Connect with us

Hi, what are you looking for?

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ထောက်ရှာပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

သတင်း

ခရီးသည်တင် လေယာဉ်တစ်စီးကို NATO စစ်မဟာမိတ် အဖွဲ့ရဲ့ တိုက်လေယာဉ်တွေက ကြားဖြတ် စောင့်ကြည့်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ဟောင်ကောင် အရပ်ဖက် လေကြောင်း ကွပ်ကဲရေးဌာန (CAD)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့သော ဖျော်ဖြေရေးလုပ်ငန်းတွေ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ မဟုတ်မမှန် ဖော်ပြချက်တွေကို ပြင်းထန်စွာရှုတ်ချကြောင်း KNUက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်-ရေဖြူ-မလွဲတောင် လမ်းပိုင်း၌ တိုက်ပွဲပြင်းထန်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကိုက ခရီးသွားပြည်သူများကို အသိပေးခဲ့ပြီး ဩဂုတ် ၁၅ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာခဲ့ဟု ပြောသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၆)မှာ စစ်အာဏာရှင်ဆန့်ကျင်ဖို့နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုံ့ဆော်မှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပခုက္ကူမြို့၊ အမှတ်(၁၀၁)‌ခြေမြန်တပ်မဌာနချုပ်ထဲမှ တင့်ကားနှစ်စီးအပါအဝင် စစ်ကား ၁၃၆စီးသည် လေကြောင်းပစ်ကူယူပြီး ပေါက်မြို့နယ်မှတစ်ဆင့်ယောဒေသဘက်သို့ ဦးတည်ထွက်ခွာလာသည်။

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့ရှိစစ်ကောင်စီ၏အမှတ်(၃၆၆)အမြောက် တပ် (အမတ−၃၆၆)တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ် အချို့က ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်ရှိ ပိန်းဇလုပ်မြို့ရထားလမ်းကုန်းအနီး စစ်ကောင်စီ၏ ဘုန်းယကီးကျောင်းဂိတ်တွင် ကရင်လူငယ်တဦး အဖမ်းခံရပြီး ငွေပေးမှပြန်လွှတ်ပေးဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ရာဂဏန်းကျော် အလင်းဝင်ရောက်နေကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဩဂုတ် ၁၆ရက်) ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှလောက်ကိုင်မြို့အပါအဝင်ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ဒေသအချို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှတာချီလိတ်မြို့တွင် မိုးကြီးပြီးနောက် ရေးဘေးတကျော့ပြန်ရင်ဆိုင်နေရသည်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ရထားလမ်းသံလမ်းဘေးက နေအိမ်တွေ ဖယ်ရှားပေးဖို့ စစ်ကောင်စီက အမိန့်ထုတ်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ပလမြို့တွင်ဇူလိုင်၂၄ရက်မှ ယနေ့ ဩဂုတ် ၁၆ရက်အထိ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များ ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည်ရွေးကောက်ပွဲအကြောင်းပြုပြီးနယ်မြေပြန်ရယူရန်အတွက်သပ်သျှိုခြင်း၊ညီညွတ်မှုဖြို ဖျက်ခြင်း၊မက်လုံးပေးခြင်းနှင့် လူထုကိုအမျိုးမျိုးမြူဆွယ်လိမ့်မည်ဟု ကရင်နီပြည်တပ်မတော် (KA)စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေးပြောကြားသည်။

Facebook