Connect with us

Hi, what are you looking for?

သတင်း

လုံခြုံရေးကြောက်လို့ ၄နှစ်ကျော်ကြာအပြင်ထွက်ခွင့်ပိတ်ထားတဲ့ ပြင်ဦးလွင်ကျောင်းက ဗိုလ်လောင်းတွေ အပြင်ထွက်ခွင့်ပြန်ပေး

စစ်တပ်အာဏာသိမ်းအပြီးကတည်းက ၄နှစ်ကျော်ကြာ လုံခြုံရေးကြောင့် အပြင်မထွက်ရဲတဲ့ ပြင်ဦးလွင်မြို့က စစ်တပ်ရဲ့ စစ်တက္ကသိုလ်(DSA)နဲ့ တပ်မ​တော်နည်းပညာတက္ကသိုလ် (DSTA)က ဗိုလ်လောင်းတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ် အပြင်ထွက်ခွင့်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၁ရက် တနင်္ဂနွေနေ့က ဗိုလ်လောင်းတွေ အပြင်ထွက်လာစဉ်။ ဓာတ်ပုံ − စကစ

■တမြို့လုံး တနေကုန် ပိတ်ဆို့စစ်ဆေးပြီးမှ အပြင်ထွက်တာလို့ ပြင်ဦးလွင်မြို့ခံတွေပြော

စက်တင်ဘာ၂၊၂၀၂၅၊မေ/People’s Spring

စစ်တပ်အာဏာသိမ်းအပြီးကတည်းက ၄နှစ်ကျော်ကြာ လုံခြုံရေးကြောင့် အပြင်မထွက်ရဲတဲ့ ပြင်ဦးလွင်မြို့က စစ်တပ်ရဲ့ စစ်တက္ကသိုလ်(DSA)နဲ့ တပ်မ​တော်နည်းပညာတက္ကသိုလ် (DSTA)က ဗိုလ်လောင်းတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ် အပြင်ထွက်ခွင့်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၁ရက် တနင်္ဂနွေနေ့ မနက်အစောတည်းကစပြီး စစ်တပ်က ပြင်ဦးလွင်တမြို့လုံးကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ပြီးနောက် ဗိုလ်လောင်းတွေကို အပြင်ထွက်ခွင့်ပေးခဲ့တာလို့ အဲဒီမြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်၊ရဲနဲ့ ပြည်သူ့စစ်တွေအပြင် ယာဉ်ထိန်းရဲတွေ အများအပြားနဲ့ ပြင်ဦးလွင်မြို့က လမ်းဆုံနေရာတွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ ကားနဲ့ဆိုင်ကယ်တွေကို ပိတ်ဆို့စစ်ဆေးခဲ့တာဖြစ်ပါတယ်။

စစ်ဆေးမှုတွေကြောင့် အပြင်ထွက်သူနည်းပါးပြီး တနေ့လုံး ပုံမှန်ရက်ထက် ကားနဲ့ဆိုင်ကယ်အသွား၊အလာ ရှင်းလင်းခဲ့ပါတယ်။

” စစ်ဆေးတာများတယ်ဆိုပြီး တွေးနေတာ နောက်မှ ဗိုလ်လောင်းတွေ အပြင်ထွက်တယ်ဆိုတာ သိရတာ။ သူတို့(ဗိုလ်လောင်း)တွေ အန္တရာယ်မဖြစ်အောင် တမြို့လုံးစစ်တာ”လို့ ပြင်ဦးလွင်မြို့ခံတဦးက ပြောပါတယ်။

ပုံမှန်အနေနဲ့ တနင်္ဂနွေနေ့တိုင်း အပြင်ထွက်ခွင့်ရတဲ့ ဗိုလ်လောင်းတွေဟာ ကိုဗစ်ကပ်ရောဂါကာလနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးကြောက်ရွံ့ပြီး အပြင်ထွက်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်မြို့နဲ့ အနီးဆုံးကပ်ဆုံးမြို့ဖြစ်တဲ့ နောင်ချိုမြို့ကို စစ်တပ်ကပြန်လည်သိမ်းယူပြီးတဲ့နောက်မှာ ယခုလို ဗိုလ်လောင်းတွေကို အပြင်ထွက်ခွင့် ပြန်ပေးလိုက်တာလို့ သိရပါတယ်။

“ပြီးခဲ့တဲ့ တနင်္ဂနွေမှာ Outpass စပေးတာ တွေ့ရတယ်။ယူနီဖောင်းတွေနဲ့ အရင်လိုပြန်ပေးတာ။နောက်လည်း စပေးပြီလို့ ပြောတယ်။မြို့ကိုလုံခြုံရေး သူတို့ထိန်းနိုင်ပြီဆိုတာကို ပြတဲ့သဘောပဲ”လို့ မြို့ခံတဦးက ပြောပါတယ်။

ယခုလို အပြင်ထွက်ခွင့်ပြန်ပေးလိုက်တာဟာ လုံခြုံရေးထိန်းနိုင်ကြောင်း ပြတာဖြစ်သလို ယခုနှစ်အတွင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗိုလ်လောင်း ခေါ်ယူမယ့် ဗိုလ်လောင်းတွေကိုမဲစွယ်ဖို့လည်း ဖြစ်နိုင်တယ်လို့ မြို့ခံတဦးကလည်း ပြောပါတယ်။

ယခုနှစ်အတွက် ဗိုလ်လောင်းဝင်ခွင့်တွေကို စစ်တပ်က ထပ်မံခေါ်ယူနေပြီး နိုဝင်ဘာလ ကျောင်းဆင်းပွဲအပြီးမှာ အတန်းသစ်စမှာဖြစ်ပါတယ်။

လက်ရှိမှာလည်း ပြင်ဦးလွင်မြို့နယ်ကနေ မိုးကုတ်မြို့နယ်ဘက်ခြမ်းကိုသွားတဲ့ ကျေးရွာတွေဘက်မှာတိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က မေစိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ ဧပြီ ၇ရက် မနက်က ဖြစ်ပွားခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့အနီးကျေးရွာအချို့မှာအကွက်ရိုက်ရောင်းချပြီး အုတ်တံတိုင်းခတ်ထားတဲ့ မြေကွက်တွေ ကိူ ဖယ်ရှားရှင်းလင်းနေတယ်လို့ဒေသခံအချို့က အသိပေးပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်အုပ်စုစီစဥ်တဲ့ ပန်းပွဲတော်ကိုလည်ပတ်သူတွေများလို့ ဟိုတယ်အများစု အခန်းပြည့်နေကြောင်း သွားရောက်လည်ပတ်ကြမယ့်သူတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ ၈ထပ်ရေတံခွန်တောင်မှာ ရေကစားသူ ၅ဦး တောင်ကျရေကြောင့် အောက်ကိုပြုတ်ကျခဲ့ရာ ရုရှားနိုင်ငံသားတဦးကိုကယ်နိုင်​​ပေမယ့်အမျိုးသမီးနှစ်ဦးသေဆုံးသွားပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးက အသိပေးထားပါတယ်။