Connect with us

Hi, what are you looking for?

သတင်း

ဝိုင်း‌မော်မြို့ကိုစစ်ကောင်စီ ဗုံးဆက်တိုက်ကြဲ‌နေ၊ဒေသခံများလေကြောင်းအန္တရာယ်ခြိမ်းခြောက်ခံနေရ

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်ရှိလမြန်ကျေးရွာအပါအဝင်ဘေးပတ် ဝန်းကျင်ကျေးရွာများကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ၂ရက်) နံနက်ပိုင်းမှစတင်ကာလေကြောင်းမှမကြာခဏဗုံးကြဲနေ၍ဒေသခံပြည်သူ များ ၏ဘေးအန္တရာယ်စိုးရိမ်စရာဖြစ်နေကြောင်းကချင်အရပ်ဘက်အဖွဲ့အစည်းအချို့က ပြောသည်။

ဝိုင်း‌မော်မြို့နယ် ၊နမ့်ဝါကျေးရွာကို ဩဂုတ် ၃၁ရက် ညနေက စစ်တပ်ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့၍ စစ်ဘေးရှောင် (၇)နှစ်အရွယ်ကလေးငယ်တဦး သေဆုံး၍ နာရေးပြုလုပ်နေစဉ် ဓာတ်ပုံ − CJ

စက်တင်ဘာ−၂၊၂၀၂၅။လူအေး/People’s Spring

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်ရှိလမြန်ကျေးရွာအပါအဝင်ဘေးပတ် ဝန်းကျင်ကျေးရွာများကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ၂ရက်) နံနက်ပိုင်းမှစတင်ကာလေကြောင်းမှမကြာခဏဗုံးကြဲနေ၍ဒေသခံပြည်သူ များ ၏ဘေးအန္တရာယ်စိုးရိမ်စရာဖြစ်နေကြောင်းကချင်အရပ်ဘက်အဖွဲ့အစည်းအချို့က ပြောသည်။

ဝိုင်းမော်မြို့နယ်တွင်ယနေ့ (စက်တင်ဘာ ၂ရက်)နံနက်ကစ၍ လေကြောင်းမှ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“ဗုံးဆက်တိုက်ကြဲနေပါတယ်။နောက်ပြီးကင်းထောက်လေယာဉ်ကမပြတ်ဝဲနေတယ်။ ဒေသခံတွေမှာ နေစရာမရှိဘူး။ အရမ်းကြောက်လန့်နေကြတယ်ရှင့်” ဟု ကချင်အရပ်ဘက်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လမြန်ရွာပတ်ဝန်းကျင်ကိုစစ်ကောင်စီကယနေ့ နံနက်၉နာရီ ၅၂မိနစ်၊ ၁၀နာရီခွဲနှင့် ၁၁နာရီခန့်တို့တွင် လေကြောင်းမှ ဗုံးကြဲခြင်းဖြစ်ပြီး လူထိခိုက်မှုအခြေအ‌နေကို မသိရသေးပေ။

ဝိုင်း‌မော်မြို့နယ်အတွင်းစစ်ရေးပစ်မှတ်မဟုတ်သောအရပ်သားပြည်သူ များအား စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေပြီး အရပ်သားထိခိုက်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

ဝိုင်း‌မော်မြို့နယ်၊နမ့်ဝါကျေးရွာကို ဩဂုတ် ၃၁ရက် ညနေက ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခဲ့၍စစ်ဘေးရှောင်မိသားစုဝင်ငါးဦးဒဏ်ရာရခဲ့ပြီး (၇)နှစ်အရွယ်ကလေးငယ်တဦး သေဆုံးခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်ထိန်းချုပ်ထားသည့် လမြန်ကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ်၂၇ရက်ကစတင် ထိုးစစ်ဆင်လာပြီး တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းတိုက်ပွဲများတွင်စစ်ကောင်စီယာယီတပ်စွဲထားသည့်စခန်းတစ်ခုကို KIA၊KPDFက သိမ်းယူခဲ့ကြောင်းသိရသည်။

လမြန်ရွာပတ်ဝန်းကျင်ကိုလေကြောင်းအပြင်မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်(မပခ)မှနေ၍ လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲပြင်ဆင်နေသည့်အချိန်၌ ပြည်သူလူထုကို ပစ်မှတ်ထား၍ လက်နက်ကြီးများအသုံးပြုပြီး ရမ်းသမ်းပစ်ခတ်မှုများ ပိုမို လုပ်ဆောင်နေသည်ဟု Kachin Human Rights Watch – KHRW က ယမန်နေ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။