Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆို − ဖရူဆိုလမ်းပိုင်းထိန်းချုပ်ရေး စစ်တပ်က တင့်ကားနှင့် အတွဲလိုက်ဒုံးများ အသုံးပြုတိုက်ခိုက်လာ

ကရင်နီပြည်နယ်၊ ဒီးမော့ဆို − ဖရူဆို ပြည်ထောင်စုလမ်းပိုင်း ထိန်းချုပ်နိုင်ရေးစစ်တပ်ကတင့်ကားနှင့် အတွဲလိုက်ဒုံး MMRS များ အသုံးပြုတိုက်ခိုက်လာကြောင်း မြေပြင်ရှိ ရဲဘော်များနှင့် စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

စက်တင်ဘာ−၂၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆို − ဖရူဆို ပြည်ထောင်စုလမ်းပိုင်း ထိန်းချုပ်နိုင်ရေးစစ်တပ်ကတင့်ကားနှင့် အတွဲလိုက်ဒုံး MMRS များ အသုံးပြုတိုက်ခိုက်လာကြောင်း မြေပြင်ရှိ ရဲဘော်များနှင့် စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

ဒီးမော့ဆိုမြို့မှတဆင့် ဖရူဆိုမြို့နယ်သို့ချိတ်ဆက်ရာလမ်းပိုင်းနှင့် အဆိုပါလမ်းပိုင်းဘေးရှိ ကျေးရွာများအား စစ်တပ် စစ်ကြောင်းများဝင်ရောက်နေ၍ ဒေသခံပြည်သူများအရေးပေါ် စစ်ရှောင်နေရသည်ဟု ဆိုသည်။

“တင့်ကားနဲ့ကိုပစ်နေတာ။ပဒုံငံရွာကားလမ်းမအရှေ့ခြမ်းကိုထိုးလာတာ”ဟုကရင်နီ စစ်ရှောင်အရေးကူညီနေသူ ကိုလွှမ်းက ပြောသည်။

Public Service Announcement

Public Service Announcement

ပဒုံငံကျေးရွာသည် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ် အစပ်တွင်ရှိပြီး အဆိုပါကျေးရွာအနီးတွင်သော ကွိုင်ငံရွာသစ်၊ကွိုင်ငံရွာဟောင်းနှင့် ငံရိုးကျေးရွာရှိ ပြည်သူများမှာ ယမန်နေ့ (စက်တင်ဘာ ၁ရက်)ကစ၍ စစ်ရှောင်နေရသည်။

“ဒီးမော့ဆို-ဖရူဆို ကားလမ်းမကို လမ်းကင်းယူ – ကားလမ်းအနီး ပတ်ဝန်းကျင်က ကျေးရွာတွေကို နယ်မြေရှင်းပြီး ဖရူဆိုကို ဒိုးဖို့ ပြင်လာပုံရတယ်”ဟု ကရင်နီစစ်ဘက်သတင်ရင်းမြစ်က စစ်တပ်၏ စစ်ကြောင်းထိုးလာမှုအပေါ် ရှင်းပြသည်။

ယနေ့(စက်တင်ဘာ ၂ရက်)နံနက်ပိုင်းတွင် စစ်တပ်စစ်ကြောင်းသည် ပဒုံငံကျေးရွာအတွင်းသို့ ရောက်ရှိလာကြောင်း သိရသည်။

“ဒရုန်းနဲ့ လာကြဲတာ စိပ်လာတယ်။MMRS လည်းသုံးတဲ့အခြေအနေကြုံရတယ်”ဟု ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်ကိုခုခံနေသည့် ရဲဘော်တစ်ဦးက ပြောသည်။

စစ်တပ်က ဒီးမော့ဆိုမြို့နယ်ရှိ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးရာတွင် ဒီးမော့ဆိုအခြေစိုက်တပ်များအပြင် အင်အား ၃၀၀ထက်မနည်း ပူးပေါင်းအသုံးပြုထားကြောင်း အသိပေးသည်။

ကရင်နီဒေသတွင်း စစ်ရေးအရအရေးပါသည့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းစိုးမိုးရေးနှင့် ပိတ်မိနေသည့် ဖရူဆိုမြို့စောင့်တပ်များ စစ်ရေးလှုပ်ရှားနိုင်ရန် စစ်တပ်က ဒီးမော့ဆိုမြို့မှ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

(ဒီးမော့ဆို -ဖရူဆိုလမ်းပိုင်းအနီး ကျေးရွာအချို့မှ ပြည်သူများ စစ်ဘေးရှောင်နေရသည်ကို တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က တင့်ကားတွေပါ အသုံးပြုနေပြီး ကြည်းနဲ့လေ ပူးပေါင်းထိုစစ်ဆင်နေတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနတိုင်း တာ၀န်ခံဗိုလ်လကျာ်က ပြောပါတယ်။

နိုင်ငံတကာ

တရုတ်လုပ် တင့်ကားတွေ ကမ္ဘောဒီးယားဆီ ရောက်ရှိလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်က အလေးအနက် စောင့်ကြည့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသရဲ့ မြို့တော်ဖြစ်တဲ့ ဂါဇာစီးတီးရဲ့ လူနေဧရိယာထဲကို အစ္စရေး တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ ခြေလျင်တပ်တွေ အင်အားအလုံးအရင်း စတင်ဝင်ရောက်နေပြီလို့ သိရပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေမှု စတုတ္ထနေ့အဖြစ် ကမ္ဘာဒီးယားနဲ့ ဆက်လက် တိုက်ခိုက်နေရာမှာ ထိုင်းစစ်တပ်ဟာ တင့်ကားတွေ၊ တိုက်လေယာဉ်တွေကို စစ်ဆင်ရေးအတွက် အသုံးပြုနေကြောင်း သိရပါတယ်။