Connect with us

Hi, what are you looking for?

သတင်း

ရွှေပေါက္ကံရဲစခန်းက ကင်းပတ်ဖို့ထွက်လာတဲ့ ရဲတွေကို ​​တော်လှန်​ရေးနှစ်ဖွဲ့တိုက်ခိုက်

ရန်ကုန်မြို့ ၊မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံနယ်မြေရဲစခန်းကနေ ကင်းပတ်ဖို့ ထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်ပစ်ဗုံးတွေ ၊မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာ ထိခိုက်မှုရှိတယ်လို့ Yangon Army အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကိုပြောပါတယ်။

ရွှေပေါက္ကံရဲစခန်း ​ရှေ့ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ

နိုဝင်ဘာ-၁၊၂၀၂၅။သတိုး/ People’s Spring

ရန်ကုန်မြို့ ၊မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံနယ်မြေရဲစခန်းကနေ ကင်းပတ်ဖို့ ထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်ပစ်ဗုံးတွေ ၊မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာ ထိခိုက်မှုရှိတယ်လို့ Yangon Army အဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကိုပြောပါတယ်။

“ ကင်းပတ်ဖို့ထွက်လာမယ့်အချိန်စောင့်ပြီးဆော်ထည့်လိုက်တာ။အနည်းဆုံး၂ကောင်တော့တိုက်ရိုက်ထိနိုင်တယ်၊” လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။

အဲဒီ့စစ်ဆင်ရေးကို ယ​နေ့(အောက်တိုဘာ၃၁ရက်) ည ၁၀နာရီကျော်မှာ Yangon Army နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ရွှေပေါက္ကံနယ်မြေရဲစခန်းက ရဲတွေက ညဆယ်နာရီ ဝန်းကျင်ဆိုရင် ဆိုင်ကယ်တွေနဲ့ ကင်းပတ်ထွက်တာကြောင့် ဆိုင်ကယ်တွေ ထွက်ထွက်ခြင်းမှာပဲ မိုင်းတစ်လုံး၊ လက်ပစ်ဗုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ရွှေပေါက္ကံရဲစခန်းနားမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပြီး ရဲတွေထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံကသတင်းပေးပို့ကြောင်း Hlaing Info ရဲ့ တယ်လီဂရန်ချန်နယ်မှာ ည ၁၀ နာရီ ၄၇ မှာ ဖော်ပြထားပါတယ်။

ရဲတွေက ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးတာကြောင့် အနည်းဆုံး နှစ်ယောက်ထိခိုက်နိုင်ပြီး ထိခိုက်တဲ့ အရေအတွက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

Yangon Army အဖွဲ့ကအောက်တိုဘာ ၃၀ ကလည်းရွှေပြည်သာမြို့နယ်( ၇) ရပ်ကွက်ရုံးကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဒီလထဲမှာပဲ လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ မင်္ဂလာဒုံမြို့နယ် ကြံ့ဖွံ့ရုံးတွေကိုလည်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ