Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်အပါအဝင် ​ဒေသအများစုမှာအင်တာနက်လိုင်းပြတ်​တောက်တာ၊​နှေး​ကွေးတာ​တွေဖြစ်​နေ

ရန်ကုန်မြို့အပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသအများစုမှာ ဒီက​နေ့ည​နေပိုင်းကစပြီး အင်တာနက်လိုင်း​တွေ ​ပြတ်​တောက်တာ ၊နှေး​ကွေးတာ​တွေ ဖြစ်​နေတယ်လို့ ပြည်သူ​တွေက​ပြောပါတယ်။

နိုဝင်ဘာ-၁၊၂၀၂၅။ People’s Spring

ရန်ကုန်မြို့အပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသအများစုမှာ ဒီက​နေ့ည​နေပိုင်းကစပြီး အင်တာနက်လိုင်း​တွေ ​ပြတ်​တောက်တာ ၊နှေး​ကွေးတာ​တွေ ဖြစ်​နေတယ်လို့ ပြည်သူ​တွေက​ပြောပါတယ်။

ဒီနေ့ ညနေပိုင်းကစတင်ပြီး ရန်ကုန်မြို့ရဲ့ မြို့နယ်တိုင်းမှာ အင်တာနက် ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ညနေ ၃ နာရီလောက်ကစတင်ပြတ်တောက်ခဲ့သလို ညပိုင်းအထိ သုံးလို့ အဆင်မပြေသေးဘူးလို့ ဒေသခံ‌ တွေကပြောပါတယ်။

“ဝိုင်ဖိုင်တွေက သုံးမရဘူး။ ဒေတာနဲ့က သုံးလို့တော့ရတယ်။ လိုင်းမကောင်းဘူး” လို့ ကမာရွတ်မြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

Myanmar Boardband Telecom (MBT) ကုမ္ပဏီနဲ့ Chindwin Net ကုမ္ပဏီတွေကတော့ သူတို့ရဲ့ ပင်မဆက်ကြောင်း Error ကြောင့် ဒီနေ့နေ့လည်ကစတင်ပြီး အင်တာနက်လိုင်းမတည်ငြိမ်တာ ၊ မီးစိမ်းနေပေမယ့် အင်တာနက်မရရှိတာ ၊ လိုင်းမကောင်းတာတွေဖြစ်နိုင်တယ်လို့ အသိပေးထားပါတယ်။

အဲဒီ့ကုမ္ပဏီတွေက မကြာခင်အချိန်အတွင်း အမြန်ဆုံးပြင်ဆင်ဆောင်ရွက်မယ်လို့ စာထုတ်ပြန်ထားပေမယ့် ညပိုင်းအထိတော့လိုင်း​တွေ​နှေး​ကွေး ​နေတယ်လို့ လှိုင်မြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

“ဝိုင်ဖိုင်က ဘာမှကိုမပေါ်တာ။ဒေတာကရပေမယ့် နှေးတယ်” လို့ ဒေသခံတစ်ဦးက ည ၁၀ နာရီ ခွဲ လောက်မှာ ပြောပါတယ်။

မန္တလေးမြို့နဲ့ အနီးတဝိုက်မှာလည်း ဒီကနေ့ညနေပိုင်းကတည်းက ဖိုင်ဘာအင်တာနက်လိုင်းရော မိုဘိုင်းအင်တာနက်လိုင်းများပါ သုံးစွဲရတာအဆင်မပြေမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လိုင်းက no internet access ခဏခဏဖြစ်တယ်။ ပြန်တက်လိုက်ကျလိုက်နဲ့လိုင်းလည်းမငြိမ် မီးကလည်းနီလိုက်ခဏနေရင်ပြန်စိမ်းသွားလိုက်နဲ့ဖြစ်နေတယ်။”လို့ အင်တာနက်သုံးစွဲသူတဦးက မှတ်ချက်ပြုထားပါတယ်။

ပြင်ဦးလွင်မြို့ ၊က​လေးမြို့ ၊ ဧရာဝတီတိုင်းကမြို့​တွေအပါအဝင် ​ဒေသအနှံ့မှာလည်း ဒီက​နေ့ အင်တာနက်လိုင်း​တွေပြတ်​တောက်​တာ ၊ ​နှေး​ကွေးတာ​တွေဖြစ်နေတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်က မိုဘိုင်း​အော်ပရေတာအားလုံးကို ထိန်းချုပ်လိုက်ပြီး အင်တာနက်ဖြတ်​တောက်မှုကို ပိုမိုပြုလုပ်လာပါတယ် ။ စစ်တပ်ကကျင်းပမယ်ဆိုတဲ့ ​ရွေး​ကောက်ပွဲနားနီးလာချိန်မှာ ပြည်တွင်းအင်တာနက်လိုင်း​​တွေပြတ်​တောက်လာတာဖြစ်ပါတယ်။ဒါအပြင် စစ်အုပ်စုက ​မြန်မာနိုင်ငံမှာ လူသုံးအများဆုံးလူမှုကွန်ယက်ဖြစ်တဲ့ ​ဖေစ်ဘွခ် မှာပြည်သူ​တွေ အသုံးပြုတာကို ပိုပြီးတင်းကြပ်လာပြီး လူမှုက့န်ယက်အသုံးပြုတာအ​ကြောင်းပြုခြိမ်း​ခြောက်တာ ဖမ်းဆီးတာ​တွေ ပိုလုပ်​နေပါတယ် ။

စစ်တပ်ရဲ့အင်တာနက်ဖြတ်​တောက်မှာ​တွေကို​အချက်အလက်စု​​ဆောင်း​ဖော်ပြ​ပေး​နေတဲ့

အသံအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်များအရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက် အထိ မြန်မာတနိုင်ငံလုံးမှာ အင်တာနက်လိုင်း ဖုန်းလိုင်းစတဲ့ ဆက်သွယ်ရေးလိုင်း​တွေဖြတ်တောက်ခံထားရတဲ့ မြို့နယ်ပေါင်း၁၃၂ ခုရှိတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ