Connect with us

Hi, what are you looking for?

သတင်း

ရေဦး၊ခင်ဦး နဲ့ ကန့်ဘလူနယ်စ​ပ်ကရွာပေါင်း ၂၀ ကျော်တိမ်းရှောင်နေရပြီးအကူအညီတွေလိုအပ်နေ

စစ်ကိုင်းတိုင်း၊ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်စပ်မှာတိုက်ပွဲတွေကြောင့်ကျေးရွာပေါင်း၂၀ ကျော် တိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူတွေဟာ အကူအညီတွေလိုအပ်နေပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

နိုဝင်ဘာ-၁၇၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်စပ်မှာတိုက်ပွဲတွေကြောင့်ကျေးရွာပေါင်း၂၀ ကျော် တိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူတွေဟာ အကူအညီတွေလိုအပ်နေပါတယ်။

နိုဝင်ဘာဒုတိယပတ်အတွင်းဖြစ်ပွားနေတဲ့ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူနယ်အစပ်ကတိုက်ပွဲတွေကြောင့် ရေဦးနဲ့ခင်ဦးနယ်က ကျောက်တိုင်၊ကျီစု၊ ကန့်ဘလူနယ်က ဝက်တိုး၊အိုင်ပေါင်းချောင်၊ယင်းတိုက်၊ ခင်ဦးနယ်က ငါးရုံကြီး၊ရှားတော၊မုံလှ၊သာဝတ္ထိ၊မြင်းကျ၊သရက်ကုန်း၊ကျွန်းတောကြီး၊ကျွန်းတောလေး(ဥယျာဉ်)၊ မကျီးအုပ်၊ယာတော်၊မြင်းဒေါင်း၊သရက်ပင်စု၊အင်တိုင်းလေးတောင်/မြောက်၊သက်သာပန်းတောင်း(ကားဆိပ်)ရွာတွေက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက်ကလည်း အင်အား ၃၀ဝ ခန့်ပါ စစ်တပ်စစ်ကြောင်းဟာကျောက်တိုင်ရွာကိုဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်းခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရက်ရှည်လာတာနဲ့အမျှ စစ်ရှောင်တွေအတွက် နေစရာ စားစရာ အခက်အခဲတွေ များလာတဲ့အပြင် ဆောင်းရာသီအကူးမှာ ကျန်းမာရေးမကောင်းမှုများ အများစုဖြစ်လာကြောင်း သိရပါတယ်။နေစရာ ဖြစ်သလို တိမ်းရှောင်နေကြရတဲ့အတွက်ကြောင့် ကိုယ်ဝန်ဆောင်မိခင်သည်များ၊ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအဓိက နာမကျန်းဖျားနာမှုတွေရှိနေပြီဖြစ်ပါတယ်။”လို့ အထက်ပါအဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက်က ကန့်ဘလူမြို့နယ်မှ ခင်ဦးဘက်သို့စစ်ကြောင်းထိုးလာတဲ့အင်အား ၁၀၀ ကျော်ပါ တပ်မ ၃၃ လက်​အောက်ခံစစ်​ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းပျက်ပြီး စစ်ကြောင်းမှူးအပါ စစ်သား ၅၀ ဦး သေဆုံးကာ စစ်သုံ့ပန်း ၁၅ ဦးနဲ့ လက်နက်ခဲယမ်းတွေကို ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။