နိုဝင်ဘာ – ၁၇ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း ၊ မြင်းခြံမြို့ပေါ်မှာတင်စစ်ကောင်စီတပ်က အခုလ နိုဝင်ဘာအတွင်း အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေ ခပ်စိပ်စိပ် ရှိလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
စစ်သားစုဆောင်းခံရသူတွေထဲမှာ ကျေးရွာတွေကနေ မြင်းခြံမြို့ပေါ် စျေးတက်ဝယ်သူတွေ ၊ အလုပ်လာလုပ်သူတွေနဲ့ ကျောင်းသားတွေ လည်း ပါဝင်တယ်လို့ မြို့ခံ အချို့က ဆိုပါတယ်။
“ အကုန်လုံးတွေ့တဲ့သူဆွဲတော့တာ၊အလုပ်သွားအလုပ်ပြန်တွေ၊ညလူခြေတိတ်ချိန် အိမ်ပေါ်ထိဆွဲခံသူတွေရှိနေတယ်”လို့ မြင်းခြံဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။

Public Service Announcement
မြင်းခြံမြို့ပေါ်ရှိ အမှတ်(၁)၊ အမှတ်(၂)၊အမှတ်(၄)၊ အမှတ်(၆)၊ အမှတ်(၁၄)၊အမှတ်(၁၆)၊အမှတ် (၁၈)နဲ့အမှတ်(၁၉)ရပ်ကွက်တွေမှာ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူတွေရှိခဲ့တယ်လို့သိရပါတယ်။
နိုဝင်ဘာလတတိယပတ်အထိမှာတင် မြင်းခြံမြို့ပေါ်မှာ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူ ဦးရေ တစ်ရာ ထက်မနည်း ရှိတယ်လို့ မြိုခံတွေက ဆိုပါတယ်။ ဒါပေမယ့် အဲဒီအရေအတွက်ကို သီးခြားအတည်မပြုနိုင်ပါဘူး။
















































