Hi, what are you looking for?
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။
ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။
MNDAA နှင့် စစ်ကောင်စီ လားရှိုးမြို့၌ သြဂုတ် ၁၄ ရက်နေ့တွေ့ဆုံဆွေးနွေးမှု အဆင်မပြေဖြစ်ပြီးနောက်ရှမ်းပြည်နယ်မြောက်ပိုင်းအား လေကြောင်းတိုက်ခိုက်နိုင်သည့်သတင်းများ ထွက်ပေါ်နေပြီး ကွတ်ခိုင်၊ နမ့်ဖက်ကာမြို့တို့တွင် စာသင်ကျောင်းများ ပိတ်လိုက်ပြီး ကျောင်းသားများကို ပြန်လွှတ်နေကြောင်းဒေသခံအချို့ကပြောသည်။
ကော်သူးလေအာမီ(KTLA) ခေါင်းဆောင်ဗိုလ်နယ်ဒါးမြကတနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ကလိန်အောင်-နတ်အိမ်တောင် လမ်းကြောင်းရှိ မြန်မာ-ထိုင်းဓာတ်ငွေ့ပိုင်းလိုင်း ဖြတ်သန်းရာ ကီလိုမီတာ ၄၀ ခန့်ကို သိမ်းပိုက်ထိန်းချုပ်ထားကြောင်း ထိုင်းသတင်းဌာနကို ဖြေကြားထားသော်လည်း မြေပြင် တွင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ရှိနေပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိဟု KNLA တပ်မဟာ(၄) သတင်းရင်းမြစ်ကပြောသည်။