Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်တွင်စစ်တပ်စစ်ကြောင်းမှထွက်ပြေးလာသည့်စစ်သား ၄ဦးကို လက်နက်များနှင့်အတူ KNLA ဖမ်းမိ

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်တပ်မဟာ (၄)နယ်မြေတွင် ထားဝယ်မှ မေတ္တာမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသော စစ်သား ၄ဦးကို လက်နက်များနှင့်အတူ ဖမ်းမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

ထွက်ပြေးလာသည့် စစ်သား ၄ဦးကို လက်နက်များနှင့်အတူ KNLAဖမ်းမိထားစဉ်။ ဓာတ်ပုံ − KNU - Mergui-Tavoy District

စက်တင်ဘာ− ၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်-ထားဝယ်ခရိုင်တပ်မဟာ (၄)နယ်မြေတွင် ထားဝယ်မှ မေတ္တာမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသော စစ်သား ၄ဦးကို လက်နက်များနှင့်အတူ ဖမ်းမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာ၂ ရက်မနက်ပိုင်းတွင်စစ်ကောင်စီ၏ခလရ (၂၈၂) တပ်ရင်းမှ တပ်သား ၄ဦးကို ထားဝယ်မြို့နယ် ၀ကုန်းရွာအနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)၊ တပ်ရင်း (၁၂)၊ တပ်ခွဲ(၄)မှ ဖမ်းမိခဲ့သည်ဟု ဆိုသည်။

“တိုက်ပွဲထဲမှာ ဖမ်းဆီးလို့ရတာ။ သူတို့ အလင်းဝင်တာမဟုတ်ဘူး။ သူတို့ ထွက်ပြေးပြီးတော့ တိုက်ပွဲထဲမှာဖမ်းမိတဲ့ လေးဦးပေါ့နော်”ဟု KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သားများထံမှ MA1-(၄) လက်၊ ကျည်ဆံ တစ်ထောင်ကျော် သိမ်းရခဲ့ဟု KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများအားKNLA ၏စည်းမျဉ်းစည်းကမ်းနှင့် စစ်မြေ ပြင်စည်းမျဉ်းစည်းကမ်းနှင့်အညီကောင်းမွန်စွာထိန်းသိမ်းပြုစုစောင့် ရှောက်ထားဟု အသိပေးသည်။

“များများထွက်ပြေး လာပြီးပူးပေါင်း။ အဲဒါမှ စစ်အာဏာရှင်လက်က လွတ်မြောက်မှာ” ဟုလည်း KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က စစ်ကောင်စီတပ်တွင်း ကျန်နေသည့် စစ်သားများကို တိုက်တွန်းသည်။

စစ်ကောင်စီတပ်သည် နိုင်ငံတဝန်း လူငယ်များကို နည်းမျိုးစုံဖြင့် လူသစ်စုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်များ၌ အသုံးပြုလျက်ရှိရာ ရှေ့တန်းတွင် စစ်မှုထမ်း တပ်သားသစ်များ သေဆုံးထိခိုက်ခြင်း၊ စစ်တပ်မှ ထွက်ပြေး ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ခြင်းဖြစ်စဉ်များ မကြာခဏ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။