သတင်း မြဝတီမှာ DKBAကတ်ပြားတွေနဲ့ ပြန်ပေးဆွဲတဲ့ လူမိုက်အဖွဲ့ကို BGF ပစ်ခတ်ဖမ်းဆီး၊ ၁ ဦး အသေဖမ်းမိ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ရဲ့ ကတ်ပြားတွေပါရှိတဲ့ လှိုင်သာယာမြို့နယ်က လူမိုက်အဖွဲ့က ပြန်ပေးဆွဲမှုလုပ်ခဲ့လို့ ပစ်ခတ်ဖမ်းဆီးခဲ့တာမှာ တစ်ဦးကိုအသေဖမ်းမိတယ်လို့ကရင်နယ်ခြားစောင့်တပ်(BGF)က တာဝန်ရှိသူတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။ ludunwayooဇူလိုင် 16, 2025
သတင်း ကျုံဒိုး ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေ၊ ခွဲထွက် DKBA ခေါင်းဆောင်ဗိုလ်ဘိ ဒဏ်ရာရတဲ့သတင်း သတင်းမှားသာဖြစ် ကရင်ပြည်နယ် ၊ ကျုံဒိုး - ကော့ကရိတ် လမ်းပိုင်းကို စိုးမိုးနိုင်ဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၊ ခွဲထွက် DKBA တို့နဲ့ KNU ပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဇူလိုင် 16, 2025
သတင်း စစ်ကောင်စီရွေးကောက်ပွဲမတိုင်မီ စစ်ရေး၊ နိုင်ငံရေးတစ်ဆင့်တက်ရန်လိုဟုဒေါက်တာဇော်ဝေစိုးပြော NUG ပြုပြင်ပြောင်းလဲရေးလုပ်နေပြီး ပြည်တွင်း၌ ဝန်ကြီး ၉ ဦးအခြေချအလုပ်လုပ်နေဟုဆို ludunwayooဇူလိုင် 16, 2025
သတင်း တော်လှန်ရေးတပ်များ စစ်ရေးအတွေ့အကြုံရနေချိန် စစ်ကောင်စီက စိတ်ဓာတ်ပျက်နေပြီး တပ် ပြင်မထွက်ရဲတော့ဟု ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ဗိုလ်ကြီးမျိုးဆွေဦးပြော အာဏာသိမ်းစစ်ကောင်စီတပ်တွင်းရှိ တပ်သားများအနေဖြင့် စိတ်ဓာတ်ပိုင်းပျက်နေပြီးတော်လှန်ရေးရဲဘော်များဘက်က စိတ်ဓာတ်ပိုင်းဆိုင်ရာအသာစီးရထားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ထံ ဘက်ပြောင်းလာသည့် ဗိုလ်ကြီးမျိုးဆွေဦးက ပြောကြားသည်။ ludunwayooဇူလိုင် 16, 2025
သတင်း နောင်ချိုမြို့တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမည်ဖြစ်၍ ပြည်သူများ ကြားမညှပ်မပိတ်မိစေရေး လုံခြုံရေးသတိထားရန် TNLA ထုတ်ပြန် စစ်ကောင်စီ၏ ပြင်းထန်သည့် ထိုးစစ်ကြောင့် မြို့ရှိ PSLF/TNLA အရပ်ဘက်ရုံးများ လုံခြုံရာသို့ ရွှေ့ထားရဟု အသိပေး ludunwayooဇူလိုင် 16, 2025
သတင်း ရွှေညဝါဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပန နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ လူသိများထင်ရှားသူ ရွှေညဝါ ဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပန ကို မှော်ဘီမြို့ ၊ ရွှေညဝါတောရသာသနာပြုကျောင်းတိုက်မှာ ဒီနေ့မှာ ပြုလုပ်နေပါတယ်။ ludunwayooဇူလိုင် 16, 2025
သတင်း ဗန်းမောက်မြို့နယ် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီ SNA ကင်းစခန်းကို PDF တိုက်ခိုက် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် နယ်မြေချဲ့အထိုင်ချထားသည့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ ကင်းစခန်းကို တိုက်ခိုက်ခဲ့ကြောင်း ကသာခရိုင်အမှတ်(၄)တပ်ရင်းက ပြောသည်။ ludunwayooဇူလိုင် 16, 2025
သတင်း ဖားကန့်တိုက်ပွဲ ဆက်ပြင်းထန်၊ စစ်ကောင်စီ လေကြောင်း ထပ်မံတိုက်ခိုက် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး ယနေ့(ဇူလိုင် ၁၆)တွင်လည်း စစ်ကောင်စီက လေကြောင်းမှ အပြင်အထန်ဗုံးကြဲတိုက်ခိုက်နေသည်။ ludunwayooဇူလိုင် 16, 2025
သတင်း နောင်ချိုတစ်မြို့လုံးနီးပါးကိုစစ်ကောင်စီထိန်းချုပ်၊ မြို့ရပ်ကွက်အချို့မှာတိုက်ပွဲတွေဆက်လက်ဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ တစ်မြို့လုံးနီးပါးကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒီကနေ့ (ဇူလိုင် ၁၆ရက်) မနက်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။ ludunwayooဇူလိုင် 16, 2025
သတင်း လေကြောင်းမှဗုံးကြဲ၍နေ့စဥ်ပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီကို နိုင်ငံတကာကချက်ချင်းအရေးယူပေးရန် KnHRG တောင်းဆို နေ့စဥ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုဖြင့် အရပ် သားများအား သတ်ဖြတ်နေသည့် စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ ချက်ချင်းချမှတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းကို ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ယနေ့ (ဇူလိုင် ၁၆ ရက်) တောင်းဆိုသည်။ ludunwayooဇူလိုင် 16, 2025