Hi, what are you looking for?
စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီး မင်းကင်းမောင်မြင့်က ပြည်ပရောက်အလုပ်သမားကူညီစောင့်ရှောက်ရေးဆိုတဲ့ခေါင်းစဥ်နဲ့နေပြည်တော်မှာ အစည်းအဝေးလုပ်ပြီး ပြည်ပရောက်အလုပ်သမားတွေ မိသားစုထံငွေပြန်လွှဲရေး အတွက် အေဂျင်စီတွေကိုတာဝန်ယူကြပ်မတ်ဖို့ ဖိအားပေးနေပါတယ် ။
နိုဝင်ဘာ ၁၇၊ ၂၀၂၅။ဇော်ဝင်း/People’s Spring စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့အမျိုးသားလေးဦး ကျွန်းလှအချုပ်ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ သူတို့လေးဦးဟာ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပေါ်ကကန့်ဘလူမြို့နယ်၊ဘူးကုန်းစစ်ကောင်စီအထိုင်ဂိတ်မှာ အောက်တိုဘာ ၃၀ ရက်က နေ နိုဝင်ဘာ ၈ ရက်နေ့အတွင်း ဖမ်းဆီးခံခဲ့ရတဲ့သူတွေ လို့ ဆိုပါတယ်။ “၁၀ရက်နေ့ညက...
ချင်းညီနောင်သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကိုပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ဒီကနေ့ (နိုဝင်ဘာ ၁၇ရက်)မနက်ကစ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ကို ချင်းညီနောင်ရဲဘော်တွေအပြင် ချင်းပြည်ကောင်စီ ရဲဘော်တွေပါ ပူပေါင်းတိုက်ခိုက်နေကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။