Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ပြည်ကြီးတံခွန်မှာ စစ်တပ်က ကျူးကျော်ဆိုပြီး ပြည်သူတွေရဲ့နေအိမ် ရာချီဖယ်ရှား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်မှာ စစ်ကောင်စီတပ်ကဘုန်းကြီးကျောင်းအပါအဝင်ပြည်သူတွေရဲ့နေအိမ် ၆၀၀ ကျော်ကို ကျူးကျော်ဆိုပြီး ဖယ်ရှားနေပါတယ်။

ဖယ်ရှားခံရတဲ့ နေအိမ်ရှင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Screengrab

အောက်တိုဘာ-၃၁၊၂၀၂၅။မေရီ၊ ဆိုင်းမင်း /People’s Spring

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်မှာ စစ်ကောင်စီတပ်ကဘုန်းကြီးကျောင်းအပါအဝင်ပြည်သူတွေရဲ့နေအိမ် ၆၀၀ ကျော်ကို ကျူးကျော်ဆိုပြီး ဖယ်ရှားနေပါတယ်။

အောက်တိုဘာ ၃၀ ရက်ကစပြီး ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်၊ ဇောင်းကလောနဲ့ မြောက်ဥယျာဥ်ဘက်အပိုင်း အမြန်လမ်းမကြီးအနောက်ဘက်ခြမ်းရှိ နေအိမ်တွေကို ကျူးကျော်ဆိုပြီး စစ်တပ်က ရဲတွေ၊ စည်ပင်နဲ့ ထွေအုပ်ဝန်ထမ်းတွေနဲ့ အင်အား ၇၀ ကျော်သုံးကာ ယန္တရား ၇စီးဖြင့်ဖျက်စီးရှင်းလင်းသွားကြောင်း ​ဒေသခံများက ပြောပါတယ်။

“အိမ်ခြေ ၆၀၀ ကျော်ပါတယ် အဖျက်ခံရတာ။ ကလေးတွေ၊ သားသည်မိခင် ကိုယ်ဝန်ဆောင်တွေ သက်ကြီးရွယ်အိုတွေ သနားစရာပါ”လို့ ၎င်းအနီးတဝိုက် နေထိုင်သူ အမျိုးသမီးတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖယ်ရှားခံရတဲ့ နေအိမ်ရှင်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Screengrab

ဖျက်ဆီးခံရတဲ့အထဲမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတကျောင်းလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါမြေကွက်တွေဟာကျူးကျော်မဟုတ်ဘဲစာချုပ်စာတမ်းဖြင့် ဝယ်ယူထားတဲ့မြေကွက်တွေဖြစ်ကြောင်း၊ ယခုနေထိုင်သူတွေကို ဖယ်ရှားပြီးရင် စစ်ကောင်စီက အကွက်ရိုက်ပြန်ရောင်းစားမှာဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။

ရှင်းလင်းလိုက်တဲ့ မြေကွက်လပ်နေရာကို စီမံကိန်းဖော်ဆောင်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

စည်ပင်သာယာနယ်နိမိတ်အတွင်းမှာရှိနေတဲ့ ငွေတော်ကျီကုန်းရပ်ကွက် နေအိမ်တွေကို ကျူးကျော်လို့ ဆိုပြီး ၂၀၂၄ခုနှစ်ကတည်း ဖယ်ရှားပေးဖို့ အကြောင်းကြားစာ ပို့ထားတယ်လို့ သိရပါတယ်။

အဲဒီနေရာမှာနေထိုင်ကြသူ လူဦးရေတစ်သောင်းကျော်ရှိပြီး ခေတ်ဆက်ဆက် အရောင်းအဝယ်အဆင့်ဆင့်နဲ့ဝယ်ယူနေထိုင်နေကြတာပါ။

ငွေတော်ကျီကုန်းရပ်ကွက်က မန္တလေးအဝင် တံခွန်တိုင်အဝိုင်း ၊ချမ်းမြရွှေပြည်ကားကွင်း(ယာယီ)အနီးတို့မှာ တည်ရှိပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂အတွင်းကလည်း မန္တလေးမြို့အရှေ့ပိုင်း ပုသိမ်ကြီး၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်မြို့နယ်တွေက နေအိမ်တွေရာချီ ယခုလိုပဲ ဖယ်ရှားရှင်းလင်းခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ