Connect with us

Hi, what are you looking for?

သတင်း

မောင်းမကန်ရဲစခန်းတိုက်ခိုက်တဲ့ ရုပ်သံ ထုတ်ပြန်

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် မောင်းမကန် နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်ဆင်ရေးရုပ်သံမှတ်တမ်းကို စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - ဒူရကစစ်ကြောင်း

နိုဝင်ဘာ-၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် မောင်းမကန် နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်ဆင်ရေးရုပ်သံမှတ်တမ်းကို စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)ရဲ့ ဒူရကစစ်ကြောင်း၊ ထားဝယ်ခရိုင် တပ်ပေါင်းစု၊ ဒေါနတပ်ခွဲ (၇) ၊ ဒေါနတပ်ခွဲ (၄)၊ DGRF (ထားဝယ်-ပကဖ) ၊ နည်းဗျူဟာ (၃၃)၊ ရာမညမွန်တပ်တော်၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ ကိုမြတ်သူအဖွဲ့ တို့ဟာ အောက်တိုဘာ ၂၆ရက်မှာ မောင်းမကန်နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ထုတ်ပြန်ခဲ့တဲ့ ရုပ်သံမှတ်တမ်းမှာ တော်လှန်ရေးရဲဘော်တွေဟာ မောင်းမကန်နယ်မြေရဲစခန်းကို မော်တော်ယာဉ်ပေါ်က ဦးစွာပစ်ခတ်တိုက်ခိုက်ကာ စခန်းအတွင်း တဆင့်ခြင်းဝင်ရောက်ကာ ရဲစခန်းဝင်းအတွင်းက အဆောက်အဦးတခုချင်းစီကို တိုက်ခိုက် ရှင်းလင်းခဲ့တာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ရဲစခန်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေကို ခုခံတိုက်ခိုက်ဖို့ အကာအကွယ်တွေ၊ ကတုတ်ကျင်းတွေ အခိုင်အမာ ပြင်ဆင်ထားတာတွေ့ရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မောင်းမကန်နယ်မြေရဲစခန်းကို လေးနာရီကြာတိုက်ခိုက်ခဲ့ရတာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်း သေဆုံးကာ ထိခိုက်သူတွေနဲ့ ထွက်ပြေးသူတွေလည်းရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

အဲဒီ စစ်ဆင်ရေးမှာစစ်ကောင်စီတပ်ရဲ့ လက်နက်မျိုးစုံ ၂၁လက်နဲ့ ခဲယမ်း၊ကျည်များစွာကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းရခဲ့ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာ စစ်ရေးအရှိန်အဟုန် တိုးမြင့် ဆောင်ရွက်နေချိန်ဖြစ်လို့ စစ်ရေးအထူး သတိပြု သွားလာနေထိုင်ကြဖို့ လည်း ဒူရက စစ်ကြောင်းက တိုက်တွန်းလိုက်ပါတယ်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်က အချိန်မရွေး လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေ ရှိလာနိုင်လို့ ပြည်သူတွေ အနေနဲ့ လေကြောင်းရန် ကာကွယ်ရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လိုက်နာကျင့်ကြံဖို့လည်း တိုက်တွန်းထားပါတယ်။

တော်လှန်ရေးနဲ့ စစ်ရေးအရှိန်မြှင့်လာတာနဲ့အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီတပ်က စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင့် ခိုလှုံကြဖို့အမြန်ဆုံး ပူးပေါင်းပေးကြဖို့လည်း ဒူရကစစ်ကြောင်းက ဖိတ်ခေါ်ထားပါတယ်။

ဆက်စပ်သတင်းများ