိမ်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုအရှိန်မြှင့်လုပ်ဆောင်ခဲ့လို့ အောက်တိုဘာ ၂၉ရက်က ၃၁ရက်အထိ သုံးရက်တာအတွင်း အာရက္ခပြည်သူ ၁၂ဦး သေဆုံးကာ ၃၀ကျော်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူတွေမှာ ကလေးငယ် ၄ဦးပါဝင်ကြောင်း AAက ထုတ်ပြန်ထားပါတယ်။

သတင်း

ရန်ကုန်မြို့ ၊မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံနယ်မြေရဲစခန်းကနေ ကင်းပတ်ဖို့ ထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်ပစ်ဗုံးတွေ ၊မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာ ထိခိုက်မှုရှိတယ်လို့ Yangon Army အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကိုပြောပါတယ်။

သတင်း

အောက်တိုဘာ-၃၁၊၂၀၂၅။တေဇ/People’s Spring စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဝါဒဖြန့်တဲ့ ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ ဇာတ်ကားနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ဒါရိုက်တာကိုပေါက်ရဲ့ ပို့စ်ကို အသဲ ပေးတာကြောင့် ဆိုပြီး ဒါရိုက်တာဇဗ္ဗူထွန်းသက်လွင်ကို စစ်ကောင်စီက မတရားဖမ်းဆီးလိုက်ပါတယ်။ ဒါရိုက်တာဇဗ္ဗူထွန်းသက်လွင်ကို ဖမ်းဆီးဖို့ ပြီးခဲ့တဲ့ ရက်ကတည်းက စစ်ကောင်‌စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ...

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို သရော်ထားတဲ့ လင်းလင်းရဲ့ ခဝါသည် ‌ကရေစီ ရွေးကောက်ပွဲ သီချင်း ကို ယူကျူ့မှာ ကြည့်ရှူသူ တစ်သန်းရရင် စစ်ရှောင်တွေကို သိန်း ၅၀ လှူမယ်လို့ စာရေးဆရာ ကို ဖြိုးသီဟ နဲ့ မိတ်ဆွေတွေ ပူးပေါင်းပြီး Challenge လုပ်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စစ်ကြောင်းတချို့ ပြန်လည်လှုပ်ရှားလာလို့ စစ်ရေးသတိပြုကြဖို့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA၊KPDF)နဲ့ နီးစပ်သူတွေက သတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်မှာ စစ်ကောင်စီတပ်ကဘုန်းကြီးကျောင်းအပါအဝင်ပြည်သူတွေရဲ့နေအိမ် ၆၀၀ ကျော်ကို ကျူးကျော်ဆိုပြီး ဖယ်ရှားနေပါတယ်။

သတင်း

ပြည်တွင်းမှာ ဒီနေ့(အောက်တိုဘာ ၃၁ရက်)စတင်ရုံတင်ပြသတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ နတ်ဝင်သည် ရုပ်ရှင်ကို Boycott ပြုလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေဘက်က တောင်းဆိုမှုတွေ ပြုလုပ်နေပါတယ်။

သတင်း

နှစ်ရက်အတွင်း AAထိန်းချုပ်မြို့နယ် ၆ခုကို လေကြောင်းတိုက်လို့ အရပ်သား ၁၂ဦးသေ၊ ၃၀ကျော်ဒဏ်ရာရ

Facebook